News

17-Sep-2017
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောကြားမှုကို မန္တလေးမြို့ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းတွင် LED ဘုတ်ဖြင့် ပြသည်မည်ဖြစ်ပြီး မြန်မာဘာသာပြန်လည်း ထည့်သွင်းပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
16-Sep-2017
မြန်မာနိုင်ငံရှိ အကျဉ်းစခန်း (ရဲဘက်) များမှနေ၍ ၂၀၁၈ ခုနှစ်အတွင်း တစ်လလျှင် အကျဉ်းသား ၄၀ ဦးခန့် ထွက်ပြေးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနထံမှ သိရသည်။
14-Sep-2017
မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အရှေ့ဘက်မုခ် ၈၁ လမ်းပေါ်တွင် ရှိနေသည့် ဆိုင်ခန်းများအနက် လမ်းမပေ ကျူးကျော်ရောင်းချနေမှုများကို ယခုလအတွင်း ဖယ်ရှားသွားမည် ဖြစ်ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ထံမှ သိရ သည်။
12-Sep-2017
ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းပေါ်၌ စက်တင်ဘာလ ၁၁ ရက်နေ့ ညက ဓားရှည်တစ်ချောင်းကိုင်ကာ မူးယစ်ရမ်းကားခဲ့သူကို လက်နက်ပုဒ်မဖြင့် တရားရုံးစွဲတင်ရန် စီစဉ်နေကြောင်း အောင်ပင်လယ် နယ်မြေရဲစခန်းထံမှ သိရသည်။
12-Sep-2017
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ကို နိုင်ငံပိုင် ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
10-Sep-2017
မန္တလေးတိုင်းအတွင်း၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသည့် လူနာအရေအတွက် တစ်လအတွင်း လေးရာကျော် ထပ်တိုးလာကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
09-Sep-2017
မန္တလေးမြို့ရှိ ကြက်ဥ ကြက်သားထုတ်လုပ်သူများက အပတ်စဉ် စနေနေ့တိုင်း စားသုံးသူများထံ တိုက်ရိုက် ရောင်းချပေးမည့် အစီအစဉ်ကို စက်တင်ဘာလ ၉ ရက်နေ့က စတင်လိုက်သည်။
07-Sep-2017
မန္တလေးတောင် ကေဘယ်လ်ကား စီမံကိန်းကို ကန့်ကွက်သည့်အနေနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ စုပေါင်းကာ တိုင်းအစိုးရအဖွဲ့ထံ တင်ပြရန် စီစဉ်နေကြောင်း မန္တလေးမြို့ခံ အရပ်ဘက်အဖွဲ့အစည်းအချို့ထံမှ သိရသည်။
05-Sep-2017
လက်ရှိ မြို့မအသင်းကို ဦးဆောင်နေသော နာယကများနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ တာဝန်ယူနေစဉ် ကာလတစ်လျှောက် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ တေးသီချင်း၊ စာသား၊ သံစဉ်များကို သီဆိုဖျော်ဖြေတီးမှုတ်ခြင်း မပြုရန် စက်တင်ဘာလ ၅ ရက်နေ့တွင် မြို့မငြိမ်း၏ မိသားစုဝင်များက တားမြစ်လိုက်သည်။
05-Sep-2017
ပုသိမ်ကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်း ဒသမတန်း (စီ) တွင် ပညာသင်ယူနေသော ကျောင်းသားတစ်ဦးက အတန်းပိုင် ဆရာမရှေ့တွင် ရူပဗေဒဘာသာရပ်သင်ဆရာမကို ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက လက်သီးဖြင့် ထိုးခဲ့ကြောင်း ယင်းကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသား ကျောင်းသူ အသိုင်းအဝိုင်းထံမှ သိရသည်။
05-Sep-2017
မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများ၏ နေ့စဉ် ကျွေးမွေးစရိတ်များကို လာမည့်နှစ် ဇန်နဝါရီလကစ၍ ယခင်ထက် နှစ်ဆခန့် တိုးမြှင့်ကျွေးမွေးမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အကျဉ်းဦးစီးဌာနထံမှ သိရသည်။
03-Sep-2017
မန္တလေး တက္ကသိုလ်တွင် ပညာသင်ယူနေသော ဘွဲ့ကြိုကျောင်းသားများအတွက် ရည်ရွယ်သည့် အလုပ်အကိုင်ပြပွဲတစ်ရပ် အဆိုပါ တက္ကသိုလ်၌ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
02-Sep-2017
မန္တလေးခရိုင်ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနထံမှ သိရသည်။
01-Sep-2017
မန္တလေးတိုင်းအတွင်း လက်ရှိ ဘဏ္ဍာနှစ်၏ အရအသုံးမှန်ခြေစာရင်းမှ ဖြတ်တောက်ခဲ့သော ကျပ်သန်း ၇၀ဝ၀ ကျော် ကို ကျေးလက်မီးလင်းရေးနှင့် ရေရရှိရေး လုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုမည် ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောကြားသည်။
01-Sep-2017
ညောင်ဦးလေဆိပ်ကို နိုင်ငံတကာ လေယာဉ်ကြီးများ ဆိုက်ရောက်နိုင်သည့် နိုင်ငံတကာအဆင့်မီလေဆိပ် ဖြစ်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။