News

06-Jun-2017
ရန်ကုန်တိုင်းဒေသကြီးအတွင်း အထက်တန်းနှင့် အထက်ကျောင်းသားများမှလွဲ၍ အခြေခံပညာ ကျောင်းသားများ အားလုံး YBS တံဆိပ်တပ်ယာဉ်များ စီနင်းရာတွင် ယာဉ်စီးခ ကျပ် ၁၀၀ သာ ကောက်ခံမည် ဖြစ်ကြောင်း ဇွန်လ ၃ ရက်က ပြုလုပ်သည့် ယာဉ်လိုင်းအစည်းအဝေးတွင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်သည့် ယာဉ်လိုင်းတာဝန်ခံများထံမှ သိရသည်။
06-Jun-2017
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ရှိ ဇီးချိုင်၊ ကံချိုင်၊ ရှောက်ချောင်း၊ ကျေးရွာများသို့ ဇွန်လ ၄ ရက်က ကြွက်ဝမ်းဖြူများ ထောင်ချီဝင်ရောက်ပြီး စားပင်သီးပင်များကို ဖျက်ဆီးခဲ့သဖြင့် ဒေသခံများက ကူးစက်ရောဂါပိုး အန္တရာယ်ကို စိုးရိမ်နေကြသည်။
06-Jun-2017
ရန်ကုန်မြို့တွင် ဇွန်လ ၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေကြီးရခြင်းမှာ အချိန်တိုအတွင်း မိုးများစွာ ရွာသွန်းခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
06-Jun-2017
မြောက်ဒဂုံမြို့နယ်ရှိ မြေကိုးဧက ဂရန်အမြန် ပြန်ရလိုသဖြင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိ ဦးတင်ထွန်းအား ငွေကျပ် ၁၂ သိန်း လာဘ်ငွေ ပေးအပ်ခဲ့ရသည်ဆိုကာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည့် မိုက်ကယ်ကျော်မြင့်ကို ဒဂုံမြို့မ ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
05-Jun-2017
တက္ကသိုလ်နှင့် ကောလိပ်များတွင် ကျောင်းဝင်ခွင့်နှင့် ကျောင်းစည်းကမ်း အချို့သည် နိုင်ငံသားတစ်ယောက်၏ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရပိုင်ခွင့်များကို ချိုးဖောက်နေသဖြင့် ယင်းစည်းကမ်းချက်များ ပြင်ဆင်ပေးရန် တောင်းဆိုမည် ဖြစ်ကြောင်း ဆန္ဒပြ၍ ကျောင်းထုတ်ခံရသည့် စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဇော်ရဲထွဋ်က ပြောကြားသည်။
05-Jun-2017
ရန်ကုန်မြို့တွင်း ဇွန်လ ၄ ရက်က နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အပြင် လေပြင်းကျခဲ့ခြင်းကြောင့် မြို့တွင်းမြို့နယ်အချို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ နေအိမ်အချို့ ပျက်စီးမှုများ၊ ရေကြီးရေလျှံမှုများနှင့် ရထားလမ်း ရေကျော်မှုများ ဖြစ်ပေါ်ခဲ့သည်။
05-Jun-2017
ပြည်နယ်နှင့်တိုင်းများတွင် လက်ရှိ အစိုးရလက်ထက် ဆောက်လုပ်မည့် ပြည်သူ့အိမ်ရာတွင် နေထိုင်နိုင်ရန် သုံးနှစ်အတွင်း အငြိမ်းစားယူမည့် ဝန်ထမ်းစာရင်း ယူမှုမှာ ထက်ဝက်ခန့် ပြီးစီးပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
05-Jun-2017
လှိုင်သာယာမြို့နယ်ရှိ ရွှေစံပယ် ချစ်သူ အထည်ချုပ်စက်ရုံမှ အလုပ်သမား ငါးဦးကို အထည်ချုပ်စံနှုန်း မပြည့်မီဟုဆိုကာ ထုတ်ပယ်ခဲ့ခြင်းနှင့်ပတ်သက်၍ ယင်းစက်ရုံမှ အလုပ်သမား တစ်ရာကျော်က ဆန္ဒပြခဲ့ကြောင်း အဆိုပါ အလုပ်သမားများထံမှ သိရသည်
05-Jun-2017
ထန်းတပင်မြို့နယ်တွင် ဇွန်လ ၃ ရက် ညနေပိုင်းက မိုးအနည်းငယ် ရွာသွန်းပြီး ၁၅ မိနစ်ခန့်ခြားကာ မိုးကြိုး နှစ်ကြိမ် ပစ်ခဲ့ပြီး အမျိုးသား တစ်ဦးနှင့် နွား လေးကောင် သေဆုံးခဲ့သည်။
04-Jun-2017
စင်ကာပူနိုင်ငံတွင် ကိုးထပ်တိုက်ပေါ်မှ ပြုတ်ကျခဲ့ပြီး ခါးရိုးကြေသွားသည့် မြန်မာအိမ်အကူကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။
04-Jun-2017
ကျောင်းသားအခွင့်အရေး တောင်းဆို၍ ကျောင်းထုတ်ခံရသည့် စစ်ကိုင်းပညာရေးကောလိပ် ဒုတိယနှစ်ကျောင်းသား ကိုဇော်ရဲထွဋ် ကျောင်းပြန်တက်ခွင့်ရ၊ မရ မနက်ဖြန် (ဇွန်လ ၅ ရက်) တွင် သိရမည်ဖြစ်ကြောင်း ကိုဇော်ရဲထွဋ်က ပြောကြားသည်။
04-Jun-2017
ကျန်းမာရေးနှင့် ညီညွတ်သည့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်များကို ထုတ်လုပ်ရောင်းချဖြန့်ဖြူးသူများက တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဖြင့် ထုတ်လုပ်သွားရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
03-Jun-2017
အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ် အပါအဝင် ကမ္ဘာ့ထိပ်သီးနိုင်ငံအများအပြားမှ ကာကွယ်ရေး ခေါင်းဆောင်များ ပါဝင်တက်ရောက်သည့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ရှန်ဂရီလာဒိုင်ယာ လော့ခ်သို့ အမျိုးသား လုံခြုံရေးအကြံပေး ဦးသောင်းထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက် ရှိသည်။
03-Jun-2017
ရန်ကုန်မြို့ ကန်တော်ကြီး ပရိဝုဏ်အတွင်းမှ ကံ့ကော်ပင်ကျွန်းတွင် ရန်ကုန်မြို့၏ ရှုခင်းအလှကို ကြည့်ရှုနိုင်မည့် ဟီလီရမ်ဓာတ်ငွေ့သုံး မိုးပျံပူဖောင်း (Mingalarbar Balloon)ကို ဇွန်လလယ်တွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း Mingalarbar Balloon ထံမှ သိရသည်။