News

29-Apr-2018
မူလစက်ရုံထုတ်မဟုတ်ဘဲ တင်သွင်း လာသည်ဟုဆိုကာ ဆိပ်ကမ်းမှထုတ်ခွင့်ရပ်ဆိုင်းထားသော Delivery Van များကို အုပ်စုလေးခုခွဲ၍ အကောက်ခွန်ဦးစီးဌာနက ဒဏ်ကြေး သတ်မှတ်ထုတ်ပြန်လိုက်ပြီး အဆိုပါယာဉ် တစ်စီးလျှင် ကျပ်သိန်း ၃၀ ကျော်မှ သိန်း ၈၀ အထိ ဒဏ်ကြေးပေးဆောင်ရတော့မည်ဖြစ်ကြောင်း အဆိုပါ ယာဉ်တင်သွင်းထားသူများထံမှ သိရသည်။
29-Apr-2018
ဧရာဝတီတိုင်းတွင် တောဆင်ရိုင်း သတ်ဖြတ်ခံရမှုများဖြစ်ပေါ်နေသည့်အတွက် ဆင်သတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေးနှင့် တောဆင်ရိုင်းများ သတ်ခံရမှု ကာကွယ်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
29-Apr-2018
ရန်ကုန်မြို့အတွင်းရှိ ငါးအတင်အချ ပြုလုပ်လျက်ရှိသည့် ဆိပ်ကမ်းများကို ဘေးပတ်ဝန်းကျင်များ ညှီနံ့ နံ၊ မနံနှင့် လူမှုဘဝထိခိုက်မှု ရှိ၊ မရှိကို လာမည့်မေလအတွင်း လေ့လာစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောကြားသည်။
29-Apr-2018
မကွေးတိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးကော်မတီဝင်များ ရွေးချယ်ရာတွင် လူတစ်ဦးလျှင် မဲတစ်မဲ ပေးခွင့်ရရန် လက်ရှိစည်ပင်ဥပဒေနှင့် နည်းဥပဒေများ ပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူများက မကွေးဟိုတယ်တွင် ဧပြီ ၂၈ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။
29-Apr-2018
တိုက်ကြီးမြို့နယ် ဥက္ကံချောင်းတွင် ဆင်သေတစ်ကောင် အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဆင်သတ်ဂိုဏ်းအဖွဲ့မှ လွတ်မြောက်နေသည့် တရားခံပြေး အမျိုးသားတစ်ဦးကို ဧပြီလ ၂၇ ရက် နံနက်ပိုင်းက ဖောင်ကြီး သစ်တောကြိုးဝိုင်းအတွင်း တူမီးသေနတ်တစ်လက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
29-Apr-2018
ဧရာဝတီတိုင်းရှိ တိုင်းတရားလွှတ်တော်ရုံး၊ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများတွင် ၂၀၁၇ ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ် ဧပြီလ ၂၈ ရက်အထိ အမှုပေါင်းတစ်သောင်းကျော် စစ်ဆေးရန် ကျန်ရှိနေကြောင်း တိုင်းဒေသကြီး တရားလွှတ်တော် တရားရေးဌာနက တာဝန်ရှိသူထံမှ သိရသည်။
29-Apr-2018
ကရင်ပြည်နယ် မြဝတီမြို့အမှတ် ၄ ရပ်ကွက် မြေနီကုန်းဇရစ်ချောင်းအနီးရှိ မြဝတီတစ်မြို့လုံး စွန့်ပစ်နေသည့်အမှိုက်ပုံ ဧပြီ ၂၈ ရက် ည ၆ နာရီခွဲခန့်က မီးလောင်ခဲ့ကြောင်း မြဝတီမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
29-Apr-2018
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၊ တိန်းသော်ကျေးရွာတွင် ဧပြီလ ၂၇ ရက်က ရွာလုံးကျွတ် ရိုးရာ ရွာရှင်ပူဇော်ပွဲ ပြုလုပ်ခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဦးက ပြောသည်။
29-Apr-2018
တရုတ်နိုင်ငံဘက်မှ အဝယ်လိုက်လာသည့်အတွက် ပြည်ပအဓိကပို့နေသည့် ဆန်ကြမ်းဈေးနှုန်း ဆက်လက်မြင့်တက်ကြောင်း အဆိုပါဆန်ဈေးကွက်အတွင်းမှ သိရသည်။
29-Apr-2018
မကွေးတိုင်း စလေမြို့နယ် မြို့မရပ်ကွက်ရှိ ရုပ်စုံကျောင်းရှေ့၌ တည်ဆောက်ထားသည့် ဈေးဆိုင်နှင့် သားသတ်ရုံမြေနေရာအတွင်း တည်ဆောက်ထားသည့် ကျူးကျော်အဆောက်အအုံများကို ၁၀ ရက်အတွင်း ဖယ်ရှားပေးရန် ချောက်မြို့ စည်ပင်သာယာရေး ကော်မတီက ညွှန်ကြားလိုက်သည်။
29-Apr-2018
မှော်ဘီမြို့နယ်၊ ကြက်ဖြူကန် ကျေးရွာတွင် ဧပြီလ ၂၇ ရက် ည ၇ နာရီဝန်းကျင်က ပလတ်စတစ်အိတ်များ မီးရှို့ရာမှ မီးခိုးညှော်နံ့ထွက်သည့် ကိစ္စနှင့်ပတ်သက်ပြီး စကားများရာမှ အသက် ၅၀ နှစ် အမျိုးသားတစ်ဦးကို သားအဖနှစ်ဦးက ဝိုင်းရိုက်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
29-Apr-2018
အင်းလေးဇုန်ဝင်ကြေး ကောက်ခံမှုကို မေလ ၁ ရက်မှစ၍ ဒေသခံအဖွဲ့အစည်းများနှင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များ ပူးပေါင်းအဖွဲ့က တာဝန်ယူကောက်ခံမည်ဖြစ်ကြောင်း အင်းလေးဇုန်ဝင်ကြေး ကောက်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းဇော်က ပြောကြားသည်။
29-Apr-2018
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေတို့အကြား ဧပြီလ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ယင်းမြို့နယ်ရှိ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံ တစ်ထောင်ကျော်အတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများစွာ လိုအပ်နေကြောင်း ယင်းကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
29-Apr-2018
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်များပါသော ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြန်လည်လက်ခံရေးစခန်းများအထိ လိုက်လံပြသရန် စီစဉ်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
29-Apr-2018
Omni Focus ကုမ္ပဏီက လှိုင်သာယာမြို့နယ်ထိန်ပင်အမှိုက်ပုံမီး လောင်မှုတွင်မီးငြှိမ်းသတ်လျက်ရှိသော မီးသတ်ဝန်ထမ်းများနှင့် အခြားဝန်ထမ်းများ အေးချမ်းစွာ အနားယူနိုင်ရန် အဲကွန်းဘတ်စ်ကား ကိုးစီးကို ဧပြီလ ၂၇ ရက်က ကူညီထားကြောင်း အဆိုပါကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောကြားသည်။