News

24-Jan-2018
ရှစ်လေးလုံး ဒီမိုကရေစီ လူထုအရေးလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇော်မင်း (ခ) ဘောင်းဘောင်း ဈာပနအခမ်းအနားသို့ နိုင်ငံရေးလှုပ်ရှားသူ ငါးရာကျော် တက်ရောက်ခဲ့သည်။
24-Jan-2018
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) အဖွဲ့ဝင် ကျောင်းသား ကျောင်းသူများက ပညာရေးအသုံးစရိတ် တိုးမြှင့်ရေး ဆန္ဒထုတ်ဖော်လျက်ရှိရာ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းမှု အဆင်မပြေသဖြင့် တောင်းဆိုမှုကို အရှိန်မြှင့်မည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူများက ပြောကြားသည်။
24-Jan-2018
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄)၊ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးရှိ ကျူးကျော်တဲ အိမ်တစ်လုံးတွင် ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မီးသွေးမီးဖိုဖြင့် ရေနွေးအိုးတည်ပြီး အိပ်ပျော်သွားရာက စတင်မီးလောင်ခဲ့ပြီး ကျူးကျော်တဲ အိမ်အလုံး ၇၀ ခန့် မီးလောင်ဆုံးရှုံးကာ အမျိုးသားတစ်ဦး မီးလောင်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
24-Jan-2018
တရုတ်နိုင်ငံရှိ ကြွေပြားစက်ရုံတွင် အလုပ်ရမည်ဟုဆိုကာ ခေါ်ဆောင်၍ တရုတ်မယားအဖြစ် ရောင်းစားခံခဲ့ရသော အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဇန်နဝါရီလ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က ပြန်လည်ရောက်ရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
24-Jan-2018
မြန်မာနိုင်ငံသားနှစ်ဦး၏ လိပ်ကျွန်းအမှု နောက်ဆုံးအယူခံ ဆုံးဖြတ်ချက်ချရန် ထိုင်းအစိုးရဘက်က လျှောက်လဲချက် မတင်သေးသည့်အတွက် ထိုင်းတရားရုံးက တစ်ရက် ထပ်တိုးပေးလိုက်ကြောင်း အဆိုပါအမှု၏ အထူးစုံစမ်းစစ်ဆေးရေး ကော်မတီဝင် အကြံပေးရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။
23-Jan-2018
နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် စွပ်စွဲခံရသည့် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦး၏ အာမခံ လျှောက်ထားချက်ကို ဖေဖော်ဝါရီလ ၁ ရက်တွင် ပြုလုပ်မည့် တတိယမြောက်ရုံးချိန်းတွင် တရားသူကြီးက ဆုံးဖြတ်မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။
23-Jan-2018
ပြည်တွင်းသို့ ဘယ်မောင်းကားများသာ တင်သွင်းရောင်းချခွင့်ပြုထားရာ ဒူဘိုင်းနှင့် အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ထုတ်လုပ်သည့်ကားများကို တင်သွင်းရောင်းချရန် လေ့လာနေကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။
23-Jan-2018
ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်မည့် ဒုက္ခသည်များကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHRC) က စစ်ဆေး မေးမြန်းမည်ဟု ဘင်္ဂလားဒေ့ရှ် သံရုံး ကော်မရှင်နာက အကြောင်းကြားထားကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်တင်က ပြောကြားသည်။
23-Jan-2018
လေဘေးဒဏ်ခံ အဆောက်အအုံ (Cyclone Shelter) ၈၆ လုံးကို ကျပ် (၁၅.၉၇၃) ဘီလီယံ အကုန်အကျခံ၍ ယခုနှစ်အတွင်း အပြီးတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
23-Jan-2018
လျှော်ဖြူ (ခေါ်) ဆေးကုလားမပင်ကို တရားဝင်ဈေးကွက်ရှိသည့် ပို့ကုန်အဖြစ်တင်ပို့နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နေပြည်တော် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်က ပြောကြားသည်။
23-Jan-2018
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၆၃ ရပ်ကွက်၊ ရွှေလီလမ်းရှိ စက္ကူစက်ရုံမှ ပိုင်ရှင်ဖြစ်သူ အသက် ၆၂ နှစ် ဦးချစ်လှကို ဝါးတုတ်ဖြင့် ရိုက်သတ်ပြီး ရွှေဆွဲကြိုးတစ်ကုံး၊ ငွေကျပ်နှစ်သိန်းကျော်နှင့် လက်ကိုင်ဖုန်းသုံးလုံးကို ယူသွားသည့် ညီအစ်ကိုနှစ်ဦးကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
23-Jan-2018
ဒေသခံများ၏ ကန့်ကွက်မှုကြောင့် မြန်မာနိုင်ငံမြောက်ဖျား ခါကာဘိုရာဇီဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် အဆိုပြုလွှာ ယူနက်စကိုထံ တင်သွင်းခြင်းကို ရွှေ့ဆိုင်းလိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
23-Jan-2018
မြောက်ဥက္ကလာပမြို့နယ်၊ (င) ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးပေါ်ရှိ လေးလွှာတိုက်ခန်းတစ်ခုတွင် ငှားရမ်းနေထိုင်သော အသက် ၂၇ နှစ်အရွယ် ရည်းစားဖြစ်သူ၏နေအိမ်သို့ လာရောက်ညအိပ်သည့် ထိုင်ဝမ်မှအမျိုးသားကို အိမ်ကျော်နင်းဝင်ရောက်သူ အမျိုးသားတစ်ဦးက ဓားနှင့်ဆင့်ထိုးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
23-Jan-2018
အောင်ဇမ္ဗူသာသနာပြုအဖွဲ့က မန္တလေးမြို့တော်ရှိ သီလရှင်အပါး ၃၅၀၀ ကို ဇန်နဝါရီလ ၂၂ ရက်နေ့က သီလရှင်ဝတ်စုံများနှင့် အလှူငွေများ ပထမဦးဆုံးအကြိမ် လှူဒါန်းထောက်ပံ့ပေးခဲ့သည်။
23-Jan-2018
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ၁၆၇ လမ်းအတွင်းရှိ လမ်းဘေးဈေးသည်များကို အများပိုင်နေရာတွင် ဈေးရောင်းချခြင်းမပြုလုပ်နိုင်ရန် ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။