News

05-Sep-2017
မော်တာနိုင်ငံတွင် လည်ပတ်လှုပ်ရှားနေသော ကယ်ဆယ်ရေး သင်္ဘောတစ်စင်းကို မြန်မာနိုင်ငံ ရေပြင်ဘက်သို့ စေလွှတ်မည်ဖြစ်ကာ လက်ရှိ ဖြစ်ပွားနေသော ရိုဟင်ဂျာ (မူရင်းသတင်းမှ အသုံး အနှုန်း) ပြဿနာကို အကူအညီပေးနိုင်ရန် ဖြစ်ကြောင်း ကမ်းလွန် ရွှေ့ပြောင်းကူညီရေး အစီအစဉ် (MOAS) အဖွဲ့က ထုတ်ပြန်ထားကြောင်း CNA သတင်းတစ်ရပ်က ဖော်ပြထားသည်။
05-Sep-2017
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာ့မီးရထားအနေနှင့် မြို့ပတ်ရထား ခရီးစဉ်များမှ တစ်ရက်လျှင် ကျပ်တစ်သိန်းခန့် အမြတ်ငွေ ရရှိပြီဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
05-Sep-2017
မြန်မာနိုင်ငံ၏ Cyber Space ကို စိန်ခေါ်တိုက်ခိုက်ခဲ့သည့် Ayyildiz Tim အမည်ခံ တူရကီဟက်ကာအဖွဲ့၏ ဝက်ဘ်ဆိုက်ကို မြန်မာဟက်ကာများက တိုက်ခိုက်လိုက်ပြီဖြစ်သည်။
04-Sep-2017
အလုပ်သမားဥပဒေပါ အခွင့်အရေး ချိုးဖောက်သည့် စက်ရုံများအနက် လှိုင်သာယာမြို့နယ်ရှိ စက်ရုံများသည် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု အများဆုံးဖြစ်ကြောင်း အလုပ်သမားများအရေး ဆောင်ရွက်နေသည့် တို့မျိုးဆက်ကွန်ရက်ထံမှသိရသည်။
04-Sep-2017
ပြည်တွင်း၌ ကျပ်ငွေစက္ကူများ အတုပြုလုပ်မှု အများအပြား တွေ့ရှိလာသည့်အတွက် ကျပ်ငါးထောင်တန်နှင့် ကျပ်တစ်သောင်းတန် ငွေစက္ကူများကို လုံခြုံရေး တိုးမြှင့်၍ ဒီဇိုင်းအသစ်များ ထပ်မံ ထုတ်ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
04-Sep-2017
ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ၁၆ ရပ်ကွက် သာယာရွှေပြည်လမ်းရှိ ILBC ကျောင်း ကျောင်းကြို/ပို့ ကားများကြောင့် လမ်းပိတ်ဆို့မှုဖြစ်၍ သင့်တော်သည့်နေရာသို့ ပြောင်းရွှေ့ပေးရန် ယင်းရပ်ကွက်နေ ပြည်သူ ၄၀ဝ ကျော်က တောင်းဆိုကြောင်း တောင်းဆိုသူများကိုယ်စား ဦးဖေမြင့်က ပြောဆိုသည်။
04-Sep-2017
ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များတွင် နည်းပြ၊ သရုပ်ပြခန့်ထားရာ၌ ကျေနပ်မှုမရှိ၍ တိုင်ကြားလာသည့် တိုင်ကြားစာ လေးစောင်ရရှိကြောင်း လေ့လာသူအဖြစ် ပါဝင်စောင့်ကြည့်ခွင့်ရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ထံမှ သိရှိရသည်။
04-Sep-2017
အာဇာနည်ခေါင်းဆောင် တစ်ဦးဖြစ်သူ သခင်မြ၏ နှစ် ၁၂၀ ပြည့်မွေးနေ့ပွဲကို ပထမဆုံးအဖြစ် အလုံမြို့နယ်၊ သခင်မြ ပန်းခြံတွင် အောက်တိုဘာလ ၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အလုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက ပြောကြားသည်။
04-Sep-2017
ရခိုင်ပြည်နယ် မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သမ္မတရုံးက သတ်မှတ်ပေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်း (ပြည်သူ့ဆက်ဆံရေး နှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး)က The Voice သတင်းစာသို့ အတည်ပြု ပြောကြားသည်။
04-Sep-2017
ရန်ကုန်တိုင်းတွင်း မြို့နယ် ၂၀ ကျော်မှ ပျက်စီးနေသည့်လမ်းပိုင်းများ တိုးချဲ့ဖောက်လုပ်ရန် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ကျပ် ၁၄ ဘီလီယံကျော် သုံးစွဲခွင့်ပြုကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။
04-Sep-2017
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်နိမိတ် ခြံစည်းရိုး မိုင်ပေါင်းလေးဆယ်ကျော် ကာရန် ကျန်ရှိသည့် စီမံကိန်းကို (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်အတွင်း ဘတ်ဂျက်မရှိ၍ ကာရံရန် မရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။
04-Sep-2017
တာမွေမြို့နယ် မြို့နယ်မီးသတ်စခန်းရှေ့ အမှိုက်ပုံးတွင် နွားခေါင်းနှင့် နွားရိုးများ စွန့်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့် ရှင်းရေးဌာနထံမှ သိရသည်။
04-Sep-2017
တူရကီဟက်ကာများက မြန်မာနိုင်ငံအပေါ် ဆိုက်ဘာစစ်ပွဲဆင်နွဲရန်ကြေငြာထားပြီး ဆိုက်ဘာတိုက်ခိုက်မှုများကို ဆက်တိုက်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၄ ရက် နံနက် ၃ နာရီ ခန့်အထိ နောက်ဆုံးသိရသည့်သတင်းများအရ ဗဟိုဘဏ်၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သတ္တုတွင်းဝန်ကြီးဌာနတို့၏ ဝက်ဘ်ဆိုက် ၂ ခု ထပ်မံတိုက်ခိုက်ခံခဲ့ရသည်။
03-Sep-2017
ပြီးခဲသည့် ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့ ကြောင့် အသက်ဆုံးရှုံးခဲ့သော နိုင်ငံ့ဝန် ထမ်းများ၊ ပြည်သူများအတွက် ဆုတောင်း မေတ္တာပို့ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ကျင်းပခဲ့သည်။
03-Sep-2017
သီတင်းကျွတ်ချိန်ခါ မိသားစုနှင့် ဆုံစည်းရန် မန္တလေးမြို့၊ တောင်ကြီးမြို့၊ မော်လမြိုင်မြို့၊ ပုသိမ်မြို့နှင့် ပြည်မြို့တို့သို့ ပြန်မည့်သူ ၁၀ဝ၀ ဦးအတွက် Ovaltine မြန်မာက အခမဲ့ ခရီးစဉ်များ စီစဉ်ပေးမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။