News

မန္တလေးမြို့အတွင်း လူစည်ကားရာနေရာများတွင် တောင်းရမ်းစားသောက်သူများကို စက်တင်ဘာလ ၂၀ ရက်နေ့က စ၍ ရှောင်တခင်ဖမ်းဆီးလျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
မန္တလေးတက္ကသိုလ်၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပထမနှစ်သင်တန်းသို့ ဝင်ခွင့်လျှောက်ထားခဲ့ပြီး မရရှိသူများအနေနှင့် ထပ်မံလျှောက်ထားနိုင်ကြောင်း အဆိုပါတက္ကသိုလ်မှ သိရသည်။
မန္တလေးမြို့ ရတနာပုံတက္ကသိုလ် အလယ်ဝင်ပေါက် အုတ်တံတိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် NLD ပါတီကို ဆဲဆိုထားသည့်စာသားများ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက မှုတ်ဆေးဖြင့် ရေးသားမှုဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ယင်းတက္ကသိုလ်တာဝန်ရှိသူများထံမှ သိရသည်။
ရွှေဈေး စံချိန်တင်မြင့်တက်လာသောကြောင့် ရွှေဆိုင်များတွင် အရောင်းအဝယ်ရပ်ဆိုင်းလုနီးပါး ဖြစ်သွားကြောင်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
21-Sep-2018 tagged as မန္တလေး အလှူခံ
မန္တလေးတိုင်းအတွင်း ခွင့်ပြုချက်မရှိဘဲ အလှူခံနေသည့် ရဟန်းသံဃာတော်များကို ပူးပေါင်းအဖွဲ့ဖြင့် ဖော်ထုတ်အရေးယူနိုင်ရန် စီမံချက်ရေးဆွဲထားကြောင်း မန္တလေးတိုင်း သာသနာရေး ဦးစီးဌာနထံမှ သိရသည်။
မြစ်သားမြို့နယ် ကူမဲမြို့မှ အမှုသည်လင်မယားကို ရဲတပ်ဖွဲ့က လာရောက်ဆင့်ဆိုခေါ်ဆောင်ရာတွင် အင်အား ၁၂ ဦးခန့်ဖြင့် ရိုက်နှက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း ယင်းအမှုသည်လင်မယားနှစ်ဦးက မီဒီယာစင်တာမန္တလေးတွင် စက်တင်ဘာလ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြောဆိုသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ ဌာန ၁၄ ခု အနက် အချို့ဌာနများသို့ လူကိုယ်တိုင်သွားရန်မလိုဘဲ အွန်လိုင်းမှလုပ်ဆောင်နိုင်ရေး စီစဉ်နေကြောင်း ယင်းကော်မတီဝင်များက ပြောကြားသည်။
မန္တလေးတိုင်းအတွင်း ခွင့်ပြုချက်မဲ့ ငါး၊ ပုစွန်မွေးမြူရေးလုပ်ကိုင်နေသူများ ဒဏ်ကြေးများပေးဆောင်ရန် ညွှန်ကြားထားသော်လည်း ငါးလကျော်ကြာသည်အထိ ဒဏ်ကြေးပေးဆောင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။
17-Sep-2018 tagged as ဈေးကွက် ဝါ
ပြည်တွင်းဈေးကွက်တွင် ဝါဈေးနှုန်းများ မြင့်တက်ကောင်းမွန်လျက်ရှိရာ လက်ရှိအချိန်၌ ဝါတစ်ပိဿာလျှင် ၁၆၀၀ ကျပ်ဖြင့် အမြင့်ဆုံးဈေးရနေသည်ဟု ဝါစိုက်တောင်သူအချို့ထံမှ သိရသည်။
17-Sep-2018 tagged as
မန္တလေးမြို့၌ နှစ်ပေါင်း ၄၀ နီးပါး တစ်လမ်းမောင်းအဖြစ် သတ်မှတ်ခဲ့သော လမ်းမကြီးခုနစ်ခုကို နှစ်လမ်းသွားလမ်းများအဖြစ် ပြန်လည်သတ်မှတ်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
17-Sep-2018 tagged as မန္တလေး လက်ဖက်
မြန်မာနိုင်ငံရှိ လက်ဖက်စိုက်တောင်သူများ၏ ဒေသမျိုးရင်းလက်ဖက်ထွက်ကုန်များကို ဥရောပဈေးကွက်သို့ ပို့ဆောင်နိုင်ရန် ကူညီပေးမည်ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Helvetas အဖွဲ့ထံမှ သိရသည်။
မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ခုနစ်ချက်ကျေးရွာမှ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦးသည် စက်တင်ဘာလ ၁၅ ရက်ညနေပိုင်းက မီးဖိုတဲတွင် ထမင်းအိုးတည်ခဲ့ပြီး ဓမ္မာရုံ၌ကျင်းပသည့် လျှပ်စစ်မီးရရှိရေး အစည်းအဝေးသွားနေစဉ် မီးဖိုတဲနှင့် လူနေအိမ်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ရွာခံများထံမှ စုံစမ်းသိရှိရသည်။
အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်အနီး ထန်းတောရပ်ကွက်ရှိ အဆောင်များတွင်နေထိုင်သော တက္ကသိုလ်ကျောင်းသားနှစ်ဦးထံမှ မူးယစ်ဆေးဝါးများ စက်တင်ဘာလ ၁၄ ရက်နေ့ညက ဖမ်းမိခဲ့ကြောင်း အမရပူရမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
13-Sep-2018 tagged as မိုးကုတ်
မန္တလေးတိုင်း မိုးကုတ်မြို့သို့ ပြည်ပခရီးသွားများသွားရောက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန ထောက်ခံချက်မလိုဘဲ လွတ်လပ်စွာသွားလာနိုင်ပြီဖြစ်ကြောင်း မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။
13-Sep-2018 tagged as စည်ပင် မန္တလေး
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ ဝန်ထမ်းတစ်ဦးသည် ပေးအပ်ထားသည့်တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခဲ့သောကြောင့် အလုပ်မှထုတ်ပယ်လိုက်ကြောင်း ယင်းအမှုကိုစစ်ဆေးသည့် စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းမြင့်က ပြောကြားသည်။