News

14-Jul-2017
အငြိမ်းစား ဒုဗိုလ်မှူးကြီးနေအိမ်တွင် အိမ်အကူလုပ်ရာမှ သွားခြောက်ချောင်းကျိုးအောင် နှိပ်စက်ခံရမှုဖြင့် နယ်မှ ရန်ကုန်မြို့ရှိ မရမ်းကုန်းမြို့နယ် တရားရုံးသို့ အမှုလာရင်ဆိုင်သည့် အသက် ၁၂ အရွယ် အိမ်အကူမိန်းကလေး ပျောက်ဆုံးနေသည်မှာ ယနေ့ ၁၀ ရက် မြောက်ပြီဖြစ်သော်လည်း ပြန်ရှာတွေ့ခြင်း မရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
14-Jul-2017
မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မဘသ ဆိုင်းဘုတ်များ မဖျက်ဆီးနိုင်စေရန် ဆိုင်းဘုတ်ကြီးများ စိုက်ထူထားသော နေရာများ၌ မဘသအဖွဲ့ဝင်များက စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မဘသအဖွဲ့ဝင် ဦးဆောင်ဆရာတော်တစ်ပါးက မိန့်သည်။
13-Jul-2017
လျှပ်စစ်ဓာတ်အားခများ ပြောင်းလဲ ကောက်ခံရန် ပြင်ဆင်မှု နောက်ဆုံးအဆင့် ရောက်ရှိပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောကြားသည်။
13-Jul-2017
ရန်ကုန်တိုင်း အစိုးရအဖွဲ့က တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ယာဉ်စီးရေ ၁၀၀၀ အနက် အစီး ၅၀၀ ကို ဇူလိုင်လကုန်တွင် ထည့်သွင်းပြေးဆွဲမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီထံမှ သိရသည်။
13-Jul-2017
ပြီးခဲ့သည့်နှစ်က အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မောင်တောဒေသရှိ နယ်ခြားစောင့် ရဲစခန်းများသို့ ဆရာတော် ဦးဝီရသူ သွားရောက်ခဲ့ပြီး ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ ပညာရေးကို တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဝီရသူ၏ ခရီးစဉ်၌ လိုက်ပါသော မဘသ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်သည်။
12-Jul-2017
လှည်းကူးမြို့နယ်၊ အမြန်လမ်းရှိ ကျူးကျော်နေအိမ်များ ဖယ်ရှားခံရမှုနှင့်ပတ်သက်၍ ဖယ်ရှားခံရသည့် ကျူးကျော်များကို နေစရာပေးရေး တောင်းဆိုရန် ဇူလိုင် ၁၃ ရက်မှစ၍ တိုင်းအစိုးရအဖွဲ့နှင့် တွေ့ခွင့် မရမချင်း တိုင်းအစိုးရရုံးရှေ့တွင် စောင့်ဆိုင်းသွားမည်ဖြစ်ကြောင်း ဖယ်ရှားခံရသည့် ကျူးကျော်များထံမှ သိရသည်။
12-Jul-2017
လစ်လပ်နေသည့် ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဖိုးမင်းနေရာတွင် အစားထိုးနိုင်ရန် ရခိုင်အမျိုးသားပါတီတွင်း မဲခွဲဆုံးဖြတ်ခဲ့မှုကို ဇူလိုင်လ ၁၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ယင်းပါတီထံမှ သိရသည်။
12-Jul-2017
ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ရန် ယနေ့ (ဇူလိုင် ၁၃ ရက်) ကျင်းပသော အမျိုးသားလွှတ်တော်သို့ တင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
12-Jul-2017
နှစ ်(၇၀) ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် ဗဟန်းမြို့နယ်ရှိ အာဇာနည် ဗိမာန်အတွင်းသို့ အများပြည်သူ လာရောက် ဂါရဝပြုနိုင်ရန် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
12-Jul-2017
ပုဂ္ဂလိကလုပ်ငန်းခွင် ဝန်ထမ်းများနှင့် ပိုမိုယှဉ်ပြိုင်နိုင်ရန်နှင့် နိုင်ငံတကာ စံသတ်မှတ်ချက်များ ပြည့်မီစေရန် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် ခံစားခွင့်များ ပြန်သုံးသပ်နေကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသိန်းဝင်းက ပြောကြားသည်။
12-Jul-2017
ရန်ကုန်မြို့ အစိုးရဆေးရုံနှင့် ပုဂ္ဂလိက ဆေးရုံများတွင် လက်သိပ်ထိုး၍ သွေးမှောင်ခို ရောင်းချနေသော အဖွဲ့အချို့ကို ရှာဖွေဖော်ထုတ်ရန် အမျိုးသား သွေးဌာနအနေနှင့် ခက်ခဲလျက်ရှိသဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အကူအညီဖြင့်သာ ဖမ်းဆီး အရေးယူနိုင်မည်
12-Jul-2017
အင်အားပြင်း ချောက်ငလျင် လှုပ်ခတ်မှုကြောင့် စေတီ၊ ပုထိုး အများအပြား ပျက်စီးခဲ့သည့် ပုဂံ- ညောင်ဦးဒေသအနီး တစ်ဝိုက်ရှိ ပြတ်ရွေ့ကြောများကို သုတေသနပြု လေ့လာခဲ့ရာတွင် ပြန်လည် လှုပ်ခတ်နိုင်သည့် ပြတ်ရွေ့အချို့ ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ပြောကြားသည်။
12-Jul-2017
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ၏ ရှမ်းပြည်နယ်ခရီးစဉ်၌ လားရှိုးမြို့တစ်ခုသာ ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
11-Jul-2017
ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားနေသည့် ရန်ကုန်တိုင်းဒေသကြီးတွင် စွန်ရဲ စီမံချက်ဖြင့် မြို့နယ်အနှံ့ရှိ ခိုးဆိုးလုနှိုက် ကျူးလွန်သူများနှင့် အဆက်အသွယ် ရှိနေသည့် လူဆိုးလူမိုက် အယောက် ၆၅၀ ကျော်ကို ခြေချုပ်ဖြင့် အမှုဖွင့်အရေးယူပြီး ထိန်းသိမ်းဆောင်ရွက်ထားကြောင်း
11-Jul-2017
နှစ် (၇၀) ပြည့် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရန်နှင့် ဥဩဆွဲရန် နိုင်ငံတော်သမ္မတရုံးက အစိုးရဌာန အားလုံးသို့ ညွှန်ကြားထားကြောင်း သမ္မတရုံး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။