News

07-Jan-2018
ယခင်က ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကို မှေးမှိန်အောင် ပြုလုပ်ခံခဲ့ရသည့်အတွက် လူငယ်များအနေနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကို သိရှိနားလည်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဗိုလ်ချုပ်ကြေးရုပ်တုများ စိုက်ထူဖွင့်လှစ်နေရခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။
07-Jan-2018
ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ခရီးစဉ်များရောင်းချရာတွင် ခရီးသွားကုမ္ပဏီများအနေနှင့် ခရီးသွားဧည့်သည်များကို ဘုရားများအပေါ် နေဝင်/နေထွက်ကြည့်ရှုရန် နေရာများအဖြစ် ထည့်သွင်းမရောင်းရန် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားစာထုတ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
07-Jan-2018
ယခင်အစိုးရ လက်ထက်အပါအဝင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ကြီးများနှင့်ပတ်သက်၍ တိုင်ကြားစာများ ရောက်ရှိလာခြင်း မရှိသေးကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဟံညွှန်က ပြောကြားသည်။
07-Jan-2018
ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းဆုံရာ သန်လျင်မြို့နယ်ဘက်ခြမ်းသို့ ရေကြောင်းဘတ်စ် တိုးချဲ့ပြေးဆွဲရန် ရေလမ်းကြောင်းသစ် ရှာဖွေလျက်ရှိကြောင်း တင့်တင့် မြန်မာကုမ္ပဏီထံမှ သိရသည်။
07-Jan-2018
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ (၁၀၅) မိုင်၊ မိုင်းယုကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာတွင် ဒဏ်ရာရခဲ့သူနှစ်ဦးအနက် သုံးနှစ်အရွယ် ကလေးငယ်သည် ဒုတိယအကြိမ် ခွဲစိတ်ရမည်ဖြစ်၍ အကူအညီလိုအပ်လျက်ရှိကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
07-Jan-2018
မီးခံသေတ္တာ ဖောက်ထွင်းပြီး မြန်မာကျပ်ငွေ ၄၄ သိန်းနှင့် အမေရိကန် ဒေါ်လာများ ခိုးယူခဲ့သော အမျိုးသားတစ်ဦးကို ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းရှိ စက်ဆန်းရပ်ကွက်တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
07-Jan-2018
မွန်ပြည်နယ်အတွင်းသို့ ထိုင်းနိုင်ငံမှတစ်ဆင့် တရားမဝင် တင်သွင်းလာသည့် ဝက်အကောင်ရေ ၃၅၀ ခန့် ထပ်မံဖမ်းဆီးရမိထားသည်ဟု မွန်ပြည်နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနထံမှ သိရသည်။
07-Jan-2018
အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ခြင်းကြောင့် ပေါက်မြို့နယ်အတွင်းရှိ ယောချောင်းဒေသဝန်းကျင်မှ ကြက်သွန်စိုက်ခင်း ဧက ထောင်နှင့်ချီကာ ချောင်းရေဖုံးလွှမ်းခဲ့သည့်အတွက် ပျက်စီးခဲ့ရကြောင်း ကြက်သွန်စိုက် တောင်သူများထံမှ စုံစမ်းသိရှိရသည်။
07-Jan-2018
ရန်ကုန်-ဒလ တံတားစီမံကိန်းနှင့် မလွတ်ကင်းသော အဆောက်အအုံ၊ မြေကွက်နှင့်ဆိုင်ခန်းများကို မြေယာလျော်ကြေး၊ မြေငှားရမ်းခ ပေးချေပြီးစီးခြင်းကြောင့် ဇန်နဝါရီလ ၃၁ ရက်တွင် အပြီးဖယ်ရှားပေးရန် တိုက်တွန်းထားကြောင်း ရန်ကုန်တိုင်း လမ်းတံတားဦးစီးဌာနထံမှ သိရသည်။
06-Jan-2018
ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ နုတ်ထွက်မည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။
06-Jan-2018
တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူမည့်သူများအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် သိန်း၂၀ စုထားပါက ဝယ်ယူရန် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
06-Jan-2018
ဆန်ကုန်သည်နှင့် အကျိုးဆောင်များထံမှ ကျပ်သိန်းပေါင်း ငါးသောင်းသုံးထောင်ကျော် လိမ်လည်ထွက်ပြေးသည့် ASO ကုမ္ပဏီပိုင်ရှင် ဦးအောင်ဆွေဦးကို ဥပဒေကြောင်းအရ ထိရောက်စွာအရေးယူနိုင်ရန်အတွက် အစိုးရ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။
06-Jan-2018
မင်္ဂလာဆောင် မဏ္ဍပ်ဆောက်လုပ်ရန် မလွတ်ကင်းသော သံပိုက်ဖြင့်ပြုလုပ်ထားသည့် ယိုးဒယားဖုန်းလိုင်းတိုင်ကို နေရာရွှေ့ရာမှ ဖုန်းတိုင်ပြိုလဲပြီး လျှပ်စစ်ဓာတ်အားပေး ဆားဗစ်လိုင်းကြိုးပေါ်သို့ ပြုတ်ကျသဖြင့် သတို့သားလောင်းအပါအဝင် လူငါးဦး ဓာတ်လိုက်သေဆုံးခဲ့သည်။
05-Jan-2018
JICA နှင့်ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်ရန် တင်ဒါရွေးချယ်ခြင်း လုပ်ငန်းကို ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ယခုလ (ဇန်နဝါရီလ) အတွင်း တင်ဒါအောင်ကုမ္ပဏီကို ရွေးချယ်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
05-Jan-2018
စမ်းချောင်းမြို့နယ်၊ မြေနီကုန်းခုံး ကျော်တံတားအောက်တွင် ဇန်နဝါရီလ ၁ ရက် နံနက် ၁ နာရီခန့်က ကားမောင်းနှေးသည်ကို ဝေဖန်မိသဖြင့် ရိုက်နှက်ခံရသူ အမျိုးသားနှစ်ဦးအနက် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဇန်နဝါရီလ ၃ ရက် နံနက် ၈ နာရီခန့်သေဆုံးသွားပြီး ရိုက်နှက်မှုကျူးလွန်သည်ဟုဆိုသော အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၅/ ၂၉၄ ဖြင့် ပြောင်းလဲအမှု ဖွင့်ဆောင်ရွက်ထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။