News

23-May-2017
ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှုခံယူနေသော NLD ပါတီ နာယက ဦးတင်ဦး၏ ကျန်းမာရေး အခြေအနေ စိုးရိမ်ရသည့် အခြေအနေတွင် မရှိတော့ဘဲ တိုးတက်ကောင်းမွန်နေပြီဖြစ်ကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောကြားသည်။
21-May-2017
ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် တစ်လျှောက်ရှိ ကျူးကျော်ဈေးဆိုင်များနှင့် ဖိနပ်ထည့်ရန် ကြွပ်ကြွပ်အိတ် ရောင်းသော ဈေးသည်တစ်ရာနီးပါးကို ဘုရားလုံခြုံရေး၊ စည်ပင်နှင့် ရဲတပ်ဖွဲ့ဝင်များက ယခုရက်ပိုင်းတွင် နေ့စဉ် ရှင်းလင်း ဖယ်ရှားနေကြောင်း ရွှေတိဂုံဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။
21-May-2017
လူငယ်ထုအတွင်း မူးယစ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် လူထုအခြေပြု မူးယစ်ဆေးစွဲ ရောဂါ ကာကွယ်ရေး စီမံချက်ကို မြို့နယ် ၁၀ ခု၌ ယခုနှစ်အတွင်း တစ်ပြိုင်တည်း ပြုလုပ်မည်ဖြစ်ကြောင်း မူးယစ်ဆေးစွဲရောဂါ သုတေသနအသင်း (SARA) ထံမှ သိရသည်။
21-May-2017
ဧရာဝတီတိုင်းဒေသကြီး အစိုးရထံ ပေးပို့တိုင်ကြားထားသော မြေယာအရေးနှင့် ပတ်သက်သည့် တိုင်ကြားစာမျာကို ဆောင်ရွက်ပေးလျက်ရှိရာ ချက်ချင်းမဖြေရှင်းနိုင်သည့်အပေါ် နားလည်ပေးရန် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီက ပြောကြားသည်။
21-May-2017
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အထူးစီးပွားရေးဇုန်များ ထပ်မံ တည်ဆောက်ရန် အစီအစဉ်ရှိပြီး ပြည်ထောင်စုလွှတ်တော်ထံ အဆိုပြု တင်ပြမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
21-May-2017
ဒုတိယအကြိမ် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် အပစ်ရပ် စာချုပ် (NCA) လက်မှတ် မရေးထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့ကို ဖိတ်ကြားစာ ပေးပို့ထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။
21-May-2017
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်များကို ပြန်လည် နေရာချထားပေးရန်အတွက် တိုင်းဒေသကြီး အစိုးရက စာရင်း ကောက်ယူလျက်ရှိရာ လေးသိန်းခွဲကျော်အထိ ရှိသောကြောင့် ထင်ထားသည်ထက် ပိုမိုများပြားလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
21-May-2017
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာစီမံကိန်းမှ တိုက်ခန်းဝယ်ယူခွင့် ရရှိသူများအနေနှင့် သတ်မှတ်ကာလအတွင်း ငွေပေးသွင်းခြင်း မရှိပါက တစ်ရက်လျှင် ဒဏ်ကြေးကျပ် တစ်သောင်း ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)ထံမှ သိရသည်။
20-May-2017
အမှတ်တရပစ္စည်း ရောင်းချသည့်ဆိုင်များမှ ဝယ်ယူခဲ့သည့် အမေရိကန် ဒေါ်လာ တစ်ထောင်အောက် လက်မှုပစ္စည်းများကို ပြည်ပသို့ သယ်ယူခွင့်ပြုရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ အမှတ်တရပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်းထံမှ သိရသည်။
20-May-2017
အလုပ်သမား ဆေးရုံများကို ပြင်ပရှိ ပုဂ္ဂလိက ဆေးရုံကြီးများနှင့် တန်းတူဖြစ်စေရေးအတွက် အဆင့်မြှင့်တင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
20-May-2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ သေဆုံးမှုတွင် လုပ်ကြံရန် စေခိုင်းသူ တရားခံပြေး အောင်ဝင်းခိုင်ကို ဖမ်းဆီးရရှိရေးအတွက် စစ်ဆေးနေရာတွင် ပြည့်စုံလုံလောက်မှု မရှိကြောင်း မေလ ၁၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က အမိန့်ချမှတ်လိုက်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးနေလက ဆိုသည်။
19-May-2017
စင်ကာပူအခြေစိုက် Puma စွမ်းအင်ကုမ္ပဏီက ပြည်တွင်း၌ စက်သုံးဆီ ဖြန့်ဖြူးခွင့်ရရှိရန် ခွင့်ပြုမိန့် လျှောက်ထားပြီး ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ရေးအရာရှိ ဒေါ်နန်းညီက The Voice သို့ ပြောကြားသည်။
19-May-2017
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မှာယူထားသော ကျောင်းကားများ မရောက်မီ လက်ရှိပြေးဆွဲနေသည့် ဝန်ပေါ့ကုန်တင်ယာဉ်များကို ကျောင်းကားအဖြစ် ဆက်လက်သုံးစွဲခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
19-May-2017
နေပြည်တော်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ဆန္ဒပြမည့် အစီအစဉ်မှာ နေပြည်တော် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှင့် လုံးဝမသက်ဆိုင်ကြောင်း အဆိုပါအဖွဲ့က မေလ ၁၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
19-May-2017
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးဆက်လက်ရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။