News

09-Oct-2018
အမြန်ရထားရပ်ပေးရန် တောင်းဆိုထားသော ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးမီးရထားလမ်းရှိ အုတ်တွင်းဘူတာရုံတွင် အမြန်ရထားတစ်စင်း အောက်တိုဘာလ ၁၁ ရက်နေ့မှစတင်၍ ၂ လကြာ စမ်းသပ် ရပ်တန့်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းထံမှ သိရသည်။
09-Oct-2018
မန္တလေးတိုင်းအတွင်း အခွန်ရှောင်မှုများ မရှိစေရေးအတွက် အခွန်ထမ်းသစ်များ ဖော်ထုတ်လျက်ရှိရာ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက် (ခြောက်လဘဏ္ဍာနှစ်) ကာလအတွင်း အခွန်ထမ်းသစ် ၈၀၀၀ ကျော်ဖော်ထုတ်နိုင်ခဲ့ကြောင်း မန္တလေးတိုင်းအခွန်ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
09-Oct-2018
အခြေခံပညာဦးစီးဌာနအောက်ရှိ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်း အားလုံး အဝေးသင်တက္ကသိုလ် တက်ရောက်ရာတွင် တာဝန်ချိန်အဖြစ် တရားဝင် မသတ်မှတ်သေးသော်လည်း လစာမဖြတ်ရန် မြို့နယ်ပညာရေးမှူးများကို ညွှန်ကြားထားကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။
09-Oct-2018
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကဇန်းဒေါင့်မြစ်အတွင်း ငါးဖမ်းပိုက်မျှောနေသည့် လင်မယား ၂ ဦး အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
09-Oct-2018
တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံကျောင်း တည်ထောင်ရန် ရေဖြူမြို့နယ် ကျောက်ရှပ်ရွာအနီးမှ မြေနေရာ ဧက ၅၀ အား ပြည်ထောင်စုအစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးမိုးနိုင်က ပြောသည်။
09-Oct-2018
စာမရဟုဆိုကာ ကျောင်းအုပ်ဆရာမကြီးက ရိုက်နှက်ဆုံးမရာမှ ကျောင်းသားတစ်ဦး၏ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ကျောင်းသားမိဘများအား ကျောင်းအုပ်ဆရာမကြီးက အောက်တိုဘာလ ၆ ရက်နေ့တွင် ကျောက်တလုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်တွင် တောင်းပန်ခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားမိဘများထံမှ သိရသည်။
09-Oct-2018
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ မင်းကြီးမဟာမင်းခေါင်လမ်းရှိ Gallent Ocean ငါး/ပုစွန် အအေးခန်းစက်ရုံတွင် အောက်တိုဘာလ ၇ ရက် နံနက် ၁ နာရီခွဲက အမိုးနီးယားဓာတ်ငွေ့များ ယိုစိမ့်မှုကြောင့် ယင်းစက်ရုံရှိ အအေးခန်းမှ အလုပ်သမားခြောက်ဦးကို ဆေးရုံတင်ပို့ခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
09-Oct-2018
လုံခြုံရေးကြောင့် ၁၇နှစ်ကျော်ကြာပိတ်ထားသော ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ဗြိတိန်သံရုံးဘေး (၃၉) လမ်း ကမ်းနားဘလောက် ကမ်းနားလမ်းမှအဝင်တစ်လမ်းမောင်းကို ယနေ့ပြန်ဖွင့်ပေးလိုက်ပြီဟု ရန်ကုန်မြို့တော်၏ ထုတ်ပြန်ချက်အရသိရသည်။
09-Oct-2018
မိတ္ထီလာမြို့နယ် မွေကျေးရွာ၏ မြောက်ဘက်တွင်ရှိသော ရှေးဟောင်း မြောက်မျက်နှာတဝဂူဘုရားမှ ကျောက်ဆင်းတုတော်၏ဦးခေါင်း အောက်တိုဘာလ ၆ ရက်နေ့ ညက အခိုးခံခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
09-Oct-2018
ဈေးကစားသူများကို အစိုးရက ဖမ်းဆီးစစ်ဆေးမှုများကြောင့် ကျဆင်းခဲ့သော ရွှေနှင့်ဒေါ်လာဈေးမှာ အောက်တိုဘာလ ၈ ရက် ဈေးကွက်ဖွင့်ချိန်တွင် ပြန်လည်မြင့်တက်ခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀ သိန်းနီးပါး ပြန်ရောက်လာသကဲ့သို့ ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာ ၃၅ ကျပ်အထိ ပြန်တက်သွားသည်။
09-Oct-2018
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော အားကောင်းသည့် မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့ (အောက်တိုဘာလ ၉ ရက်) မှ စ၍ နောက်သုံးရက်အတွင်း ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
08-Oct-2018
ပုဇွန်တောင်မြို့နယ် ရေကျော်ပွဲဈေးကို လုံခြုံရေးကင်မရာ CCTV ၇၄ လုံးအပြင် Drone များဖြင့် လုံခြုံရေးအတွက် အချိန်ပြည့်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ်၊ ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကပြောကြားသည်။
08-Oct-2018
လသာမြို့နယ်၊ သိမ်ကြီးဈေးအနီးရှိ ၂၄ လမ်းထဲတွင် အောက်တိုဘာလ ၇ ရက် မွန်းလွဲ ၃ နာရီခွဲက အသံမြည် ပေါက်ကွဲစေတတ်သော မီးရှူးမီးပန်းနှင့် ဗျောက်အိုးများကို ရောင်းချနေသည့် အမျိုးသမီးကို ဖမ်းဆီး အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
08-Oct-2018
အလယ်တန်းအောင်မြင်သူများ တက်ရောက်နိုင်မည့် အချက်အပြုတ် အခြေခံသင်တန်း၊ ပေါင်မုန့်၊ ကိတ်မုန့်ပြုလုပ်ခြင်း အခြေခံသင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး အခြေခံသင်တန်း၊ အစားအသောက်နှင့် အဖျော်ယမကာ သင်တန်း၊ ဧည့်ကြိုဝန်ထမ်း အခြေခံလုပ်ငန်းခွင်သင်တန်း၊ အခြေခံဟိုတယ်သုံး အင်္ဂလိပ်စာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ေးရး ပညာရပ်တို့ကို အပတ်စဉ် (၁)အဖြစ် အခမဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းထံမှ သိရသည်။
08-Oct-2018
တနင်္သာရီတိုင်းအတွင်း ရောင်းချနေသည့် “ထန်း” တံဆိပ် အရက်ပုလင်း အချို့တွင် ကပ်ထားသည့် အခွန်အမှတ်တံဆိပ်များက အတုဖြစ်နေသည့်အတွက် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်ရှိ အရောင်းဆိုင်အချို့ထံမှ ပြည်တွင်းအခွန်များ ဦးစီးဌာနက သိမ်းဆည်းခဲ့သည်။