News

12-Jan-2018
အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သားမယားပြုကျင့်ရန် ကြံစည်ခဲ့သည်ဟုဆိုသော အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။
12-Jan-2018
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် မြှုပ်နှံထားသည့် လူသေအလောင်းအား ၁၀ ရက်ကျော်အကြာတွင် ပြန်လည်တူးဖော်ရာ စစ်ဆေးရာမှ လူသတ်မှု ပေါ်ပေါက်ခဲ့ကြောင်း ပုလောမြို့မရဲစခန်းထံမှ သိရသည်။
12-Jan-2018
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ပြင်ဆင်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်အပေါ် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နားလည်မှု မတူညီသည်ကို တွေ့ရှိရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားသည်။
12-Jan-2018
ရေမဆေးကျောက်ရှာသူများကို တရားဝင် ကျောက်စိမ်းလုပ်ကွက်များချပေးရန် အမိန့်ကြော်ငြာစာ ထုတ်ပေးမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။
12-Jan-2018
မြန်မာနိုင်ငံတွင် လက်ရှိ အအောင်မြင်ဆုံး သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်သည့် Myanmar IdolှSeason 3 တွင် ယခင်နှစ်က ဒိုင်လူကြီးဖြစ်သည့် တေးသံရှင် မြန်မာပြည်သိန်းတန်နှင့် တင်ဇာမော်တို့အပြင် သရုပ်ဆောင်ရန်အောင်နှင့် တေးသံရှင် မျိုးကျော့မြိုင်တို့ အသစ်ထပ်မံ ပါဝင်လာမည်ဖြစ်သည်။
11-Jan-2018
ရခိုင်ပြည်နယ်အတွက် ပုဂ္ဂလိက သတင်းစာတစ်စောင် ထုတ်ဝေရန် မြန်မာ သတင်းမီဒီယာကောင်စီ စီစဉ်မည်ဖြစ်ကြောင်း အဆိုပါကောင်စီ ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာမျိုးသန့်တင်က ပြောကြားသည်။
11-Jan-2018
သာကေတမြို့နယ် အနော်မာ ၁၁ လမ်းနှင့် ၁၂ လမ်းရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း နှစ်ကျောင်းကို လုံခြုံရေး တည်ငြိမ်ရန် လိုအပ်ခြင်းကြောင့် ချိပ်ပိတ်ကာလ လေးလ ဆက်လက် တိုးမြှင့်လိုက်ကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
11-Jan-2018
တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ၏ အခန်းတန်ဖိုးငွေ ပေးသွင်းနေစဉ်ကာလအတွင်း ငှားရမ်း၊ ရောင်းချသည်ကို စိစစ်တွေ့ရှိပါက အဆိုပါတိုက်ခန်းကို ပြန်လည် သိမ်းဆည်းမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
11-Jan-2018
ဘင်္ဂါလီ ၁၀ ဦးသတ်ဖြတ်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ ဥရောပသမဂ္ဂက ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
11-Jan-2018
ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုအဖြစ် ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်စ ဧပြီလမှ ဒီဇင်ဘာလကုန်အထိ ကိုးလအတွင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်ရရှိပြီး ယခင်ဘဏ္ဍာနှစ်များကထက် စံချိန်တင်ရရှိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
11-Jan-2018
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆဋ္ဌမတန်း (ဃ) မှ ကျောင်းသားအချို့ကို ဆံပင်ကွက်ကျားညှပ် အပြစ်ပေးမှုနှင့် ပတ်သက်၍ အဆိုပါဆရာမကို ဇန်​နဝါရီ ၁၀ ရက် နံနက် ၁၁ နာရီခန့်က ခံဝန်ကတိ ရေးထိုးစေခဲ့ကြောင်း ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးကျော်စိုးသန်းက ပြောကြားသည်။
11-Jan-2018
လုံခြုံရေးကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာလုပ်ငန်း လုပ်ကိုင်ထားသည့် အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးထံသို့ အမြတ်ငွေများ လာရောက်ပေးဆောင်သည့် အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ကာယိနြေ္ဒပျက်ပြားစေမှုဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
11-Jan-2018
ကုမ္ပဏီများအနေနှင့် အစိုးရအမိန့် တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ပါက ကျပ်သိန်း ၅၀ ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း ကုမ္ပဏီများဥပဒေ ပြဋ္ဌာန်းရေးနှင့် ဥပဒေပြုရေးကော်မတီက ဇန်နဝါရီလ ဒုတိယပတ်တွင် ထုတ်ပြန်လိုက်သည်။
11-Jan-2018
ချမ်းမြသာစည်မြို့နယ် တရားရုံးသို့ လာရောက်စစ်ဆေးခံသည့် အမျိုးသမီးတစ်ဦး ဇန်နဝါရီလ ၁၀ ရက်နေ့က တရားရုံးမှအပြန်တွင် ဓားနှင့်ထိုးကာ အသတ်ခံခဲ့ရကြောင်း အခင်းဖြစ်ပွားရာအနီး နေထိုင်သူများထံမှ သိရသည်။
11-Jan-2018
ခရီးသွားနေရာသစ်တစ်ခု ဖြစ်လာသည့် ကရင်ပြည်နယ်အတွင်းသို့ ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ လာရောက်လည်ပတ်မှု မြင့်တတ်ခဲ့သည်ဟု ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။