News

24-Apr-2018
အသေးစား အလတ်စားစီးပွားရေး လုပ်ငန်းရှင်များ ချေးငွေမြန်မြန်ဆန်ဆန် ရရှိရန်အတွက် စည်ပင်သာယာရေး ကော်မတီ၊ မြေစာရင်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ချိတ်ဆက်၍ အကူအညီများပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောကြားသည်။
24-Apr-2018
ပဲခူတိုင်း အင်းတကော်မြို့ ပျဉ်းမငူကျေးရွာတွင် ဧပြီ ၂၂ ရက်နေ့ နံနက်ပိုင်းက မင်္ဂလာဆောင်မှ ကျွေးမွေးသည့် အစားအသောက်များကို စားရာမှ လူ ၄၀ ကျော် အစာအဆိပ်သင့်ခဲ့သည့် ထမင်းဟင်းနမူနာများကို ရန်ကုန်မြို့ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမည်ဖြစ်ကြောင်း ပဲခူးဆေးရုံအုပ် ဒေါက်တာရန်နိုင်မောင်က ပြောကြားသည်။
24-Apr-2018
၂၀၁၇-၁၈ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံခန့်ဖြင့် စံချိန်တင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
24-Apr-2018
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း သန့်ရှင်းသပ်ရပ်စေရန်နှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ စီးနင်းနိုင်ရန် ပျံကျဈေးသည် ၃၅၀ ခန့်ကို မေလ ၁ ရက်တွင် သမိုင်းဘူတာဈေးသစ်ကို ပြောင်းရွှေ့မည်ဖြစ်ကြောင်း မြန်မာ့မီးရထား (စီးပွားရေးဌာန) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
24-Apr-2018
မြောက်ဦးမြို အဓိကရုဏ်းဖြစ်စဉ်ကြောင့် စစ်တွေအကျဉ်းထောင်၌ ဖမ်းဆီးချုပ်နှောင်ခံနေရသူ ၈ ဦးကို ဆေးကုသခွင့် အပြည့်အဝပေးရန် ၎င်းတို့၏ မိသားစုက တောင်းဆိုသည်။
24-Apr-2018
ဧပြီလ ၂၁ ရက်နေ့ကတည်းက စတင်လောင်ကျွမ်းနေသော လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်အနီး အမှိုက်ပုံ မီးလောင်ကျွမ်းမှုကို မီးသတ်ဦးစီးဌာနက ကြိုးစားငြှိမ်းသတ်နေပြီး အနည်းဆုံး နောက် ၂ ရက်ခန့်အထိ ဆက်လက်ငြှိမ်းသတ်ရဖွယ်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွန်ကြားရေးမှူး ဦးဝင်းနိုင်က The Voice Daily သို့ အတည်ပြုပြောကြားသည်။
24-Apr-2018
မန္တလေးတိုင်းအတွင်း နေ့အပူချိန်များ မြင့်တက်လျက်ရှိရာ အပူလျှပ်မှု မဖြစ်ပေါ်စေရန်နှင့် အပူဒဏ်ခံစားရသူများ ခေတ္တနားခိုနိုင်မည့်နေရာများ ထားရှိရန် ညွှန်ကြားထားကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
24-Apr-2018
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံ ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များသည် ဧပြီလ ၃၀ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ခရီးစဉ်မှာ နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောကြားသည်။
23-Apr-2018
နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် တရားစွဲခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့သည်ဟု ထွက်ဆိုခဲ့သည့် ဒုရဲမှူး မိုးရန်နိုင်ကို မိသားစုနှင့်တွေ့ဆုံခွင့် ရရှိရန်နှင့် အခြေခံလူ့အခွင့်အရေး ထိခိုက်နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။
23-Apr-2018
ဒဂုံမြို့နယ် အလံပြဘုရားလမ်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အနီးရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နှင့် အမှတ် (၁) မော်တော်ယာဉ်တပ်ရင်း နေရာဟောင်း၌ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ Mytel ၏ ရုံးချုပ်ဖွင့်လှစ်ထားကြောင်း အဆိုပါ အော်ပရေတာထံမှ သိရသည်။
23-Apr-2018
ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ကက်သလစ်ဘုရားကျောင်းဝင်း၌ ဧပြီလ ၁၁ ရက်နေ့က ပြုလုပ်သည့် သာသနာပြု နှစ် ၅၀ ပြည့် ရွှေရတု အထိမ်းအမှတ်ပွဲသို့ လာရောက်သည့် အောင်လောဒ့်ကျေးရွာ ဒေသခံ ၂၁၈ ဦးမှာ မိမိနေရပ်သို့ မပြန်နိုင်သေးကြောင်း ယင်းကိစ္စကူညီဆောင်ရွက်သူများထံမှ သိရသည်။
23-Apr-2018
ပြည်တွင်းထွက် အရည်အသွေးမြင့် အာရေဘီကာ (Arabica) ကော်ဖီကို ဈေးကွက်အသစ်ဖြစ်သည့် ကနေဒါနိုင်ငံသို့ ကွန်တိန်နာတစ်လုံးခန့် ပထမဆုံး တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရသည်။
23-Apr-2018
သဘာဝဘေးသင့်မှု အရေးပေါ်ကာလများတွင် ခိုလှုံနိုင်ရန် ပြည်နယ်နှင့်တိုင်းလေးခု၌ အဆောက်အအုံ ၈၇ လုံး ဆောက်လုပ်ရန်စီစဉ်နေပြီး ယခုနှစ်အတွင်း လုပ်ငန်းစတင်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။
23-Apr-2018
နိုင်ငံတကာဓာတုလက်နက် တား မြစ်ရေးအဖွဲ့ OPCW မှ စုံစမ်းစစ်ဆေးရေးမှူးများသည် ဆီးရီးယားတွင် လွန်ခဲ့သောနှစ်ပတ်က ဓာတ်ငွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု သံသယရှိသောနေရာမှ နမူနာများကို စနေနေ့က စုဆောင်းခဲ့ကြသည်ဟု AFP သတင်းတွင်ဖော်ပြသည်။
23-Apr-2018
ဧရာဝတီတိုင်း ရေထွက်ကုန်ပစ္စည်းများ၏ အဓိက ဈေးကွက်များဖြစ်သော ပုသိမ်၊ ဖျာပုံနှင့် ဟိုင်းကြီးကျွန်းရှိ ငါးခြောက်နှင့် ပုစွန်ခြောက်များ ယခင်နှစ်ထက် ကုန်အဝင်နည်းကြောင်း ယင်းဈေးကွက်အတွင်း ငါးခြောက်နှင့် ပုစွန်ခြောက် ရောင်းဝယ်ရေးဒိုင်များထံမှ သိရသည်။