News

07-Mar-2017
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၌ တပ်မတော်က စစ်အင်အား အများအပြား ဖြည့်တင်းလာပြီး မဟာမိတ်တပ်ဖွဲ့များကို အမြစ်ပြုတ် ချေမှုန်းရန် ရည်ရွယ်နေခြင်းကြောင့် ခုခံထိုးစစ်ဆင်ခဲ့ရသည်ဟု မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
07-Mar-2017
နေပြည်တော်ရှိ အစိုးရ ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းကျောင်းများ ဖွင့်လှစ်နိုင်ရန် ယခုနှစ်တွင် စတင်လုပ်ဆောင်မည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
07-Mar-2017
မြန်မာနိုင်ငံတွင် အကြီးဆုံး ဖြစ်လာမည့် ခုတင် ၈၀ဝ ဆံ့ အပြည်ပြည်ဆိုင်ရာ ပုဂ္ဂလိကဆေးရုံကြီးကို မတ်လ ၁၂ ရက်နေ့တွင် ဖွင့်လှစ်သွားရန် ရှိကြောင်း ယုဇန ကုမ္ပဏီအုပ်စု၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
07-Mar-2017
ရာဇဝတ်မှုများ နေ့စဉ်ဖြစ်ပွားနေသည့် ရန်ကုန်တိုင်းဒေသကြီးတွင် မှုခင်းကျဆင်းစေရန် မတ်လ ၁ ရက်နေ့မှ စတင်ပြီး စွန်ရဲစီမံချက်ဖြင့် လူဆိုးလူမိုက်များကို နယ်မြေအနှံ့ မြေလှန်ရှာ ဖမ်းဆီးအရေးယူမှုများ အရှိန်မြှင့်တင် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
07-Mar-2017
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင်စာရင်း ပြုစုရာ၌ အချို့မဲဆန္ဒနယ်များ၏ အခြေအနေအရ သိကြားမင်း ဆင်းကောက်လျှင်ပင် မဲစာရင်း အမှန်မရနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက မတ်လ ၇ ရက်နေ့တွင် ပြောဆိုလိုက်သည်။
07-Mar-2017
ရွှေမန်းသဘင်ဇာတ်အဖွဲ့ ဇာတ်မင်းသားခေါင်းဆောင် တင်မောင်ဆန်းမင်းဝင်းသည် နေအိမ်တိုက်ခန်း မီးလောင်ခံရသည့် ည၌ပင် စီစဉ်ထားသည့် ဇာတ်ပွဲကို မဖျက်ဘဲ ကပြခဲ့ကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။
07-Mar-2017
ပဏာမအဆင့် ရွေးချယ်ထားသော ကုမ္ပဏီ ၁၀ ခုထဲမှ အသစ်ခွင့်ပြုမည့် ရုပ်သံလိုင်း ငါးလိုင်းအတွက် တင်ဒါအောင်မြင်မည့် ကုမ္ပဏီငါးခုကို ယခုလကုန် (မတ်လ)တွင် ထုတ်ပြန်မည်
06-Mar-2017
လောက်ကိုင်ဒေသတွင် တိုက်ပွဲဖြစ်နေသော်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မူလသတ်မှတ်ထားသည့် မတ်လ ၈ ရက်တွင် တပ်အခြေစိုက်စခန်း၌ စစ်ဆေးမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
06-Mar-2017
လောက်ကိုင်မြို့အတွင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA) ဝင်ရောက် တိုက်ခိုက်မှုကြောင့် မီးရှို့ခံထားရသည့် အလောင်း ၂၀ ရရှိပြီး ကိုးကန့်ယာဉ်ထိန်းရဲ ငါးဦး၊ ပြည်သူ ငါးဦး သေဆုံး
06-Mar-2017
တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့တို့ ယနေ့ (မတ်လ ၆ရက်) နံနက်ပိုင်းက လောက်ကိုင်မြို့အတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားမှုကြောင့် ယင်းမြို့နယ် လောင်အဲချီ မူလတန်းကျောင်းမှ ကျောင်းဆရာမ ဒေါ်ပြာမှီ သေဆုံး
06-Mar-2017
ယခုအစိုးရလက်ထက်တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ သန်း ၅၀ဝ နီးပါးသာရှိသည့်အတွက် ယခင်အစိုးရလက်ထက်အတွင်း ရင်းနှီးမြှုပ်နှံသည့် ပမာဏနှင့် နှိုင်းယှဉ်ပါက သိသာစွာ လျော့ကျကြောင်း
06-Mar-2017
ရန်ကုန်ဆေးရုံကြီး ရောဂါကုသဆောင် အချို့တွင် လုံခြုံရေးအတွက် စီစီတီဗီကင်မရာများ တပ်ဆင်ခြင်းကို ယခုနှစ် မတ်လဆန်းတွင် စတင် ဆောင်ရွက်နေပြီ
06-Mar-2017
ဆန္ဒပြမှုများကြောင့် ရပ်နားထားသည့် တရုတ်နိုင်ငံသားပိုင် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ ဟန်ကျိုး ပိုင်ရီစက်ရုံမှ အလုပ်သမားများ၏ ရပ်နားထားသည့် ကာလအတွင်းက လုပ်ခလစာများကို ဖြေရှင်းပေးမည်ဟု အလုပ်ရှင်ကပြောကြောင်း
05-Mar-2017
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် မွေးရာပါ နှလုံးအဆို့ရှင် မလုံခြင်းနှင့်ဆိုင်သော သွေးကြောမကြီး ကြီးနေ၍ ယနေ့ (မတ်လ ၅ ရက်) နံနက် ၇ နာရီမှစ၍ ရန်ကင်း ကလေးဆေးရုံကြီး၌ နှလုံးခွဲစိတ် ကုသမှု ခံယူခဲ့ရာ မွန်းလွဲ ၁ နာရီခွဲတွင် အောင်မြင်ခဲ့ကြောင်း
05-Mar-2017
စစ်ကိုင်းတိုင်း ကလေးဝမြို့တွင် ယနေ့ (မတ်လ ၅ ရက်) နံနက်ပိုင်းက ကားသွားရန် လမ်းရှင်းရာမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က အရပ်သားတစ်ဦးကို လက်သီးဖြင့် ထိုးခဲ့ကြောင်း အထိုးခံခဲ့ရသည့် အသက် ၆၀ နှစ်ခန့်အရွယ် ဦးအောင်ကျော်စိုးက The Voice သို့ ပြောကြားသည်။