News

24-Aug-2017
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့တွင် မြစ်ရေကြီးမှှုကြောင့် ရေဘေးသင့် အိမ်ထောင်စုများကို ကူညီထောက်ပံ့ပစ္စည်းများ ပေးအပ်ရန် လာရောက်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်ထံသို့ မြေယာ ပြဿနာ အများအပြား တင်ပြတိုင်ကြားခဲ့ကြောင်း မြို့နယ်ဒေသခံများက ပြောကြားသည်။
24-Aug-2017
ဧရာဝတီမြစ်ရေ မြင့်တက်လာမှု ကြောင့် မန္တလေးတိုင်းအတွင်းရှိ စာသင်ကျောင်း ၄၅ ကျောင်း ယာယီပိတ်ထားရကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။
23-Aug-2017
မန္တလေးမြို့တော်ရှိ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်) သို့ ယခုနှစ်အတွင်း ပဲကိစ္စဖြင့် ငွေကြေးလိမ်လည်မှု မရှိသေးကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးသက်တင်က ပြောကြားသည်။
23-Aug-2017
မြန်မာအစိုးရနှင့် ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA တို့ ပူးပေါင်းစီစဉ်မှုဖြင့် မန္တလေး တိုင်းအတွင်းရှိ တောင်သူများ လယ်ယာသုံး စက်ပစ္စည်းဝယ်ရန် ကျပ်သန်းငါးထောင် ထုတ်ချေးပေးမည်
22-Aug-2017
ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ပုပ္ပားတောင်နှင့် အနီးတစိုက်ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ၂၀၁၉ ခုနှစ်တွင် ယူနက်စကိုသို့ တင်သွင်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ ပုပ္ပားတောင် ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
19-Aug-2017
တိကျသည့်မူဝါဒများမရှိဘဲ ရာထူးတိုးပေးနေမှုများနှင့် ရာထူးတိုး စာမေးပွဲ ဖြေဆိုခိုင်းခြင်းများကို နည်းပညာတက္ကသိုလ်များရှိ သရုပ်ပြ ဆရာ၊ ဆရာမများက ကန့်ကွက်သည့်အနေနှင့် ဆန္ဒပြသည်အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း နည်းပညာ တက္ကသိုလ် (မန္တလေး) မှ သရုပ်ပြ ဆရာ/ ဆရာမများက ပြောကြားသည်။
18-Aug-2017
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်တွင် ရှိသော သက်တမ်းနှစ် ၂၀ ကျော်ရှိ သီရိမင်္ဂလာဈေးဟောင်းကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ကာ ယင်းနေရာတွင် ဖွင့်လှစ်ထားသည့် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းကို သြဂုတ်လ ၁၇ ရက်က စတင်ပိတ်သိမ်းလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
18-Aug-2017
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပုသိမ်ကြီးမြို့မ ရဲစခန်းမှ ဒုရဲအုပ် သိန်းထက်နိုင် (ယခု ရဲအုပ်) ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားရုံးတွင် တရားစွဲဆို အရေးယူလိုက်ကြောင်း အဆိုပါ ကော်မရှင်က သြဂုတ်လ ၁၇ ရက်၌ ထုတ်ပြန်လိုက်သည်။
17-Aug-2017
မန္တလေးမြို့တော်တွင် တောင်းရမ်းစားသောက်နေသော ကလေးငယ်များ ပပျောက်ရေးအတွက် စီမံချက်ဖြင့် ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း မန္တလးတိုင်း လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။
16-Aug-2017
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်သည့် အမျိုးသားများအနေနှင့် ချစ်ခွင့်ပန်ခွင့်၊ လက်ထပ်ခွင့် တောင်းယူနိုင်ကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည့် ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဩဂုတ်လ ၁၁ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
16-Aug-2017
ကမ္ဘာကျော်ဦးပိန်တံတားတွင် အများပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ လက်ရန်းများ တပ်ဆင်မည်ဟု ဦးပိန်တံတား ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီဝင် တစ်ဦးက ထုတ်ပြန်ခဲ့ရာ ယင်းကိစ္စကိုကန့်ကွက်ကြောင်း နည်းပညာတက္ကသိုလ် (မန္တလေး) ဗိသုကာဌာနမှ ဒေါက်တာ ဇာခြည်မင်းက ပြောကြားသည်။
16-Aug-2017
မန္တလေးမြို့ပေါ် လူစည်ကားရာ နေရာများတွင် တောင်းရမ်းစားသောက်ရန် ကလေးများအား စေခိုင်းသူများကို ဩဂုတ်လ ၁၄ ရက်နေ့က ထောင်ဒဏ် ခြောက်လစီ အမိန့်ချမှတ်လိုက်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနထံမှ သိရသည်။
15-Aug-2017
မန္တလေးမြို့တော် ဧရိယာအတွင်း ယခင်က မြေကွက်ကြီးများကိုသာ မြေဂရန် လျှောက်ထားခွင့်ပြုရာမှ ယခုအခါ စတုရန်းပေ ၁၂၀ဝ အောက် မြေကွက်ငယ်များကိုပါ မြေဂရန် လျှောက်ထားခွင့် ပေးထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှု ဌာနထံမှ သိရသည်။
15-Aug-2017
အစိုးရအနေနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုအပ်သည့်နေရာများကို ဦးစားပေး ဆောင်ရွက်ရသောကြောင့် ကျောင်းဆောင်သစ်များ ဆောက်လုပ်နိုင်ရန် အလှူရှင်များကိုသာ အားထားနေရကြောင်း မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
13-Aug-2017
မန္တလေးမြို့တော်ရှိ လူသွားလူလာ များသည့်နေရာများ၌ တောင်းရမ်းလျက်ရှိသည့် ကလေးငယ်များကို ရှောင်တခင် ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။