News

27-Jun-2017
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များတွင် ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါး ပမာဏသည် ယခင်နှစ်များထက် အဆပေါင်းများစွာ သာလွန်သည့် စံချိန်တင် မီးရှို့ဖျက်ဆီးမှုကို ယခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
27-Jun-2017
လှည်းကူးမြို့နယ် အမြန်လမ်းရှိ ကျူးကျော်နေအိမ်များ ဖယ်ရှားခံရမှုနှင့် ပတ်သက်၍ ဖယ်ရှားခံရသူများ စုပေါင်းကာ ဇွန်လ ၂၆ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရွှေနံ့သာ ဘောလုံးကွင်း၌ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။
27-Jun-2017
ရန်ကုန်မြို့အတွင်း YBS တံဆိပ်တပ် ယာဉ်လိုင်းစနစ်ဖြင့် ခရီးသည် ပို့ဆောင်ရာ အလုပ်လက်မဲ့ ဖြစ်သွားသော ယာဉ်အကူများကို ကုမ္ပဏီဝန်ထမ်းအဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီထံမှ သိရသည်။
27-Jun-2017
၂၀၁၈ ခုနှစ်အတွင်း တင်သွင်းခွင့်ပြုမည့် မော်ဒယ်လ်နှစ်များကိစ္စကို လက်ရှိ၌ မဆွေးနွေးရသေးဘဲ ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုမည်ဟု ဆိုခြင်းမှာလည်း မဟုတ်မှန်ကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီထံမှ သိရသည်။
27-Jun-2017
၂၀၁၈ ခုနှစ်အတွင်း တင်သွင်းခွင့်ပြုမည့် မော်ဒယ်လ်နှစ်များကိစ္စကို လက်ရှိ၌ မဆွေးနွေးရသေးဘဲ ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုမည်ဟု ဆိုခြင်းမှာလည်း မဟုတ်မှန်ကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီထံမှ သိရသည်။
27-Jun-2017
ရန်ကုန်မြို့ရှိ အစိုးရဆေးရုံများနှင့် ပုဂ္ဂလိက ဆေးရုံများတွင် သွေးတစ်ပုလင်းလျှင် ငွေကျပ်တစ်သိန်းမှ တစ်သိန်းခွဲကြား ပေါက်ဈေးဖြင့် မှောင်ခိုရောင်းချနေသော လူဆယ်ဦးခန့်ရှိသည့်အဖွဲ့ တစ်ဖွဲ့ရှိနေကြောင်း အဆိုပါ ရောင်းချသူများထံမှ အရေးပေါ် သွေးလိုအပ်၍ ဝယ်ယူခဲ့သူ အချို့ထံမှ စုံစမ်းသိရှိရသည်။
26-Jun-2017
လက်ရှိအစိုးရအနေနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ဆန့်ကျင်သည့် ကုလသမဂ္ဂစာချုပ် (UNCAT)တွင် လက်မှတ်ရေးထိုးရန်နှင့် ဥပဒေအဖြစ် ပြဋ္ဌာန်းပေးရန် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် ညှဉ်းပန်းနှိပ်စက်ခံရသူများအား အားပေးကူညီသည့် နိုင်ငံတကာနေ့ အခမ်းအနားတွင် အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုသည်။
26-Jun-2017
၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို တက္ကသိုလ် ၁၇ ခုတွင် လက်ခံပေးသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောကြားသည်။
26-Jun-2017
ချင်းပြည်နယ်မှ ဖွံ့ဖြိုးမှုနောက်ကျနေသည့် အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့်ပူးပေါင်းကာ ဦးစား ပေးပံ့ပိုးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
26-Jun-2017
တက္ကသိုလ်များတွင် ကျောင်းအပ်သည့် ကျောင်းသားများအားလုံး ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များဖြစ်ရန် အဆင့်မြင့် ပညာဦးစီးဌာန ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက စာတမ်းတင်သွင်းသည်။
26-Jun-2017
မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြခဲ့သော ‘ကျည်ထောင်စုသစ္စာ’ သရော်စာနှင့် ပတ်သက်၍ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို အရေးယူပေးရန် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ဗဟန်းမြို့နယ် တရားရုံးတွင် ထပ်မံဦးတိုက် လျှောက်ထားခဲ့ကြောင်း ဗဟန်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ ဇွန်လ ၂၃ ရက် ရက်စွဲဖြင့် The Voice ထံ ပေးပို့ခဲ့သည်။
25-Jun-2017
ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်နိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနှင့် ဥပဒေအရ ပြင်ဆင်မှုများ ပြုလုပ်ကာ အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှု ပူးပေါင်းအဖွဲ့ထံမှ သိရသည်။
25-Jun-2017
ကျန်းမာရေးကောင်းမွန်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နာယက သူရဦးတင်ဦးကို ဇွန်လ နောက်ဆုံးပတ်တွင် ဆေးရုံဆင်းခွင့် ပြု၊ မပြုကို ဆေးဝါးကုသပေးနေသည့် သမားတော်ကြီး ၁၅ ဦးက ယခုပတ်အတွင်း အတည်ပြု ဆုံးဖြတ်မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။
25-Jun-2017
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ယနေ့ (ဇွန်လ ၂၅ ရက်) တွင် လူအင်အား ၃၀၀၀ ဖြင့် ရန်ကုန်မြို့၌ ဆန္ဒထပ်မံထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူများထံမှ သိရသည်။
24-Jun-2017
တိုင်းနှင့်ပြည်နယ်သုံးခုတွင် ကမ္ဘာ့ မူးယစ်ဆေးဝါး တိုက်ဖြတ်ရေးနေ့၌ အမေရိကန် ဒေါ်လာ ၃၈၅ သန်းကျော်ရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးမည် ဖြစ်ကြောင်း မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးမြင့်အောင် ပြောကြားသည်။