News

04-Jul-2017
ရန်ကုန်မြို့တော်အတွင်း တောင်းရမ်း စားသောက်နေသည့် ကလေးသူငယ်များသည် တစ်ဦးလျှင် နေ့စဉ် ကျပ်တစ်သောင်းနှင့် သုံးသောင်းကြား ပုံမှန် ရရှိနေခြင်းကြောင့် နောက်ကွယ်ရှိ စေခိုင်းသူများကို ဖော်ထုတ် အရေးယူရန် စီစဉ်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။
04-Jul-2017
ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ ကျင်းပပြုလုပ်ခဲ့သည့် သတ္တမအကြိမ်မြောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) ၄၇ ပါးစုံညီ စုဒ္ဒသမ အစည်းအဝေး၌ ဗုဒ္ဓစာပေများ ထုတ်ဝေရေးသားခြင်းများကို တင်/ထုတ် (စိစစ်ပြီးမှ ထုတ်ခွင့်ပြု) စနစ်ဖြင့်သာ ပြန်လည် ခွင့်ပြုသွားမည်ဖြစ်ကြောင်း မဟန ဆရာတော်ကြီးများက ဆုံးဖြတ်ခဲ့ကြသည်။
04-Jul-2017
ရွှေတိဂုံ စေတီတော်မြတ်ကြီး ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် ၂၀၁၉ ခုနှစ်အတွင်း၌ ယူနက်စကိုသို့ အမည်စာရင်း တင်သွင်းသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
04-Jul-2017
ရွှေတိဂုံစေတီတော်၏ အလှူငွေ ကျပ်ဘီလီယံ ၆၀ ကျော်ခန့်နှင့် ဒေါ်လာသန်းပေါင်းများစွာကို မြန်မာ့စီးပွားရေးဘဏ်၌ အပ်နှံထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုသည်။
04-Jul-2017
ရဲမွန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ယာယီဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံနေထိုင်သည့် လှည်းကူးမြို့နယ်မှ ကျူးကျော်နေအိမ် ဖယ်ရှားခံရသူ ၄၀၀ ကျော်ရှိကြောင်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသည့် တာဝန်ခံတစ်ဦးဖြစ်သူ ဦးပညာဝံသက မိန့်ကြားသည်။
03-Jul-2017
မဘသအဖွဲ့ကြီးမှ ပြောင်းလဲဖွဲ့စည်းထားသော ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ အပါအဝင် မျိုးချစ်အဖွဲ့များ ပေါ်ပေါက်လာခြင်းသည် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၏ ညွှန်ကြားလွှာများအပေါ် မလိမ့်တပတ် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
03-Jul-2017
အများပြည်သူ စိတ်ဝင်စားနေသည့် မင်္ဂလာဒုံမြို့နယ် လေးလောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်မှာ ကွဲလွဲမှုများ ရှိနေသောကြောင့် ပြန်လည် စစ်ဆေးပေးရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံ စာတင်တောင်းဆိုသွားမည်ဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောဆိုသည်။
03-Jul-2017
ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ စားသောက်ကုန်အချို့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA က တားမြစ်ထားသည့်ဆေးများ ထည့်သွင်းထားသည့် စားသောက်ကုန်လေးမျိုးကို ဇူလိုင်လ ၁ ရက်က စစ်ဆေးတွေ့ရှိခဲ့ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။
03-Jul-2017
ရန်ကုန်လိုင်စင်မော်တော်ယာဉ်အချို့ ပြန်လည်ရရှိခြင်းကြောင့် နယ်လိုင်စင် အင်ဂျင်ပါဝါ ၁၃၀၀ စီစီ မော်တော်ယာဉ်တစ်စီးလျှင် ကျပ် ၁၅ သိန်းခန့် ဈေးကျကြောင်း မော်တော်ယာဉ်ဈေးကွက် အတွင်းမှ သိရသည်။
03-Jul-2017
ရန်ကုန်သို့ ရွှေ့ပြောင်းနေထိုင်ခွင့် ပြုလိုက်သော ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ရမ်းဗြဲ၊ ပေါက်တော မြို့နယ်များရှိ ဒုက္ခသည်စခန်းများမှ အိမ်ထောင်စု ၅၅ စုမှာ ကမန်တိုင်းရင်းသားများ ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။
02-Jul-2017
ရန်ကုန်မြို့ရှိ လေလွင့်ခွေး ထိန်းချုပ်ရေး လုပ်ငန်းစဉ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အောက်တိုဘာလတွင် လှိုင်သာယာမြို့နယ်၌ ခွေးထိန်းသိမ်းရေး ဂေဟာတစ်ခု ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
02-Jul-2017
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Fillippo Grandi နှင့် အဖွဲ့ဝင်များသည့် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေပြီး၊ ဒုက္ခသည် စခန်းများကို သွားရောက် တွေ့ဆုံမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြန်ကြားရေးဆက်သွယ်ရေး အရာရှိ ဦးသက်ဆွေက ပြောကြားသည်။
02-Jul-2017
အများပြည်သူ စိတ်ဝင်စားနေသည့် မင်္ဂလာဒုံမြို့နယ်မှ လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့သော နေအိမ်မှာ တိုင်းအစိုးရအဖွဲ့မှ ထုတ်ပေးသည့် ကျူးကျော်စလစ်ပြား ရရှိခဲ့ကြောင်း ယင်းနေအိမ်မှ တစ်ဦးတည်း အသက်ရှင် ကျန်ရစ်ခဲ့သူ ဒေါ်ရီရီနွဲ့က ပြောကြားသည်။
02-Jul-2017
မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ စီမံခန့်ခွဲမှု အညွှန်းကိန်းသည် Resource Governance Index အရ ကျောက်မျက်ရတနာ အပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ခန့်ခွဲအုပ်ချုပ်မှု ညံ့ဖျင်းသောအဆင့်၌ ရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ အညွှန်းကိန်းအဖွဲ့ Natural Resource Governance Institute (NRGI) က ထုတ်ပြန်သည်။
01-Jul-2017
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အစားထိုး ပြောင်းထားသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးသည် ကြေညာချက် ထုတ်ပြန်သော ဇွန်လ ၃၀ ရက်မှစ၍ တာဝန် ထမ်းဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။