News

18-Jul-2017
COLGATE သွားတိုက်ဆေးက စုစုပေါင်း ကျပ်သိန်း ၈၀၀ တန်ဖိုးရှိ ပညာသင်ဆု ပေးအပ်သည့် အစီအစဉ်တွင် ပထမဆုကြီးကို ကျောင်းသားတစ်ဦးက ဆွတ်ခူးရရှိခဲ့ကြောင်း COLGATE က သတင်းထုတ်ပြန်သည်။
18-Jul-2017
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မောင်းနှင်မည့် ကုန်တင်ယာဉ်ငယ်အဖြစ် သတ်မှတ်ထားသည့် လိုက်ထရပ် (Light Truck) မော်တော်ယာဉ်များကို စက်တင်ဘာလ ၁ ရက်မှ စတင်ကာ ကီလို ၆၀ အထက် ကျော်လွန်ပါက အမြန်လမ်း ဥပဒေအတိုင်း ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) မှ ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။
17-Jul-2017
နှစ်ပေါင်း ၆၀ နီးပါး နေထိုင်ခဲ့သော ဗဟန်းမြို့နယ် ဆာဘိုးသာခြံတွင်း နေထိုင်သည့် အိမ်ထောင်စု ၃၇၃ စုကို ကျူးကျော်အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းထွဋ်က ပြောကြားသည်။
17-Jul-2017
ရန်ကုန်မြို့ အပါအဝင် နိုင်ငံအနှံ့ရှိ မြို့ကြီးများတွင် ကိုယ်ကျိုးစီးပွားအတွက် ကလေးငယ်များကို တောင်းရမ်းရန် စေခိုင်းသူကို အမြင့်ဆုံးပြစ်ဒဏ် ငါးနှစ်နှင့်ဒဏ်ငွေ ခုနစ်သိန်းမှ ၁၅ သိန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ရန် လုပ်ဆောင်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးနှင့် စီမံကိန်းဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ရူပါမြက ပြောကြားသည်။
17-Jul-2017
ပြည်ပအခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ရန် ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားနှစ်ဦး၏ ဓာတ်ပုံများကို ဖြန့်ဝေ၍ ဖမ်းဆီးစစ်ဆေးနိုင်ရန် လိုက်လံစုံစမ်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။
16-Jul-2017
ရန်ကုန်မြို့တွင်း ခရီးသည်တင် YBS ယာဉ်လိုင်းများ၏ စည်းကမ်းပျက်မှုများကို မည်သည့် စည်းကမ်းချက်၊ မည်သည့်ဥပဒေနှင့် အရေးယူမည်ကို သဲကွဲစွာ မဆုံးဖြတ်နိုင်သည့် အခြေအနေတွင် ဇူလိုင်လမှစ၍ ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ တစ်ခုတည်းဖြင့်သာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။
16-Jul-2017
ရန်ကုန်ကလေးဆေးရုံကြီး၌ အဋ္ဌမအကြိမ်မြောက် ခွဲစိတ်ခဲ့သည့် ရင်ချင်းဆက်အမြွှာ ခွဲစိတ်မှု အောင်မြင်ကြောင်း ယင်းဆေးရုံကြီး၏ ကလေးခွဲစိတ် အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာအေးအေးက ပြောကြားသည်။
16-Jul-2017
ပထမတန်း သင်ရိုးသစ် ပုံနှိပ်စာအုပ် မရောက်ရှိသည့် ကျောင်းများအနေနှင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများသို့ စာရင်းတင်သွင်းရမည် ဖြစ်ကြောင်း အခြေခံပညာပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက The Voice သို့ ပြောကြားသည်။
15-Jul-2017
ကရင်ပြည်နယ်အတွင်းရှိ မဘသ ဆိုင်းဘုတ်များကို ကရင်လက်နက်ကိုင် အဖွဲ့များ အပါအဝင် ပြည်နယ် မဘသ အဖွဲ့ဝင်များက အသက်နှင့်လဲ၍ ကာကွယ်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ဘားအံမြို့ သရက်တောကျောင်းတိုက် ဆရာတော် ဦးကေသရိန္ဒ (ကရင်ပြည်နယ် မဘသ အတွင်းရေးမှူး)က The Voice သို့ မိန့်သည်။
15-Jul-2017
ဒေါ်ခင်ကြည်ဆေးရုံ (သို့) ဗဟန်း အမျိုးသမီးဆေးရုံကို အဆင့်မြှင့်တင်ကာ ပြုပြင်လျက်ရှိပြီး ဩဂုတ်လ နောက်ဆုံးပတ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က ပြောကြားသည်။
15-Jul-2017
ယာဉ်မောင်းလိုင်စင် လက်တွေ့ဖြေဆိုရာတွင် ငှားရမ်းထားသည့် မော်တော်ယာဉ်ဖြင့် လာရောက်ဖြေဆိုပါက ဖြေဆိုခွင့် ပိတ်သိမ်းမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
15-Jul-2017
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအသင်း (မဘသ) ဆိုင်းဘုတ်ဖြုတ်ချရေးကို အင်အားသုံး လုပ်ဆောင်သွားမည် မဟုတ်ဘဲ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်သွားမည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
15-Jul-2017
ကုန်သွယ်မှု ပြုလုပ်နေသည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်း (Bank Account) များကို တရုတ်အစိုးရဘက်က ထပ်မံပိတ်ဆို့ခြင်း မရှိတော့သော်လည်း မသင်္ကာသည့် ငွေအလွှဲအပြောင်း ပြုလုပ်သည့် ဘဏ်စာရင်းအချို့ကို ယာယီ ထပ်မံပိတ်ဆို့မှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
14-Jul-2017
လိုင်စင်မဲ့ယာဉ်များကို စီမံချက်ဖြင့် ဖမ်းဆီး အရေးယူရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခြောက်လအတွင်း တရားမဝင် မောင်းနှင်နေသောလိုင်စင်မဲ့ ယာဉ် ၂၀ဝ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၁ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး (နေပြည်တော်)ထံမှ သိရသည်။
14-Jul-2017
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မမှန်မကန် စွပ်စွဲတိုင်ကြားမှုများရှိ၍ နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လျက် ရှိသောကြောင့် ယင်းဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။