News

26-May-2017
မြန်မာပြည်သူပြည်သားတို့၏ လိင်မှုကိစ္စ အလေ့အထများနှင့် စိတ်နေစိတ်ထားတို့ကို စစ်တမ်းကောက်ယူခဲ့ရာ ၂၃ ရာခိုင်နှုန်းသော လူပျိုလူလွတ်များ လိင်ဆက်ဆံခြင်း ရှိနေကြသည်ကို တွေ့ရကြောင်း DKT International ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာဟိုင်ရမ် ဘိုလန်ဒီက ပြောကြားသည်။
26-May-2017
သွင်းကုန်လုပ်ငန်းရှင်များသည် မြန်မာ့စီးပွားရေးဘဏ် ငွေစာရင်းမှတစ်ဆင့် အကောက်ခွန်ဦးစီးဌာနသို့ အွန်လိုင်းမှ ငွေသွင်းရုံဖြင့် ကုန်ပစ္စည်းများ ထုတ်ယူနိုင်မည့်စနစ်ကို လုပ်ဆောင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
26-May-2017
အခွန်ပေးဆောင်ခြင်း မရှိသည့် မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်း ၂၁ ခုကို ပြည်တွင်းအခွန်များ ဦးစီးဌာနက အမည်ပျက်စာရင်း သွင်းလိုက်ကြောင်း ယင်းဌာနထံမှ သိရသည်။
26-May-2017
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှင့် ယူနိုက်တက်အမရဘဏ် (UAB) တို့အကြား ငွေကြေး ထောက်ပံ့မှုများ ပတ်သက်သည်ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့ခြင်းအတွက် ယင်းဘဏ်ကို ပြန်လည် တောင်းပန်ပြီးဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
25-May-2017
အလယ်တန်းဆင့်မှ အထက်တန်းဆင့် အကူးအပြောင်းဖြစ်သည့် နဝမတန်းတွင် အထူးပြု ဘာသာတွဲယူခြင်းကို ဇွန်လကုန်မှသာ အတည် သတ်မှတ်မည် ဖြစ်သည်။
25-May-2017
တက္ကသိုလ်များ၏ စီမံခန့်ခွဲမှု ပိုကောင်းလာရေး ပါမောက္ခချုပ်များကို သင်တန်းပေးမည့် ကျောင်းတစ်ကျောင်း ယခုနှစ်အတွင်း ဖွင့်နိုင်ရန် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်က စီစဉ်နေသည်။
25-May-2017
ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူများအားလုံး ဘေးအန္တရာယ် ကင်းရှင်းစေရန် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို တွံတေးမြို့ရှိ ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် မေလ ၂၃ ရက် ကစ၍ ပြုလုပ်ခဲ့ကြောင်း ယင်းမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
25-May-2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကကြီး ဦးတင်ဦး ကျန်းမာစေကြောင်း ရည်ရွယ်၍ စုပေါင်းသွေးလှူဒါန်းပွဲကို မေလ ၂၇ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း NLD ပညာရေးကွန်ရက် ညှိနှိုင်းရေးမှူး ဦးအောင်လေးနွယ်က ပြောကြားသည်။
24-May-2017
မရမ်းကုန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းဆုံမီးပွိုင့်တွင် ယာဉ်လမ်းကြော ရှင်းလင်းနေသည့် ယာဉ်ထိန်းရဲတပ်ကြပ် မြင့်ကျော်ဦးသည် မေလ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က လဲကျသေဆုံးခဲ့ကြောင်း
24-May-2017
သာသာနာရေး ဝန်ကြီးဟောင်းနှင့် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့်သည် ယနေ့ (မေလ ၂၄ ရက်) နံနက် ၈ နာရီခွဲခန့်က နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ငူ အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည်။
23-May-2017
အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြမှုကြောင့် ကမာရွတ်မြို့နယ်တရားရုံး၌ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၉) ဖြင့် တရားစွဲဆိုမှုခံရခြင်းမှ ပယ်ဖျက်ပေးရန် ဆရာတော် ဦးပါမောက္ခ၏ လျှောက်ထားမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးက လက်ခံခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
23-May-2017
အမေရိကန်ပြည်ထောင်စု စုံစမ်း စစ်ဆေးရေးအဖွဲ့ FBI က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ စသုံးလုံး၊ အဂတိတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့နှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့တို့ကို စုံစမ်းထောက်လှမ်းရေးနှင့်ဆိုင်သော အဆင့်မြင့်နည်းပညာများ မေလ နောက်ဆုံးပတ်တွင် သင်ကြားပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
23-May-2017
၂၁ ရာစုပင်လုံကို ကြိုဆိုသောအားဖြင့် နိုင်ငံတော်သမ္မတက အကျဉ်းသားများကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးရာတွင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ပါဝင်ကြောင်း ဦးဆန်းဆင့်၏ အစ်ကိုဖြစ်သူ အမျိုးသားလွှတ်တေ်ကိုယ်စားလှယ် ဦးဆန်းမြင့် The Voice သတင်းစာသို့ အတည်ပြုပြောကြားသည်။
23-May-2017
ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ဆိပ်ကမ်းဧရိယာအတွင်း မှုခင်းဖြစ်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်သည့်အနေနှင့် CCTV ကင်မရာများ ဇွန်လအတွင်း တပ်ဆင်မည်ဖြစ်ကြောင်း ဒလမြို့နယ် မဲဆန္ဒနယ်မှ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရွှေယင်က ပြောကြားသည်။
23-May-2017
သီလဝါ အထူးစီးပွားရေးဇုန်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့တွင် ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုများ ပြုလုပ်ရာ၌ MPU ကတ်စနစ်ဖြင့် စတင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။