News

20-Jun-2017
ခုတင်နှစ်ထောင်ဆေးရုံအဖြစ် တိုးချဲ့ထားသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်နေသည့် အောက်ခြေဝန်ထမ်းများကို ကန်ထရိုက်စနစ် ငှားရမ်းမှု အပါအဝင် နေ့စား လပေး ဝန်ထမ်းပုံစံဖြင့် လူဦးရေ ၅၀ဝ ခန့်အထိ ခန့်အပ်မည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောကြားသည်။
19-Jun-2017
ရန်ကုန်တိုင်းဒေသကြီးတွင် အငှားအိမ်ရာ တည်ဆောက်မှုစီမံကိန်းကို ယခုနှစ် ဇူလိုင်လတွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
19-Jun-2017
အဆင့်မြင့်ပညာကဏ္ဍ တိုးတက်ရေး၊ ဆရာများ၏ ရပိုင်ခွင့်များ အပြည့်အဝ ရရှိရေး လွှတ်တော်၊ အစိုးရ၊ တက္ကသိုလ် ပါချုပ်များနှင့်ပူးပေါင်း၍ တက္ကသိုလ်ဆရာများ ကိုယ်စားပြု ကော်မတီက ကဏ္ဍငါးခု လုပ်ဆောင်မည် ဖြစ်သည်။
18-Jun-2017
လှည်းကူးမြို့နယ် စခမ်းကြီးကျေးရွာအုပ်စု၊ အမြန်လမ်းမှ ကျူးကျော်တဲ အလုံးရေ ၄၀ဝ၀ ခန့် ရှင်းလင်းခဲ့ပြီး ရွှေ့ပြောင်းခြင်း မပြုဘဲ နေထိုင်လျက်ရှိသည့် ကျူးကျော်များကို ရှင်းလင်း ဖယ်ရှားသွားမည်
18-Jun-2017
နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)စာအုပ် ပြုလုပ်ရာတွင် နည်းပညာ လုံခြုံရေးအဆင့် မြှင့်သည့်အနေနှင့် သူငယ်အိမ် ဓာတ်ပုံမှတ်တမ်း (Iris Capture) ရယူခြင်းကို ယခုနှစ်အတွင်း စတင် လုပ်ဆောင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးထံမှ သိရသည်။
18-Jun-2017
အဆောင်နေ အမျိုးသမီးတစ်ဦးကို ဘေးခန်းတွင်နေထိုင်သူ အဆောင်နေ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ဓားထောက်ကာ သားမယား ပြုကျင့်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
18-Jun-2017
လှည်းကူးမြို့နယ် အမြန်လမ်းရှိ ဖယ်ရှားခံ ကျူးကျော်များ ဇွန်လ ၁၅ ရက်မှစ၍ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ရာ ဇွန်လ ၂၅ ရက်တွင် နေပြည်တော်သို့ ရောက်ရှိမည် ဖြစ်ကြောင်း ဆန္ဒပြ လမ်းလျှောက်သူများထံမှ သိရသည်။
18-Jun-2017
ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း ဆောင်ရွက်ရာတွင် ဘူတာ ၃၇ ခုနှင့် လူကူးခုံးကျော် တံတားလေးစင်း အဆင့်မြှင့်တင်ရန် ပြည်ထောင်စုဘတ်ဂျက် ကျပ် ၅၇ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ မြို့ပြစီမံကိန်း အင်ဂျင်နီယာဌာနထံမှ သိရသည်။
18-Jun-2017
နိုင်ငံအနှံ့တွင် တန်ဖိုးမြင့် တစ်သောင်းကျပ် အတုအပ ပြုလုပ်မှုကြောင့် ငွေစက္ကူအတု ဖြန့်ဖြူးသုံးစွဲမှုနှင့် ဆက်နွှယ်သည့် သံသယဖြစ်ဖွယ်များကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့သည် ဗဟိုဘဏ်နှင့်ပူးပေါင်း၍ ထိန်းချုပ် တားဆီးရန် စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့မှ သိရသည်။
18-Jun-2017
တက္ကသိုလ်ဝင်တန်း(ဆယ်တန်း) စာမေးပွဲကို အကျဉ်းသား ၄၀ ကျော် ဖြေဆိုခဲ့သည့်အနက် ၁၆ ဦး အောင်မြင်ပြီး ၆ ဦး ဂုဏ်ထူးရရှိခဲ့ကြောင်း အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောကြားသည်။
18-Jun-2017
မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြယာကုန်း ပဋိပက္ခတွင် ပါဝင်ခဲ့သည်ဟုဆိုသော ဆရာတော် ဦးသုစိတ္တနှင့် ဆရာတော် ဦးပညာဝံသတို့ကို တရားခံပြေးအဖြစ် ဇွန်လ ၁၆ ရက်နေ့က ကြေညာခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးထံမှ သိရသည်။
17-Jun-2017
မြောက်ပိုင်းအဖွဲ့များကို တရုတ်နိုင်ငံ၌ တွေ့ဆုံရန် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဘက်မှ ကမ်းလှမ်းထားကြောင်း မြောက်ပိုင်းအဖွဲ့ဝင် တအာင်း/ပလောင် (TNLA) အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က The Voice သို့ ပြောကြားသည်။
16-Jun-2017
လူနာစာရင်းသွင်းခြင်းနှင့် ဆေးရုံဆင်းခြင်း မှတ်တမ်းများကို ဆော့ဖ်ဝဲအသုံးပြု၍ သိမ်းဆည်းသည့်စနစ် ဖြစ်သည့် Electronic Medical Record ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဆေးကုသဆောင်အချို့တွင် စတင်စမ်းသပ်သုံးစွဲမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်ဆိုင်သော နည်းပညာကုမ္ပဏီ ဖြစ်သည့် Koe Koe Tech ၏ Chief Technical Officer ဒေါက်တာရာဇာမင်းထူးက ပြောဆိုသည်။
16-Jun-2017
ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ် ရပ်နားစခန်း ပြောင်းရွှေ့မည့်နေရာ၏ မြေယာလျော်ကြေးကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ စာတင်ထားကြောင်း စီမံကိန်း မြေနေရာမှ လယ်သမားများက ပြောကြားသည်။
16-Jun-2017
သတင်းမီဒီယာ လွတ်လပ်ခွင့် ရရှိရန် ပြုလုပ်နေသည့် လက်ပတ်ဖြူ လှုပ်ရှားမှုကို ဇွန်လ ၁၈ ရက်နေ့တွင် ရပ်ဆိုင်းပြီး လက်မှတ်ထိုးသည့် လှုပ်ရှားမှု ပြုလုပ်မည် ဖြစ်ကြောင်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ တာဝန်ရှိသူ ကိုသာလွန်ဇောင်းထက်က ပြောကြားသည်။