News

20-Jul-2017
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တန်ဖိုးနည်း တိုက်ခန်းများ ရောင်းချပေးရန် လျှောက်လွှာများကို ပြည်သူများ အဆင်ပြေစေရန် လျှောက်လွှာ တင်သွင်းသည့်ရက်ကို တိုးမြှင့်လိုက်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
20-Jul-2017
ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်းကို ယခုနှစ် မိုးရာသီအကုန်တွင် မြေပြင် အကောင်အထည် ဖော်ခြင်းများ စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
20-Jul-2017
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်ကြပ် စိုးမြင့်အောင်နှင့့် ဗဟန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး အေးမင်းသိန်းတို့အပေါ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေဖြင့် အရေးယူပေးရန် ဦးတိုက် လျှောက်ထား တရားစွဲဆိုမှုကို ဗဟန်း မြို့နယ်တရားရုံးက ဇူလိုင်လ ၂၀ ရက်နေ့တွင် ပယ်ချခဲ့ကြောင်း မြန်မာသတင်းများ ကာကွယ်ရေး ကော်မတီထံမှ သိရသည်။
20-Jul-2017
ကျောင်းသား လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသားများ စာဖတ်လာအောင် စာကြည့်တိုက်မှူးများက စည်းရုံးပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စာကြည့်တိုက်မှူးများကို တိုက်တွန်းလိုက်ကြောင်း တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် စာကြည့်တိုက်မှူးကြီး ဒေါ်ယုယုတင်က ပြောကြားသည်။
19-Jul-2017
ရန်ကုန်မြို့ သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းရှိ Shu Khinn Thar International College ဖွင့်လှစ်သူ ဦးရဲထွန်း(ခ) ဦးမာမာက်အီစမိုင် အပါအဝင် တာဝန်ရှိသူ ခြောက်ဦးကို ဖမ်းဆီး၍ မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)က စစ်ဆေးနေကြောင်း စီအိုင်ဒီမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
19-Jul-2017
လှိုင်သာယာမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် ကျန်စစ်မင်းအိမ်ရာ စီမံကိန်းမှ တိုက်ခန်းများကို ဝယ်ယူနိုင်ပြီ ဆိုသည့်သတင်းများ ထွက်ပေါ်နေပြီး ယခုအချိန်အထိ တစ်စုံတစ်ယောက်ကိုမျှ ရောင်းချပေးခြင်း မရှိသေးကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
19-Jul-2017
နှစ် ၇၀ပြည့်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဝန်ကြီးများရုံး၊ အာဇာနည်ဗိမာန် အပါအဝင် ဗိုလ်ချုပ်ပြတိုက် သုံးနေရာသို့ ပြည်သူ ခုနှစ်သောင်းကျော် တက်ရောက်ဂါရဝပြုခဲ့ပြီး တိုင်းနှင်ပြည်နယ် ၄ ခုခန့်မှ တက်ရောက်သည့် ပြည်သူ နှစ်ထောင်ကျော် ပါဝင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ကော်မတီထံမှ သိရသည်။
19-Jul-2017
ကွယ်လွန်သွားပြီဖြစ်သော အမျိုးသား ပညာရေးမူဝါဒ ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်ကို ဂုဏ်ပြုသည့်အနေနှင့် ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်တွင် ၎င်း၏ ရုပ်တု ဂုဏ်ပြုထားရှိမည်ဖြစ်ကြောင်း ရုပ်တုဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
18-Jul-2017
မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် DVB သတင်းဌာနနှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် သုံးဦးနှင့် ယာဉ်မောင်း သုံးဦးတို့ကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ရှမ်းပြည်နယ် သီပေါမြို့နယ် တရားရုံး၌ မူလ သတ်မှတ်ရက်ထက် စော၍ ရုံးထုတ်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းက ပြောသည်။
18-Jul-2017
ရခိုင်အမျိုးသား ပါတီ၏ ချမှတ်ထားသော စည်းကမ်းများကို ဖောက်ဖျက်၍ ရခိုင်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ဝင်ရောက် ရွေးချယ်ခံခဲ့သော ဦးမြသန်းကို ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
18-Jul-2017
စိုက်ပျိုးရေးကဏ္ဍတွင် အရင်းကျေ ကာလနှင့် မြေယာကိစ္စ အခက်အခဲများ ရှိသောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းမှာ တစ်ရာခိုင်နှုန်းပင် မပြည့်သေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
18-Jul-2017
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအောက်ရှိ ကနဦး ယာဉ်မှတ်ပုံတင်ဌာနများတွင် ဇူလိုင်လ ဒုတိယပတ်မှစ၍ ယာဉ်မှတ်ပုံတင် ဆောင်ရွက်စဉ် မှတ်တမ်းဓာတ်ပုံ ရိုက်ခွင့်မပြုကြောင်း အဆိုပါဌာနထံမှ သိရသည်။
18-Jul-2017
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ အားလုံး ဇူလိုင်လ ၂၀ ရက်တွင် ငွေပုံးစနစ် (Cash box)အပြီး တပ်ဆင်ရမည်ဖြစ်ပြီး လုပ်ဆောင်ထားခြင်း မရှိသည့် ယာဉ်ကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။
18-Jul-2017
သတင်းစာဆရာ၊ စာရေးဆရာ မောင်စူးစမ်း (ခ) ရဲဘော်ချမ်းအေးမှာ ဇူလိုင်လ ၁၈ ရက် မွန်းလွဲ ၃ နာရီခန့်က ၎င်းနေထိုင်ရာ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မန္တလေးလမ်းရှိ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့တွင် ရေဝေးသုဿန်တွင် သြင်္ဂိုဟ်မည်ဖြစ်ကြောင်း စာရေးဆရာ မောင်စူးစမ်း၏ မိသားစုထံမှ သိရသည်။
18-Jul-2017
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ လင်းဖားကျေးရွာဒေသခံ တစ်ဦးသည် တောထဲသို့ မျှစ်ရှာသွားရာမှ တွေ့ရှိခဲ့ရသည့် သင်းခွေချပ်သားအမိကို ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းသို့ ယနေ့ (ဇူလိုင်လ ၁၈ ရက်) ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးမည် ဖြစ်ကြောင်း အဆိုပါ ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးသန်းလင်းက ပြောကြားသည်။