News

21-Jun-2017
ရန်ကုန်တိုင်းဒေသကြီးတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များထဲမှ အပ်နှံရန်ကျန်သည့် ၁၉၉၅ အောက် ခရီးသည်တင်ယာဉ်များကို ဇွန်လကုန်မှစ၍ ပြေးဆွဲခွင့် ပိတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။
21-Jun-2017
ဘူးသီးတောင် -မောင်တော ဒေသမေယုတောင်ကြောပေါ်၌ စစ်သင်တန်းပေးနေသော အကြမ်းဖက်အဖွဲ့ကို တပ်မတော်နှင့် နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များက ရှင်းလင်းနေရကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
21-Jun-2017
ဦးဟန်ယောင်ဝေကို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားခြင်း မရှိကြောင်း နိုင်ငံသမ္မတရုံးညွှန့်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
21-Jun-2017
စင်ကာပူ၊ ထိုင်းနှင့် ဟောင်ကောင် တို့သို့ ရောက်ရှိနေသော မြန်မာအိမ်အကူ လုပ်သားစာရင်းများကို သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများက ကောက်ခံနေပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်က ပြောကြားသည်။
20-Jun-2017
သာကေတမြို့နယ်တွင် ချိပ်ပိတ်ထားသော အစ္စလာမ် ဘာသာရေး စာသင်ကျောင်း နှစ်ကျောင်းကို တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ခွင့်ပြုချက် ရရှိမှသာ ပြန်ဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း သာကေတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။
20-Jun-2017
တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးလျက်ရှိရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရွေ့လျားစနစ်ဖြင့် သွားရောက် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
20-Jun-2017
အင်းစိန်အကျဉ်းထောင်တွင်းရှိ အလယ်တန်းကျောင်းခွဲတွင် ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် သူငယ်တန်းမှ ဒသမတန်းအထိ အကျဉ်းကျ ကျောင်းသား ၁၀၀ ကျော် ပညာသင်ယူနေကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ သိရှိရသည်။
20-Jun-2017
နိုင်ငံသားတစ်ဦးအနေနှင့် နှစ်စဉ် နိုင်ငံတော်အစိုးရ၏ အရ၊ အသုံးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နားလည်မှု ရှိ၊ မရှိ သိရှိရန် စစ်တမ်းကောက်ယူမှုကို ယခုနှစ် ဇွန်လမှစ၍ အသိပညာပေးခြင်းနှင့်အတူ ဆောင်ရွက်လျက်ရှိကြောင်း စစ်တမ်းကောက်ယူရေးအဖွဲ့ဖြစ်သည့် New Myanmar Foundation ထံမှ သိရသည်။
20-Jun-2017
နိုင်ငံခြားကုမ္ပဏီများကို ဆောက် လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဓာတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံး ကိရိယာများကို ယခုလ ဒုတိယပတ်အတွင်းမှ စတင်၍ ကုန်သွယ်ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
20-Jun-2017
မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာကုန်သည်များ အသုံးပြုနေသည့် ဘဏ်စာရင်း ၁၀ဝ၀ ကျော်ကို တရုတ်ဘက်က ပိတ်ပင်လိုက်သည့်အတွက် ယင်းအကောင့်များ ပြန်ဖွင့်ပေးရန် တရုတ်အစိုးရနှင့် အစိုးရချင်း ညှိနှိုင်းသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။
20-Jun-2017
ခုတင်နှစ်ထောင်ဆေးရုံအဖြစ် တိုးချဲ့ထားသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်နေသည့် အောက်ခြေဝန်ထမ်းများကို ကန်ထရိုက်စနစ် ငှားရမ်းမှု အပါအဝင် နေ့စား လပေး ဝန်ထမ်းပုံစံဖြင့် လူဦးရေ ၅၀ဝ ခန့်အထိ ခန့်အပ်မည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောကြားသည်။
19-Jun-2017
ရန်ကုန်တိုင်းဒေသကြီးတွင် အငှားအိမ်ရာ တည်ဆောက်မှုစီမံကိန်းကို ယခုနှစ် ဇူလိုင်လတွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
19-Jun-2017
အဆင့်မြင့်ပညာကဏ္ဍ တိုးတက်ရေး၊ ဆရာများ၏ ရပိုင်ခွင့်များ အပြည့်အဝ ရရှိရေး လွှတ်တော်၊ အစိုးရ၊ တက္ကသိုလ် ပါချုပ်များနှင့်ပူးပေါင်း၍ တက္ကသိုလ်ဆရာများ ကိုယ်စားပြု ကော်မတီက ကဏ္ဍငါးခု လုပ်ဆောင်မည် ဖြစ်သည်။
18-Jun-2017
လှည်းကူးမြို့နယ် စခမ်းကြီးကျေးရွာအုပ်စု၊ အမြန်လမ်းမှ ကျူးကျော်တဲ အလုံးရေ ၄၀ဝ၀ ခန့် ရှင်းလင်းခဲ့ပြီး ရွှေ့ပြောင်းခြင်း မပြုဘဲ နေထိုင်လျက်ရှိသည့် ကျူးကျော်များကို ရှင်းလင်း ဖယ်ရှားသွားမည်
18-Jun-2017
နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)စာအုပ် ပြုလုပ်ရာတွင် နည်းပညာ လုံခြုံရေးအဆင့် မြှင့်သည့်အနေနှင့် သူငယ်အိမ် ဓာတ်ပုံမှတ်တမ်း (Iris Capture) ရယူခြင်းကို ယခုနှစ်အတွင်း စတင် လုပ်ဆောင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးထံမှ သိရသည်။