News

25-Apr-2018
နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ထုတ်ပေးကာ လွတ်လပ်စွာ သွားလာခွင့်ပြုမည့် အစိုးရ၏အစီအစဉ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး လွှတ်တော်တွင် အဆိုတင်သွားမည်ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။
25-Apr-2018
ရန်ကုန်မြို့၏ အကြီးဆုံးအမှိုက်ပုံဖြစ်သည့် လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်အနီးရှိ အမှိုက်ပုံသည် ဧပြီလ ၂၁ ရက် နေ့လယ်ပိုင်းကတည်းက စတင်မီးလောင်နေခဲ့ပြီး ဧပြီလ ၂၄ ရက် နေ့လယ်ပိုင်းအထိလည်း မီးမငြိမ်းသေးကြောင်းနှင့် မီးလောင်မှုကြောင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူအချို့ အသက်ရှူကျပ်၍ ဆေးရုံတက်ရောက် ကုသခံနေရကြောင်း မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ဆေးရုံတို့မှ စုံစမ်းသိရှိရသည်။
24-Apr-2018
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဆံတော်ရှင်တောင်တွင် ဆောက်လုပ်ထားသော ကေဘယ်လ်ကား ဆောက်လုပ်မှုစရိတ် သိန်း ၇ သောင်း ရရှိနိုင်ရန် ရတနာရွှေဆင်ကြီးကုမ္ပဏီက Sky Asia ကုမ္ပဏီကို တရားစွဲဆိုထားကြောင်း ရတနာရွှေဆင်ကြီး ကုမ္ပဏီမှ သိရသည်။
24-Apr-2018
ဘဏ္ဍာငွေ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံရသည့် ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် ပတ်သက်၍ အဆင့်မြင့်ဈေးဆောက်မည့် မြို့နယ် ၅ ခုကို စစ်ဆေးပြီးဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောဆိုသည်။
24-Apr-2018
လှိုင်သာယာမြို့နယ်၊ (၈) ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်း ကားလမ်းဘေးရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ရုံးဝင်းအနီးတွင် ဧပြီလ ၂၃ ရက် မွန်းလွဲပိုင်းက အလုပ်သမား မှတ်ပုံတင်ကတ်အတုများ ရောင်းချနေသည့် အမျိုးသား ၁၇ ဦးကို ဖမ်းမိပြီးနောက် စစ်ဆေးရာမှ ယင်းကတ်များ အတုပြုလုပ်နေသည့် အမျိုးသားတစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
24-Apr-2018
ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနှင့် တပ်မတော်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တင်ရန် ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။
24-Apr-2018
ဘဏ္ဍာငွေ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံရသည့် ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့်ပတ်သက်၍ အဆင့်မြင့်ဈေးဆောက်မည့် မြို့နယ် ၅ ခုကို စစ်ဆေးပြီးဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောဆိုသည်။
24-Apr-2018
NLD အစိုးရလက်ထက် ၂ နှစ်ကျော် ကြာကာလအတွင်း နိုင်ငံတကာ အစည်းအဝေးများနှင့် ဆွေးနွေးပွဲများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သော်လည်း ယခုလအတွင်း စင်ကာပူနိုင်ငံ၌ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဘဲ သမ္မတသစ် တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောကြားသည်။
24-Apr-2018
ကချင်ပြည်နယ်ရှိ အသေးစားရွှေလုပ်ငန်း၊ လုပ်ကွက်များကို ဒေသခံများ လုပ်ကိုင်နိုင်စေရန် ဥပဒေကြမ်းရေးဆွဲကာ တင်ပြထားပြီး ကချင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုသွားမည်ဖြစ်ကြောင်း ဗန်းမော် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းက ပြောကြားသည်။
24-Apr-2018
တိုက်ကြီးမြို့၊ အရှေ့ဘက် ဖလုံဘူတာကျေးရွာအုပ်စု၊ ကွမ်းသီးမြောင်ကျေးရွာ မြောက်လှိုင်ရိုးမ သစ်တောကြိုးဝိုင်းအကွက် အမှတ် (၂) တွင် ဧပြီလ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်က အစာရေစာပြတ်၍ တစ်နှစ်ခွဲအရွယ်ခန့်ရှိ တောဆင်ပေါက်အထီးတစ်ကောင် သေဆုံးနေကြောင်း တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမြင့်သူက ပြောကြားသည်။
24-Apr-2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ မီးမောင်းကုန်းကျေးရွာအနီး ဖြတ်သန်းဖောက်လုပ်ထားသည့် ရေသွယ်မြောင်းကို ကူးလူးသွားလာရန် ကုမ္ပဏီငွေဖြင့် ကူညီတည်ဆောက်ပေးသည့် တံတားမှာ ပြိုကျပျက်စီးခဲ့သည့်အတွက် အသုံးပြု၍မရကြောင်း ရေဦးမြို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးက ပြောကြားသည်။
24-Apr-2018
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီ ရေပူစစ်ဆေးရေးစခန်းတွင် ဧပြီလ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ကျောက်စိမ်းတုံးများကို သိုဝှက်သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း ယင်းစခန်းထံမှ စုံစမ်းသိရှိရသည်။
24-Apr-2018
အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးသည့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့ နဝဒေးတံတားအောက် လုယက်သတ်ဖြတ်မှု ငါးနှစ်ပြည့်အထိမ်းအမှတ် ကျောက်အုတ်ခုံပြုလုပ်ခြင်းနှင့် ရေစက်ချ တရားနာပွဲကို ဧပြီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ၎င်း၏မိသားစုဝင်များအပါအဝင် ပြည်ဘာသာပေါင်းစုံ လူငယ်အဖွဲ့နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများထံမှ သိရသည်။
24-Apr-2018
FDA ဝန်ထမ်းအမျိုးသမီး သတ်ဖြတ်မုဒိမ်းကျင့်ခံရမှုမှ ဖမ်းဆီးထားသော အငှားယာဉ်မောင်း အမျိုးသားကို တရားစွဲဆိုထားသည့် ပုဒ်မများဖြင့် စွဲချက်တင် စစ်ဆေးသင့်မသင့်ကို လာမည့် ရုံးချိန်းတွင် တရားသူကြီးက အမိန့်ချမှတ်မည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။
24-Apr-2018
မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းပေါ်ရှိ ညောင်ပင်သာကျေးရွာ တံတားအနီးတွင် ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မှလာသော ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။