News

16-Nov-2017
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အငှားတက္ကစီယာဉ်များ စတင်မှတ်ပုံတင်သည့်နေ့ဖြစ်သည့်အပြင် နောက်ဆုံးရက် သတ်မှတ်လိုက်ခြင်းကြောင့် နိုဝင်ဘာလ ၁၅ ရက်တွင် အငှားယာဉ် အများအပြား လေးထောင့်ကန်လမ်းပေါ်ရှိ YRTA ရုံးချုပ်၌ လာရောက် မှတ်ပုံတင်ကြကြောင်း အငှားယာဉ်မောင်းများထံမှ သိရသည်။
15-Nov-2017
ရန်ကုန်မြို့တွင်း YBS ခရီးသည်တင်ယာဉ်လိုင်းတွင် ပြေးဆွဲနေသည့် ၉၆၊ ၉၇၊ ၉၈ ခုနှစ် ထုတ်မော်ဒယ်လ် ယာဉ်အို၊ ယာဉ်ဟောင်းများ နိုဝင်ဘာလ ၂၀ ရက် နောက်ဆုံးထား အပ်နှံရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။
15-Nov-2017
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက မီးလောင်မှုဖြစ်ပွားခဲ့သော ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်အတွက် မီးအာမခံ လျော်ကြေးကို မြန်မာ့အာမခံ လုပ်ငန်းကသာ ပေးလျော်မည်ဖြစ်ကြောင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများထံမှ သိရသည်။
15-Nov-2017
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စစ်တွေ-ရန်ကုန် ကားလမ်းပေါ်တွင် နိုဝင်ဘာလ ၁၅ ရက်က ဗုံးဆက်တိုက် ပေါက်မှုကြောင့် မြို့နယ်အချို့ လုံခြုံရေး တင်းကျပ်လိုက်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
15-Nov-2017
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘုရင့်နောင်လမ်းမှ သခင်မြပန်းခြံသို့ ပြေးဆွဲနေသည့် YBS (၁၄) ယာဉ်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်ပြီး ဒဂုံမြောက်မြို့နယ်အတွင်း ယာဉ်ပြေးဆွဲမှု ရပ်ဆိုင်းကာ ပါရမီကားဝင်းမှ သခင်မြပန်းခြံအထိသာ ခရီးစဉ် ပြေးဆွဲတော့မည်ဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။
14-Nov-2017
မြန်မာ -ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား မှုခင်းကျူးလွန်၊ တိမ်းရှောင်သော ဝရမ်းပြေးများကို နှစ်ဖက်လုံး၏ ဘုံရန်သူအဖြစ် သတ်မှတ် တိုက်ဖျက်ချေမှုန်းရန် အဆိုပြုလိုကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့၊ ညွန်ကြားရေးမှူးချုပ် Abul Hossain က အဆိုပြု ပြောကြားသည်။
14-Nov-2017
လျှပ်စစ်မီတာခ နှုန်းများကို ပြောင်းလဲကောက်ခံမည် ဖြစ်သော်လည်း ပြည်သူ အတွက် ရှော့ခ် (Shock) ရသွားမည့် ကိစ္စမျိုး မဖြစ်စေရအောင် လုပ်ဆောင်မည်ဟု လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။
14-Nov-2017
အမေရိကန် သံရုံးရှေ့ ဆန္ဒထုတ်ဖော်မှုဖြင့် ဖမ်းဆီးခံရသည့် ဆရာတော် ဦးပါမောက္ခကို နိုဝင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီခန့်က ကမာရွတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ရာ အာမခံ လျှောက်ထားသော်လည်း ပယ်ချခံခဲ့ရပြီး အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
14-Nov-2017
ရခိုင်ဖွံ့ ဖြိုးရေးစီမံကိန်းအရ UEHRD စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်မည့်လူငယ်များ ဝတ်ဆင်ရန် ထုတ်ပေးထားသည့် ရခိုင်မြေပုံပါတီရှပ်များကို ကွင်းဆင်းရာ ဝတ်ဆင်မည် မဟုတ်ကြောင်း လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းရေး လူငယ်အဖွဲ့ (HCYT) မှ လူငယ်တာဝန်ခံ ကိုထက်ပိုင်စိုးက ပြောကြားသည်။
14-Nov-2017
ဒီဇင်ဘာလ ၄ ရက် စတင်ဖွင့်လှစ်မည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပထမနှစ်သင်တန်း ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများ အမည်စာရင်းကို ယနေ့ (နိုဝင်ဘာ ၁၅ ရက်) ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။
14-Nov-2017
လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ဥပဒေအားနည်း ချက်များကြောင့် တရားစီရင်ရေးကဏ္ဍ၌ အမှုတည်ဆောက်ရန် ခက်ခဲသဖြင့် တရားခံ ၁၅ ရာခိုင်နှုန်း လွတ်မြောက်လျက်ရှိကြောင်း ရန်ကုန်တိုင်း အမှတ် ၁၆ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဝေလွင်က ပြောကြား သည်။
14-Nov-2017
အမျိုးသမီးများသည် လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အပြောင်းအလဲများတွင် ပါဝင်မှုသည် ယခုကာလအတွင်း အံ့အားသင့်ဖွယ် ဖြစ်သော်လည်း နယ်ပယ်များစွာတွင် အမျိုးသမီးများ အခွင့်အလမ်းများ ဆုံးရှုံးနေရဆဲဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး (ABIS)မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
14-Nov-2017
ရန်ကုန်မြို့တွင်းနှင့် ခရမ်း၊ သုံးခွသို့ ပြေးဆွဲနေသည့် YBS မီနီဘတ်စ် ၃၂၊ ၃၃၊ ၃၄၊ ၇၀ ယာဉ်လိုင်းများသည် ငွေပုံးစနစ် တပ်ဆင်ပြီးဖြစ်၍ နိုဝင်ဘာလ ၁၇ ရက်မှစပြီး ယာဉ်အကူမပါဘဲ ပြေးဆွဲမည်ဖြစ်ကြောင်း ရွှေတောင်ပိုင်း သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီထံမှ သိရသည်
13-Nov-2017
အဆင့်မြင့်ပညာ ဦးစီးဌာနအောက် တက္ကသိုလ်၊ ကောလိပ် အသီးသီးရှိ နည်းပြမှ တွဲဖက်ပါမောက္ခအထိ ရာထူးတိုး၊ ပြောင်းရေး လက်ရှိ အတည်ပြုထားသည့်မူကို ယခုနှစ်အတွက် ပြင်ဆင်ပေးနိုင်မည် မဟုတ်သေးကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။
13-Nov-2017
ချင်းပြည်နယ် ပလက်ဝဒေသတွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့၏ တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း AA အဖွဲ့ သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။