News

11-Feb-2019
ပြည်တွင်းနာမည်ကြီး စားသောက်ဆိုင်လုပ်ငန်းတစ်ခုဖြစ်သည့် YKKO ကြေးအိုးလုပ်ငန်းကို မြန်မာ့ထိပ်တန်းလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသိမ်းဝေ (Mr. Serge Pun) ဦးဆောင်သည့် Yoma Strategic ကုမ္ပဏီက ဝယ်ယူလိုက်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။
10-Feb-2019
ရန်ကင်းအိမ်ရာတည်ဆောက်ရေးစီမံကိန်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ဂျပန်အစိုးရတို့ ပူးပေါင်းတည်ဆောက်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက ပြောကြားသည်။
10-Feb-2019
လွိုင်ကော်မြို့ ကန္ဒဟေဝန်ပန်းခြံ၌စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ဖယ်ရှားပေးရန်တောင်းဆိုနေသည့် တိုးတက်သော ကရင်နီလူငယ်အင်အားစုသည် လွိုင်ကော်မြို့ရှိ ဟစ်တိုင်း၌ ဆန္ဒဖော်ထုတ်ခွင့်ရရှိသွားပြီဖြစ်သည်။
10-Feb-2019
တာချီလိတ်မြို့ မြို့ပတ်လမ်းဆုံတွင် ဖေဖော်ဝါရီ ၉ ရက် ည ၉ နာရီခန့်က အမျိုးသားတစ်ဦးထံမှ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများအပါအဝင် ဆက်စပ်ပစ္ဏည်းများနှင့် နိုင်ငံခြားငွေစက္ကူမျိုးစုံတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
10-Feb-2019
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး စတစ်ကာကမ်ပိန်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ အရပ်ဖက်အဖွဲ့အစည်းများဦးဆောင်၍ ပြုလုပ်ခဲ့ကြောင်း တမူးလူငယ်ကွန်ရက်ထံမှ သိရသည်။
10-Feb-2019
ထိုင်းနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနက ပြုလုပ်မည့် THAIFEX – World of Food Asia 2019 တွင် အခမဲ့ပါဝင်ပြသနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။
10-Feb-2019
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် သုတေသနရန်ပုံငွေ ကျပ်သန်းသုံးထောင် သုံးစွဲမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
10-Feb-2019
ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၄ နှစ်မြောက် မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စတုဒိသာထမင်းကျွေးမွေး၍ ရှေးခေတ်ပိုက်ဆံများကိုလည်း ဝေမည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။
10-Feb-2019
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၉ ရက်နေ့က ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံရွာသား ၅၀ဝ ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျောက်မဲမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ခိုလှုံနေရကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ စုံစမ်းသိရှိရသည်။
10-Feb-2019
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံးတွင် ကျင်းပမည့် NightFest ပွဲတော်ကို အများပြည်သူ၏ ဝေဖန်မှုအများအပြားရှိခြင်းကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ပွဲစီစဉ်သူများက ထုတ်ပြန်သည်။
10-Feb-2019
လာမည့် မတ်လ ၃၁ ရက်တွင်ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲတွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ ဖြင့် နေထိုင်သူများသာ မဲပေးခွင့်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်ကThe Voice သတင်းစာသို့ ပြောကြားသည်။
09-Feb-2019
ဒဂုံဆိပ်ကမ်းမြို့နယ် ၆၀ ရပ်ကွက် ရွှေဆောင်းတော်လမ်းတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၇ နာရီခွဲက အမျိုးသားနှစ်ဦး အရက်အတူသောက်စားရာမှ စကားများရန်ဖြစ်ကာ အသက် ၄၇ နှစ် အမျိုးသားမှာ ဓားဖြင့်ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
09-Feb-2019
ကော်ဖီကြိတ်ခွဲထုတ်လုပ်ခြင်းသင်တန်းကို မတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့၊ အင်းယားလမ်းရှိ စိမ်းလန်းစိုပြေဥယျာဉ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရသည်။
09-Feb-2019
ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်နဝင်းရေလှောင်တမံကျိုးပေါက်သည်ဟု ဖေဖော်ဝါရီလ ၈ ရက် နေ့ နံနက်ပိုင်းကစတင်ကာ သတင်းများထွက်ပေါ်နေခြင်းသည် ကောလာဟလသာဖြစ်ကြောင်း ပြည်ခရိုင် ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဦးက ပြောကြားသည်။
08-Feb-2019
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များကို ဇမ္မူသီရိခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီမှ စတင်၍ သီးခြားစီတွေ့ဆုံမည်ဖြစ်သည်။