News

11-Jan-2018
“သတင်းတွေကို မှန်မှန်ကန်ကန် မထုတ်ဖော်နိုင်အောင် မမှန်ကန်တဲ့ နည်းလမ်းသုံးပြီး ဖမ်းဆီးအရေးယူတာလို့ ပြောချင်ပါတယ်”ဟု ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသည့်ကြားက ဖမ်းဆီးခံထားရသူ ကိုဝလုံးက အော်ဟစ်ပြောဆိုလိုက်သည်။
10-Jan-2018
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) လက်နက်ကိုင်အဖွဲ့မှ တပ်ဖွဲ့ဝင်ငါးဦးကို ရှမ်းပြည်နယ် နောင်ချိုမြို့နယ်အနီး ဆက်ကြေး ကောက်ခံနေဟုဆိုကာ တပ်မတော်က ဖမ်းဆီးလိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
10-Jan-2018
တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်ရပ်ကွက်၊ ဇဋိလလမ်းတွင် ဇန်နဝါရီလ ၉ ရက် နံနက် ၉ နာရီက အသောကဈေးမှ ဈေးဝယ်ပြီး နေအိမ်ပြန်လာသည့် အဘွားအိုကို နွားနို့သည် အမျိုးသမီးက တိုက်ခန်းလှေကားပေါ်မှ တွန်းချပြီး လည်ပင်းတွင် ဝတ်ဆင်ထားသည့် အလေးချိန် ငါးကျပ် သားခန့်ရှိသော ရွှေဆွဲကြိုးကို လုယူထွက် ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
10-Jan-2018
လစ်လပ်နေသည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးနေရာ ပြန်လည်ရွေးချယ်နိုင်ရေး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေးကို ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပရန် ခေါ်ယူထားပြီး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်အချို့ ဝန်ကြီးချုပ်ဖြစ်မည်ဟု သတင်းထွက်ပေါ်နေသည်။
10-Jan-2018
ဗိုလ်တထောင်မှ လှိုင်သာယာ အနောက်ပိုင်းတက္ကသိုလ်အထိ ပြေးဆွဲ နေသည့် YBS ၇၉ ယာဉ်လိုင်းရှိ 5N/4952 ယာဉ်ကို မောင်းနှင်သည့် ယာဉ်မောင်း သည် အရက်သေစာသောက်စားကာ ယာဉ်ကို မဆင်မခြင်မောင်းနှင်သဖြင့် ဇန်နဝါရီလ ဒုတိယပတ်က ရာသက်ပန် ထုတ်ပယ်လိုက်ကြောင်း အဆိုပါယာဉ် လိုင်းထံမှ သိရသည်။
10-Jan-2018
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများတွင်ပါဝင်သော အကြမ်းဖက်သမား ၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် ရွာသားအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့က သတ်ပစ်ခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇန်နဝါရီလ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။
10-Jan-2018
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုကိုနိုသည် မနက်ဖြန် (ဇန်နဝါရီလ ၁၁ ရက်)တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
10-Jan-2018
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်ရှစ်ခု၌ အစိုးရဝန်ထမ်းအိမ်ရာ ၁၈ ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
10-Jan-2018
မန္တလေးတိုင်း မြန်မာ့သစ်လုပ်ငန်းက ဖော်ဆောင်နေသော ဒီးဒုတ်ရေတံခွန် ဆင်စခန်း ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်သည်။
10-Jan-2018
ဧရာဝတီတိုင်း ပုသိမ်ခရိုင်ရှိ ပုသိမ်မြို့မှ ချောင်းသာကမ်းခြေဒေသနှင့် မော်တင်ကမ်းခြေဒေသသို့ သွားရာ ကားလမ်းနှစ်ခုကို ယခုဘဏ္ဍာနှစ်တွင် အဆင့်မြှင့်ကာ တိုးချဲ့ဖောက်လုပ်နေကြောင်း ပုသိမ်ခရိုင် လမ်းဦးစီးဌာနထံမှ သိရသည်။
10-Jan-2018
လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာနှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ကနောင်တန်ဖိုးနည်း အိမ်ရာတိုက်ခန်း ဝယ်ယူလိုသူများ ဇန်နဝါရီလ ၈ ရက်နေ့က စတင်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
10-Jan-2018
ကျပ်သိန်းပေါင်း သောင်းနှင့်ချီ၍ ဆန်လိမ်လည်မှုဂယက်တစ်ခု ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဈေးကွက်အတွင်း ဆန်အရောင်းအဝယ် အေးစက်ပြီး ဆန်ဈေးနှုန်းများ ကျဆင်းကြောင်း ဘုရင့်နောင်ဆန်ဈေးကွက်အတွင်းမှ သိရသည်။
10-Jan-2018
ရေထွက်ပစ္စည်း ပို့ကုန်များဖြစ်သည့် ငါးရှဥ့်၊ ငါးလင်ပန်းများ ပြည်ပသို့တင်ပို့ရာတွင် သဘာဝမှဖမ်းဆီးရမိသည့် အကောင်သေးများကိုသာ တင်ပို့နေရသဖြင့် ဈေးကောင်းမရရှိသောကြောင့် နည်းပညာများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
10-Jan-2018
ပြည်တွင်းရှိ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို အသေးစား အလတ်စားချေးငွေ ကျပ် ၆၀ ဘီလီယံအထိ ထုတ်ချေးထားကြောင်း မြန်မာ့စီးပွားရေးဘဏ်ထံမှ သိရသည်။
10-Jan-2018
ရန်ကုန်တိုင်းရှိ ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းအတွက် အွန်လိုင်းစနစ်ဖြင့် (Online Booking System) ကြိုတင်ရက်ချိန်းယူခြင်းကို ဇန်နဝါရီလ ၂ ရက်က စတင်ဆောင်ရွက်ရာတွင် တစ်ရက်လျှင် စီးရေ ၄၀၀ ကျော်ထိ ရှိလာကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) ထံမှ သိရသည်။