News

မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်းအတွင်းမှ ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းအချောထည်အိတ်ကို ဂျာနယ်လက်ပွေ့ရောင်းသူ တစ်ဦးသည် ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ကောက်ရခဲ့ပြီး ပိုင်ရှင်ထံပြန်အပ်ခဲ့ရာ ပစ္စည်းကျပျောက်ခဲ့သည့် ကျောက်ရောင်း ဝယ်သူက ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျပ်နှစ်သိန်းနှင့် လက်ဆောင်ပစ္စည်းများ ပြန်လည်ဂုဏ်ပြုပေးအပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် တွေ့ရှိထားသော မြန်မာနိုင်ငံ၏ အရှည်ဆုံး ကျောက်ဖြစ်ရုပ်ကြွင်းအင်ကြင်းကျောက် ပြည်ပနိုင်ငံများသို့ ခိုးယူရောင်းချခြင်း မပြုလုပ်နိုင်ရန် စောင့်ကြပ်ကြည့်ရှုနေရကြောင်း ပုပ္ပားတောင်ချစ်သူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးတိုးက ပြောကြားသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ဂရန်လျှောက်ထားသူများအနက် မြေစလစ်အတုများ ပါဝင်နေခြင်းကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။
နိုင်ငံတကာ ကျောက်မျက်ပြပွဲတစ်ခုကို မန္တလေးမြို့တော်၌ ၂၀၁၉ ခုနှစ်အတွင်း ကျင်းပနိုင်ရန်ပြင်ဆင်လျက်ရှိကြောင်း ရတနာမောလ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဦးသိန်းဝင်းက ပြောကြားသည်။
18-Jul-2018 tagged as မန္တလေး FDA
မန္တလေးဈေးချိုတော်ကို မြန်မာနိုင်ငံ၏ ပထမဆုံးသော ခွင့်မပြုဓာတုဆိုး ဆေးကင်းစင်သောဈေးအဖြစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကြေညာမည်ဖြစ်ကြောင်း အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန (မန္တလေး)၊ ဒုတိယ ညွန်ကြားရေးမှူး ဒေါက်တာကျော်ကျော်က ပြောကြားသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိပြီး သဲကျောက်ဖြင့်တည်ဆောက်ထားသည့် နန်းဘုရားကို ဂျာမနီနိုင်ငံမှပညာရှင်များ ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်နိုင်ရန် ကွင်းဆင်းသုတေသန ပြုလုပ်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) လက်ထောက်ညွန်ကြားရေးမှူး ဦးကြည်လင်က ပြောကြားသည်။
မိတ္ထီလာမြို့နယ် အောင်ဆန်းမြို့သစ်ရပ်၌ ငါးရက်တစ်ကြိမ်ပြုလုပ်သော နွားပွဲဈေးသို့ ဆိတ်အဝင်များသော်လည်း ဈေးတက်နေကြောင်း မွေးမြူရေးသမားများ၊ အသားလုပ်ငန်း လုပ်ကိုင်သူများနှင့် ဒေသခံတောင်သူများထံမှ စုံစမ်းသိရှိရသည်။
မန္တလေးတက္ကသိုလ်၌ ဩဂုတ်လအတွင်း ကျင်းပမည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားဝိုင်းဆွေးနွေးရန် တက္ကသိုလ်ကျောင်းသားလူငယ် ၂၀ ဦးကို ရွေးချယ်ထားပြီးဖြစ်ကြောင်း ယင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောကြားသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် ဦးကျော်မျိုးရွှေကို လာမည့် ဇူလိုင်လ ၂၅ ရက်နေ့ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ်တရားရုံး သတင်းနှင့် ပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောကြားသည်။
တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည့် တရုတ်-အာဆီယံ ဓာတ်သတ္တုနှင့် ကျောက်စိမ်း ကျောက်မျက်ကုန်စည်ပြပွဲသို့ မြန်မာ့ကျောက်စိမ်း အချောထည်များ ပြသရန် တရုတ်ဓာတ်သတ္တုအဖွဲ့က ကမ်းလှမ်းသွားခဲ့သည်။
မန္တလေးစက်မှုဇုန်ရှိ အင်ပါယာတစ်ရှူးစက်ရုံမှ အလုပ်ရှင်နှင့်အလုပ်သမားများအကြား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ပြန်လည်ချုပ်ဆိုရန် ညှိနှိုင်းမှုပြေလည်သွားပြီဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများထံမှ သိရသည်။
ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိနေသော ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူများစာရင်းကို ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ကျေးရွာများ၌ ဇူလိုင်လ ၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကပ်ထားမည်ဖြစ်ရာ ယင်းမဲစာရင်းများကို လူဦးရေ ၁၀၀ ကျော်ဖြင့် လေ့လာစောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လုပ်ရှားမှုအဖွဲ့ (PACE) အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။
15-Jul-2018 tagged as ဟိုတယ်
ရန်ကုန်မြို့တော် ဗိုလ်တထောင် မြို့နယ်အတွင်း ဖွင့်လှစ်ထားသော Orchid ဟိုတယ်ကို ယခုနှစ်ကုန်ပိုင်းတွင်ပိတ် မည်ဟု ယင်းဟိုတယ်လုပ်ငန်းရှင် ဦးဌေး အောင်က ပြောကြားသည်။
14-Jul-2018 tagged as မန္တလေး
ပြည်ပနိုင်ငံများသို့ အလည်အပတ် ခရီးစဉ်များကို ဝန်ဆောင်မှုပေးနေသော ရန်ကုန်အခြေစိုက် ခရီးသွား ကုမ္ပဏီတစ်ခုက ဝန်ဆောင်မှု အားနည်းခဲ့မှုအတွက် အမေရိကန်ဒေါ်လာ ၆၀၀ ပေးလျော်ခဲ့ရသည်။