News

27-Aug-2017
သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ်တစ်လ ကျခံနေရသည့် ရုရှားနိုင်ငံသူကို ဗီဇာစည်းကမ်း ချိုးဖောက်မှုဖြင့် ညောင်ဦးမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ခြောက်လ ထပ်မံ ကျခံစေရန် ဩဂုတ်လ ၂၅ ရက်နေ့က အမိန့်ချမှတ်ခဲ့ကြောင်း ယင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနထံမှ သိရသည်။
27-Aug-2017
ဗန်းမော်-လွယ်ဂျယ် နယ်စပ်ဝင်ပေါက် ပိတ်လိုက်ခြင်းကြောင့် ဩဂုတ်လ တတိယပတ်ကစ၍ ဆန်ဈေးကွက်အတွင်း အရောင်းအဝယ် ရပ်ဆိုင်းလုနီးပါးဖြစ်နေကြောင်း မန္တလေး ဆန်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်က ပြောကြားသည်။
27-Aug-2017
မန္တလေးတိုင်းအတွင်းသို့ ယခုနှစ်တွင် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု မြင့်တက်လာနိုင်ကြောင်း မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။
26-Aug-2017
မိုးဆက်တိုက် ရွာသွန်းမှုများကြောင့် မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီး တမံအတွင်းသို့ ဝင်ရောက်လာသည့် ရေ ပမာဏ မြင့်တက်ခဲ့ရာ ဩဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီကျော်ကစ၍ ရေဧက ပေ လေးသောင်းကျော် ဖောက်ထုတ်ခဲ့ရကြောင်း မန္တလေးတိုင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဆည်တော်ကြီး(ဌာနခွဲ) ထံမှ သိရသည်။
26-Aug-2017
မိုးဆက်တိုက် ရွာသွန်းမှုများကြောင့် မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီး တမံအတွင်းသို့ ဝင်ရောက်လာသည့် ရေ ပမာဏ မြင့်တက်ခဲ့ရာ ဩဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီကျော်ကစ၍ ရေဧက ပေ လေးသောင်းကျော် ဖောက်ထုတ်ခဲ့ရကြောင်း မန္တလေးတိုင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဆည်တော်ကြီး(ဌာနခွဲ) ထံမှ သိရသည်။
25-Aug-2017
မန္တလေးခရိုင် ဆောက်လုပ်ရေးဦးစီးဌာနမှူးရုံးခန်း အတွင်းမှ မီးခံသေတ္တာအတွင်း သိမ်းဆည်းထားသည့် ရွှေနှင့် ငွေ၊ စုစုပေါင်း ကျပ် ၄၅၅ သိန်းခန့်ကို ခိုးယူခံခဲ့ရကြောင်း အမှတ်(၃) နယ်မြေရဲစခန်းထံမှ သိရသည်။
24-Aug-2017
မန္တလေးမြို့တော် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကိစ္စရပ်များအတွက် အငြိမ်းစား ရဲအရာရှိကြီးများထံမှ အကြံဉာဏ်များ ရယူလုပ်ဆောင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းလွှတ်တော် လုံခြုံရေးနှင့် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
24-Aug-2017
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့တွင် မြစ်ရေကြီးမှှုကြောင့် ရေဘေးသင့် အိမ်ထောင်စုများကို ကူညီထောက်ပံ့ပစ္စည်းများ ပေးအပ်ရန် လာရောက်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်ထံသို့ မြေယာ ပြဿနာ အများအပြား တင်ပြတိုင်ကြားခဲ့ကြောင်း မြို့နယ်ဒေသခံများက ပြောကြားသည်။
24-Aug-2017
ဧရာဝတီမြစ်ရေ မြင့်တက်လာမှု ကြောင့် မန္တလေးတိုင်းအတွင်းရှိ စာသင်ကျောင်း ၄၅ ကျောင်း ယာယီပိတ်ထားရကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။
23-Aug-2017
မန္တလေးမြို့တော်ရှိ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်) သို့ ယခုနှစ်အတွင်း ပဲကိစ္စဖြင့် ငွေကြေးလိမ်လည်မှု မရှိသေးကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးသက်တင်က ပြောကြားသည်။
23-Aug-2017
မြန်မာအစိုးရနှင့် ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA တို့ ပူးပေါင်းစီစဉ်မှုဖြင့် မန္တလေး တိုင်းအတွင်းရှိ တောင်သူများ လယ်ယာသုံး စက်ပစ္စည်းဝယ်ရန် ကျပ်သန်းငါးထောင် ထုတ်ချေးပေးမည်
22-Aug-2017
ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ပုပ္ပားတောင်နှင့် အနီးတစိုက်ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ၂၀၁၉ ခုနှစ်တွင် ယူနက်စကိုသို့ တင်သွင်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ ပုပ္ပားတောင် ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
19-Aug-2017
တိကျသည့်မူဝါဒများမရှိဘဲ ရာထူးတိုးပေးနေမှုများနှင့် ရာထူးတိုး စာမေးပွဲ ဖြေဆိုခိုင်းခြင်းများကို နည်းပညာတက္ကသိုလ်များရှိ သရုပ်ပြ ဆရာ၊ ဆရာမများက ကန့်ကွက်သည့်အနေနှင့် ဆန္ဒပြသည်အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း နည်းပညာ တက္ကသိုလ် (မန္တလေး) မှ သရုပ်ပြ ဆရာ/ ဆရာမများက ပြောကြားသည်။
18-Aug-2017
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်တွင် ရှိသော သက်တမ်းနှစ် ၂၀ ကျော်ရှိ သီရိမင်္ဂလာဈေးဟောင်းကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ကာ ယင်းနေရာတွင် ဖွင့်လှစ်ထားသည့် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းကို သြဂုတ်လ ၁၇ ရက်က စတင်ပိတ်သိမ်းလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
18-Aug-2017
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပုသိမ်ကြီးမြို့မ ရဲစခန်းမှ ဒုရဲအုပ် သိန်းထက်နိုင် (ယခု ရဲအုပ်) ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားရုံးတွင် တရားစွဲဆို အရေးယူလိုက်ကြောင်း အဆိုပါ ကော်မရှင်က သြဂုတ်လ ၁၇ ရက်၌ ထုတ်ပြန်လိုက်သည်။