News

20-Dec-2017
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ၏ မြန်မာနိုင်ငံအပေါ် ဆောင်ရွက်ချက်များအပေါ် ယုံကြည်မှုမရှိသည့်အတွက် ပြည်ဝင်ခွင့် မပေးရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက The Voice သတင်းစာသို့ ပြောသည်။
20-Dec-2017
နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲဆို ခံထားရသည့် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ ထုတ်ပြန်ချက်မှာ အလွန်အမင်း စိတ်ပျက်ဖွယ်ကောင်းကြောင်း မီဒီယာသမားများက ဝေဖန်လိုက်ကြသည်။
20-Dec-2017
ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀ဝ ကျော်ပါဝင်၍ ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ပထမဆုံးအကြိမ်အနေနှင့် ရန်ကုန်- မန္တလေး အမြန်လမ်း၌ ပတ်ဝန်းကျင် သန့်ရှင်းရေး စုပေါင်း အမှိုက်ကောက်ကြမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ပြောကြားသည်။
20-Dec-2017
မြန်မာနိုင်ငံအလယ်ပိုင်း ထင်ရှားသည့် ပုပ္ပားတောင်ကလပ် မြေကျွံကျမှု ဖြစ်ပွားခဲ့သည့်နေရာကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း မြေဖို့ခြင်းလုပ်ငန်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြောကြားသည်။
20-Dec-2017
၂၀၁၈ခုနှစ်၌ ယူနက်စကို တင်သွင်းရန် စီစဉ်ထားသော မြောက်ဦးယဉ်ကျေးမှု နယ်မြေအတွင်းမှ ကျူးကျော် အဆောက်အအုံများကို မြောက်ဦးဒေသ မြောက်ဘက်ရှိ မြေဧက ၆၀ဝ သို့ ပြောင်းရွှေ့နေရာချပေးရန် စီစဉ်ထားကြောင်း အဆိုပါမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။
20-Dec-2017
၈၈ ကျောင်းသား ခေါင်းဆောင်များ ဦးဆောင်ပါဝင်သော ရှစ်လေးလုံးပါတီ တည်ထောင်ခွင့်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ လာရောက်လျှောက်ထားခဲ့ရာ မိမိတို့နှင့် မူဝါဒတူသူများနှင့် ပူးပေါင်းသွားမည်ဟု ပါတီတည်ထောင်ခွင့် ဦးဆောင်လျှောက်ထားသူ ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
20-Dec-2017
အထွက်နှုန်းနှင့် ဈေးကွက်သေချာသည့် ချင်း (ဂျင်း) သီးနှံကို ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် စတင်စမ်းသပ် စိုက်ပျိုးရန် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ရခိုင်ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပြင်ဆင် ဆောင်ရွက်နေကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။
19-Dec-2017
မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု မြို့တော် ပုဂံသို့ ယခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအထိ ကမ္ဘာလှည့်ခရီးသည် အဝင် လျော့ကျခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှုဦးစီးဌာန(ပုဂံဌာနခွဲ) ထံမှ သိရသည်။
19-Dec-2017
ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်များ ပြန်လည်လက်ခံရေး နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းကော်မတီ ဖွဲ့စည်းရန် ဒီဇင်ဘာလ ၁၉ ရက်က ဒါကာမြို့တွင် ဆွေးနွေးလျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။
19-Dec-2017
ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက “သဘောထား ရပ်တည်ချက် ထုတ်ပြန်ရှင်းလင်းပွဲ”ကို ဒီဇင်ဘာလ ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင် Orchid Hotel ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
19-Dec-2017
ချင်းပြည်နယ် အစိုးရအဖွဲ့သစ်၏ ၂ နှစ်တာကာလအတွင်း ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားနည်းချက်များ ရှိနေကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံ Chin Center for Peace and Reconciliation အဖွဲ့က ပေးပို့ထားသည့်စာတမ်းတွင် ဖော်ပြထားသည်။
19-Dec-2017
မိုဘိုင်းလ် ငွေကြေး အဖွဲ့အစည်း သုံးခုဖြစ်သည့် OK Dollar, Wave Money နှင့် M-ပိုက်ဆံတို့အကြား အချင်းချင်း ငွေလွှဲနိုင်ရန် နည်းပညာ ချိတ်ဆက်မှုများ စတင်ပြုလုပ်နေပြီး မကြာမီ သုံးစွဲနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
19-Dec-2017
မြန်မာနိုင်ငံတွင် တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရာတွင် နမူနာယူနိုင်ရန် ဂျပန်အစိုးရက တန်ဖိုးသင့်အိမ်ရာ နမူနာကို ဆောက်လုပ်ရန် ကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
19-Dec-2017
ရွှေဘိုခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်နယ်မြေကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ချေးငွေ အမေရိကန်ဒေါ်လာ ၂၇၀ ဘီလီယံဖြင့် ၂၀၁၈ ခုနှစ်အတွင်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနထံမှ သိရသည်။
19-Dec-2017
တိုင်းဒေသကြီးတွင် ယာဉ်ကြောကျပ် တည်းမှုလျှော့ချရန် အများပြည်သူပိုင် လမ်းနယ်နိမိတ်တွင် အချိန်ကာလ ကြာမြင့် စွာရပ်ထားသည့် ယာဉ်အို၊ ယာဉ်ဟောင်း၊ ယာဉ်ပျက်များကို သတ်မှတ်ရက်အတွင်း မဖယ်ရှားပါက စည်ပင်နှင့် မော်တော်ယာဉ် ဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။