News

07-Jul-2017
ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲက ရောင်းချသည့် တန်ဖိုးနည်း အိမ်ရာများကို လာမည့် သီတင်းပတ်မှ စတင်၍ ၁၀ နှစ် အရစ်ကျဖြင့် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း အဆိုပါဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။
07-Jul-2017
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဇူလိုင်လ ၂ ရက်နေ့က ဖွင့်လှစ်ပေးခဲ့သည့် နောက်ဖေးလမ်းကြား ပန်းဥယျာဉ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် လက်ဖက်ရည်ဆိုင်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) က တရားစွဲထားကြောင်း ပန်းပဲတန်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး အုပ်ချုပ်ရေးမှူး ဦးလင်းဇော်ကိုက The Voice သို့ ပြောကြားသည်။
07-Jul-2017
ကှည့မွှငတွိုငမွှို့နယွ ပှညတွှငွးကုနတွငကွုနခွ ကှောမွတီရုံး ငါးတောငွးဌာနခှဲတှငွ အလုပသွမားမှား၏ တဈနေ့လုပခွမှ နေ့စဉပွေးသှငွးထားသော စုငှကေို အလှဲသုံးစား လုပထွားသညဟွု အလုပသွမားမှားက စှပစွှဲကှပှီး တာဝနရွှိသူမှားကမူ ယငွးကိဈစကို ငှငွးဆိုထားသညွ။
07-Jul-2017
မီဒီယာများကို ထောက်လှမ်းသည့် တပ်မတော်သားနှင့် အမှုမဖွင့်ပေးသော ဗဟန်းမြို့မ ရဲစခန်းမှူးကို ဥပဒေအရ အရေးယူရန် တရားရုံးသို့ ဦးတိုက်လျှောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) မှ ကိုသာလွန်ဇောင်းထက်က The Voice သို့ ပြောကြားသည်။
06-Jul-2017
ဂျပန်နိုင်ငံနှင့် ပူးပေါင်းတည်ဆောက်လျက်ရှိသော သီလဝါ အထူးစီးပွားရေးဇုန်တွင် ကားစက်ရုံများ တည်ဆောက်ရန် ဂျပန်ကုမ္ပဏီများ လာရောက် ဆွေးနွေးလျက်ရှိကြောင်း မြန်မာသီလဝါအထူး စီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) ထံမှ သိရသည်။
06-Jul-2017
လှည်းကူးမြို့နယ် စခမ်းကြီး ကျေးရွာအုပ်စု အမြန်လမ်းပေါ်ရှိ မြေဧက ၁၄၅၃ ဒသမ ၇၂ ဧကပေါ်တွင် နိုင်ငံတကာ အဆင့်မီ အိမ်ရာစီမံကိန်းကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။
06-Jul-2017
ဗုဒ္ဓဘာသာပြန့်ပွားရန် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် အခြားသော ဗုဒ္ဓဘာသာ နိုင်ငံများ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
06-Jul-2017
၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ပညာရေးကောလိပ်နှင့် ပညာရေး တက္ကသိုလ်များ တက်ရောက်မည့် ကျောင်းသား ကျောင်းသူအားလုံးကို လစဉ် ပညာသင် ထောက်ပံ့ကြေးပေးမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ဆရာအတတ် ပညာနှင့် လေ့ကျင့်ရေးဌာနထံမှ သိရသည်။
06-Jul-2017
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်သို့ ပို့လွှတ်သည့် ဓာတ်ငွေ့ပိုက်လိုင်းမှာ တရုတ်ပြည်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ရှိသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို အရေးပေါ် အချက်ပြစနစ်ဖြင့် စောင့်ကြည့်လျက် ရှိကြောင်း အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ SEAGP ထံမှ သိရသည်။
06-Jul-2017
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ နှစ်စဉ် ကျင်းပလျက်ရှိသော ဓမ္မာစရိယ စာမေးပွဲ၌ စာအောင်သံဃာတော် တစ်ပါးလျှင် ကျပ်ငွေနှစ်သောင်းကို နှစ်စဉ်ချီးမြှင့်လျှက် ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။
06-Jul-2017
ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီး မြောက်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီ ဒုက္ခသည်တစ်ဦး သေဆုံးမှုတွင် တရားခံများကို စစ်ဆေးလျက်ရှိပြီး ပဋိပက္ခ ပြန့်ပွားကူးစက်ခြင်း မရှိစေရန် လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
06-Jul-2017
ထိုင်းနိုင်ငံ မဲဆောက်မြို့၌ တရားမဝင် ဖွဲ့စည်းခဲ့သည့် အယ်လ်ယံကီး(ခံယူချက်)အဖွဲ့သို့ဝင်ရောက်၍ မြန်မာနိုင်ငံတွင် အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရန်ကြံစည်မှုဖြင့် စွပ်စွဲခံရသူ မွတ်ဆလင် အမျိုးသား ရှစ်ဦးကို ဇူလိုင်လ ၄ ရက် မွန်းလွဲ ပိုင်းက တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
05-Jul-2017
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ရှိ က.ပ.စ (၂၄) က သိမ်းဆည်းထားသော လယ်မြေတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုနှင့်ပတ်သက်၍ တိုင်းလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်းက ပြောကြားသည်။
05-Jul-2017
ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ် အထူးအစီစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ဆန်းဦးတို့၏ ငယ်ဘဝ ပုံရိပ်များကို ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် ထည့်သွင်းပြသမည်
04-Jul-2017
မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်း ဆောက်လုပ်မည့် စက်မှုဇုန်စီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် စတင် တည်ဆောက်သွားမည်ဖြစ်ပြီး မြေပြင်ရှင်းလင်းရေး လုပ်ငန်းများ စတင်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာနထံမှ သိရသည်။