News

17-Jun-2018 tagged as ငါးဖမ်းယာဉ်
လိပ်မျိုးပြုန်းတီးမှုကို ကာကွယ်ရန်အတွက် ကမ်းဝေးတရွတ်ဆွဲနှင့် ဘုံကျောင်း ကျားပိုက် ငါးဖမ်းရေယာဉ်များတွင် ပင်လယ်လိပ် လွတ်မြောက်ရေးကိရိယာ (Turtle Excluder Device –TED) တပ်ဆင်အသုံးမပြုသည်ကို စစ်ဆေးတွေ့ရှိပါက ငါးဖမ်းရေယာဉ်လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
သာစည်မြို့ အမှတ် (၄) ရပ်ကွက်ကိုဖြတ်သန်း၍ အထက (၁) ကျောင်းလမ်းတွင် 33KV ဓာတ်အားလိုင်းသွယ်တန်းရန် ပြင်ဆင်နေမှုနှင့် ပတ်သက်၍ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်ဒေသခံ ၁၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ပဲတီစိမ်းစိုက်ခင်းများ ရိတ်သိမ်းချိန်တွင် မိုးမိခဲ့သော်လည်း တရုတ်ဝယ်လိုအားကြောင့် ဈေးကောင်းရနေကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်တွင် ဖွင့်ထားသော အနှိပ်ခန်းများကို ဇွန် ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
17-Jun-2018 tagged as နာဂ မြေပြို
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းနှင့် လဟယ်မြို့နယ်သို့ ဆက်သွယ်သွားလာသည့်လမ်းတွင် မြေပြိုခဲ့ခြင်းကြောင့် သွားလာမှုရပ်ဆိုင်းနေပြီး လမ်းပြန်ပြင်ရန် စက်သုံးဆီမရှိသည့်အတွက် မိုးရာသီကာလ ဆက်သွယ်သွားလာမှု ရပ်ဆိုင်းမည့် အခြေအနေနှင့် ကြုံတွေ့နေကြောင်း နန်းယွန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည်။
ရှမ်းပြည်​နယ်​မြောက်ပိုင်း၊ သီ​ပေါမြို့နယ်​​၊ ရေပူကြံခင်းကျေးရွာရှိ ထမင်းဆိုင်​တစ်ဆိုင်တွင်​ ဇွန်လ ၁၅ ရက်နေ့ ညပိုင်းက ဆိုင်​ရှင်​လင်မယားနှစ်ဦး သေနတ်​ဖြင့် အပစ်​ခံရသဖြင့် ​သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ရန် စည်ပင်သာယာရေးဥပဒေ မူကြမ်းကို ဇွန်လ တတိယပတ်တွင် တိုင်းဒေသကြီးလွှတ်တော်၌ အတည်ပြုသွားမည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။
ယခင်က အဝေးသင်စာမေးပွဲကို ရန်ကုန်အဝေးသင်နှင့် မန္တလေး အဝေးသင် တက္ကသိုလ်တို့က မေးခွန်းထုတ်စစ်ဆေး ခဲ့ရာမှ ၂၀၁၉ ခုနှစ်မှစ၍ တက္ကသိုလ် အလိုက် မေးခွန်းထုတ်ကာ စစ်ဆေးတော့ မည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်ထံမှ သိရှိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တောင်သူများကို အယုံသွင်း၍ ငွေချေးပေးမည်ဟုဆိုကာ ငွေကြေးကောက်ခံမှုများ ရှိနေသည့်အတွက် ယင်းကုမ္ပဏီများကို သတ်မှတ်ချက်များအရ လုပ်ကိုင်ခွင့်လိုင်စင် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေမှုကို တည်ဆဲဥပဒေများအရ စိစစ်၍ အရေးယူရန်စီစဉ်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့က သတိပေးထုတ်ပြန်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တောင်သူများကို အယုံသွင်း၍ ငွေချေးပေးမည်ဟုဆိုကာ ငွေကြေးကောက်ခံမှုများ ရှိနေသည့်အတွက် ယင်းကုမ္ပဏီများကို သတ်မှတ်ချက်များအရ လုပ်ကိုင်ခွင့်လိုင်စင် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေမှုကို တည်ဆဲဥပဒေများအရ စိစစ်၍ အရေးယူရန်စီစဉ်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့က သတိပေးထုတ်ပြန်သည်။
အကြမ်းဖက် တိုက်ခိုက်ခံရသော ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွင် ဇွန်လလယ်မှစ၍ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဩဂုတ်လအထိ နှစ်လထပ်မံ တိုးမြှင့်လိုက်ပြီး အများပြည်သူ သွားလာချိန်ကို ဖြေလျှော့ပေးထားကြောင်း မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သည် ဇွန်လ ၁၇ ရက်မှစ၍ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်း IDP များသို့ သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ General Wei Fenghe ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဇွန်လ ၁၃ ရက် ည ၁၀ နာရီခန့်က ရောက်ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရသိရသည်။
15-Jun-2018 tagged as မန္တလေး ဗကသ
ရဲတပ်ဖွဲ့ကိုစွပ်စွဲတိုင်တန်းခဲ့သည့် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်းကိုနိုင်ရဲဝေကို တာဝန်ထမ်းဆောင်၍မရအောင် နှောင့်ယှက်သည်ဟုဆိုကာ အမရပူရမြို့နယ်ရဲတပ်ဖွဲ့က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၅၃ ဖြင့် အမှုထပ်ဖွင့်လိုက်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးမှုမရှိလျှင် ငြိမ်းချမ်းရေး ဘယ်တော့မှ ရှိလာမည်မဟုတ်ဟု ဇွန်လ ၁၄ ရက်က မော်လမြိုင်မြို့ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသော ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပြောကြားခဲ့သည်။