News

23-Apr-2018
ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ် မိုင်းဆတ်-တာချီလိတ်လမ်း လွယ်ပါရင် (၂) ကျေးရွာအနီးတွင် ဧပြီလ ၂၁ ရက် နံနက်ပိုင်းက VIGO ယာဉ်ကို စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများနှင့်အတူ ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း မိုင်းဆတ်မြို့ အမှတ် (၂၉) မူးယစ်တပ်ဖွဲ့စုထံမှ သိရသည်။
23-Apr-2018
အွန်လိုင်းမှ တိုက်ရိုက်အရောင်းအဝယ်လုပ်နိုင်မည့် ရွှေအိတ်ချိန်းခွင့်ပြုမိန့်ကို လာမည့်လအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများထံ တင်နိုင်ရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
23-Apr-2018
ရန်ကုန်မြို့၏ အကြီးဆုံး ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကြောင့် ယင်းအမှိုက်ပုံရှိရာ လှိုင်သာယာမြို့နယ်အပါအဝင် ဆက်စပ်မြို့နယ်များတွင် ညှော်နံ့နှင့် မီးခိုးမွှန်သည့်ဒဏ်ကို ဆိုးရွားစွာခံစားနေရကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။
23-Apr-2018
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်ရှိ ကြေးဘုရားများကို ရောင်တော်ဖွင့် ကုသိုလ်ယူနေသည့် သဟပုညကာရီအသင်းအနေနှင့် ရုပ်ပွားတော် အဆူ ၃၀၀ ကျော်ကို ရောင်တော်ဖွင့် ကုသိုလ်ပြုလုပ်ပြီးဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။
23-Apr-2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နှင့် ဖောင်းပြင်မြို့သွားကားလမ်းတွင် ဧပြီလ ၂၁ ရက်နေ့ ညနေ ၃ နာရီခန့်က ထော်လာဂျီနှစ်စီးတိုက်မိရာမှ လူလေးဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း ပင်လည်ဘူးမြို့မရဲစခန်းထံမှ သိရသည်။
23-Apr-2018
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းတွင် M 150 အချိုရည်ပုလင်းများကို အသုံးပြုဖောက်ခွဲမှု ကျူးလွန်သည်ဟုဆိုကာ တရားစွဲဆိုစစ်ဆေးနေသည့် အမှုကို ဧပြီလ ၂၅ ရက်နေ့တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးထံမှ စုံစမ်းသိရသည်။
23-Apr-2018
ရန်ကုန်မြို့တွင်း ဆူးလေ-ရန်ကုန် လေဆိပ်ကို ပထမဆုံး ချိတ်ဆက်ပြေးဆွဲမည့် အမြန်ယာဉ်လိုင်း ပြေးဆွဲခြင်းကို မေလတွင် စတင်မည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောကြားသည်။
23-Apr-2018
သြင်္ကန်ကာလအတွင်းပြေးဆွဲသည့် ယာဉ်လိုင်းအချို့သည် ယာဉ်စီးခ ပိုမိုကောက်ခံမှုများရှိခဲ့သည့်အပြင် လက်ရှိအချိန်အထိ ဆက်လက်ကောက်ခံနေသည့် ယာဉ်လိုင်းများရှိနေသေးကြောင်း Yangon Bus Service ထံမှ သိရသည်။
23-Apr-2018
တရုတ်ဝယ်လိုအား တက်သော်လည်း ပြည်တွင်းရော်ဘာဈေးနှုန်းမှာ အကျဘက်သို့ ဦးတည်နေကြောင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများထံမှ သိရသည်။
23-Apr-2018
ငွေကြေးသုံးစွဲမှု၊ အပြုအမူအပြောအဆိုနှင့် လုပ်ထုံးလုပ်နည်းများကို မလိုက်နာသောကြောင့် NLD အမတ် ၃ ဦးကို ပါတီစည်းကမ်းအရအရေးယူမည်ဟု ပါတီ၏ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
23-Apr-2018
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ဒုတိယရဲမှူးကြီးများအပါအဝင် ရဲအရာရှိ ၅၈ ဦးကို ဧပြီလ ၁၉ ရက်တွင် ရာထူးတိုးမြှင့်၍ အပြောင်းအရွှေ့ပြုလုပ်ခြင်းများကို ပြုလုပ်လိုက်သည်။
23-Apr-2018
အင်းဒင်ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းရယူခဲ့သော သတင်းထောက်အား နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနှင့် တရားရင်ဆိုင်နေရစဉ် သက်သေထွက်ဆိုခဲ့သော ဒုရဲမှူး မိုးရန်နိုင်ကို ထောက်ခံသည့် လှုပ်ရှားမှုကို ပြည်မြို့တွင် ဧပြီလ ၂၂ ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည်။
23-Apr-2018
ထားဝယ်မြို့တွင်ပြုလုပ်သည့် နိုင်ငံတော်သမ္မတအား ကြိုဆိုထောက်ခံပွဲ အခမ်းအနားကို ဝန်ထမ်းများ မပျက်မကွက် တက်ရန်အမိန့်ထုတ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးထံ တိုင်ကြားနိုင်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
23-Apr-2018
ရေလုပ်သားများ အလုပ်လက်မဲ့ မဖြစ်စေရေးအတွက် ၂၀၁၈ ခုနှစ် မြန်မာ့ပင်လယ်ပြင် ငါးမဖမ်းရကာလတွင် ကမ်းဝေးငါးဖမ်းရေယာဉ်အားလုံး၏ ၂၀ ရာခိုင်နှုန်းကို ငါးဖမ်းဆီးခွင့်ပြုလိုက်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။