News

POST SECTION

LOCALNEWS

15-Mar-2018
ပခုက္ကူကျောင်းသားသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုသက်မောင်မောင်က ကျောင်းသားသမဂ္ဂတာဝန်ကနေ နှုတ်ထွက်ဖို့ ခံဝန်ချက်လက်မှတ်ထိုးရမှာကို ငြင်းဆန်ခဲ့တာကြောင့် မိဘတွေနဲ့အတူ တပ်ထဲမှာ နေထိုင်ခွင့်မရတော့တာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
15-Mar-2018
နိုင်ငံတော်အစိုးရကို ဆန့်ကျင်တဲ့ သပိတ်စခန်းဖွင့်လှစ်ရာမှာ ပါဝင်ကြောင်း သက်သေမပြနိုင်ဘဲ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတာဖြစ်တယ်လို့ ဦးကျော်မျိုးရွှေက ပြောပါတယ်။
15-Mar-2018
သုံးဆယ်မြို့မှာ ပြောင်းလဲထားတဲ့ တစ်လမ်းမောင်းစနစ်တွေကို မလိုက်နာရင် ဥပဒေအရ အရေးယူသွားမယ်လို့ သာယာဝတီ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆန်းအောင်က ပြောပါတယ်။ စက်ဘီး၊ ဆိုင်ကယ်နဲ့ ကားတွေ စနစ်တကျ သွားလာရပ်နားနိုင်ဖို့ တစ်လမ်းမောင်းစနစ်ကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
14-Mar-2018
ဖမ်းဆီးခံထားရတဲ့ သတင်းသမားနှစ်ဦး ပြန်လွှတ်ပေးဖို့အတွက် မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီနဲ့ ပုသိမ်အခြေစိုက် သတင်းသမားတွေက ဒီနေ့ ပုသိမ်မြို့မှာ ဆန္ဒဖေါ်ထုတ်ခဲ့ကြပါတယ်။
14-Mar-2018
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှ တောင်သူ ၂၀ ခန့်က သိမ်းဆည်းခံလယ်မြေဧက ၄၅၀ ပြန်ပေးဖို့အတွက် အစိုးရအဖွဲ့ကို ဖေဖော်ဝါရီလ ပထမပတ်မှာ တင်ပြတောင်းဆိုထားတယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။
14-Mar-2018
ရန်ကုန်မြို့ ဒဂုံမြို့သစ် မြောက်ပိုင်း ပင်လုံရင်ပြင်မှာ (၁၀၃) နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အနေနှင့် ဗိုလ်ချုပ်ကြေးရုပ်ထု ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပြီး သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက မြန်မာဝတ်စုံဝတ် ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌပုံ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုတွေ ထုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
14-Mar-2018
ဧရာဝတီတိုင်းဒေသကြီး ဘတ်ဂျက် ပိုလျှံငွေ သိန်း ၉ ရာခန့်နဲ့ ပုသိမ်မြို့ရဲ့ ဈေးချောင်း ချောင်းကို ပြန်လည်တူးဖော်နေပြီး ဖြစ်ပါတယ်။
14-Mar-2018
ဧရာဝတီတိုင်းဒေသကြီး ဘတ်ဂျက် ပိုလျှံငွေ သိန်း ၉ ရာခန့်နဲ့ ပုသိမ်မြို့ရဲ့ ဈေးချောင်း ချောင်းကို ပြန်လည်တူးဖော်နေပြီး ဖြစ်ပါတယ်။
14-Mar-2018
တိုက်ကြီးမြို့နယ်မှာ တောဆင်ရိုင်းတွေ ကျေးရွာတွေထဲကိုဝင်ရောက်ပြီး နေအိမ်တွေ သီးပင်စားပင်တွေ ဖျက်ဆီးနေတာကြောင့် မြိုင်ဟေဝန်ဆင်စခန်းက ဆင်တွေနဲ့ လိုက်လံခြောက်မောင်းနေရတယ်လို့ အဲဒီစခန်းက ဆင်ဦးစီးက ပြောပါတယ်။
14-Mar-2018
ဖေဖော်ဝါရီလ ၁၄ ရက် ချစ်သူများနေ့မှာ ပုသိမ်မြို့ရဲ့တည်းခိုခန်းတွေကို ရဲတပ်ဖွဲ့က တရားဝင်လိုင်စင် ရှိ မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြပါတယ်။
14-Mar-2018
မန္တလေး ကျုံးပတ်လည်က လက်ရန်အဟောင်းတွေကို စတီးလက်ရန်းတွေနဲ့ ပြောင်းလဲတပ်ဆင်သွားမယ်လို့ မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။
14-Mar-2018
မြန်မာ-အိန္ဒိယနယ်စပ်ရဲ့ အဓိက ဈေးဖြစ်တဲ့ နန်းဖာလုံဈေးမီးလောင်မှုကြောင့် ဆိုင်ခန်း ၆၀ ပျက်စီးခဲ့ပြီး ကျပ်သိန်း တစ်သောင်းခုနှစ်ထောင်ခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၇ ရက် ည ၉ နာရီခွဲခန့်မှာ နန်းဖာလုံဈေး မီးလောင်ခဲ့တာဖြစ်ပြီး ၇ နာရီကြာ လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို သတင်းထောက် ငြိမ်းသူမင်းက ရိုက်ကူးထားတာပါ။
14-Mar-2018
ကိုရီးယားနိုင်ငံက မြန်မာလုပ်သား နှစ်ဆခွဲကျော် တိုးခေါ်ဖို့ရှိနေတာကြောင့် မတ်လ ၁၂ ရက်ကစပြီး ကိုရီးယားအလုပ်အကိုင် လျှောက်လွှာရောင်းတဲ့ မြောက်ဒဂုံက အလုပ်သမားရုံးမှာ လူတွေ တိုးဝှေ့နေကြပါတယ်။
11-Mar-2018
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အဖွဲ့အစည်းပေါင်း ၅၀ ကျော်ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲကို မတ်လ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။
07-Mar-2018
မြို့မ တူရိယာအသင်းအနေနဲ့ ဒီနှစ်သင်္ကြန်မှာ အသင်းနှစ်ဖွဲ့ခွဲပြီး ကားနဲ့လှည့်လည်ဖျော်ဖြေမယ့်အပြင် မြို့တော်မဏ္ဍပ်မှာပါ ဖျော်ဖြေမယ်လို့ သိရပါတယ်။