News

15-Oct-2017
စင်ကာပူနိုင်ငံ နန့်ယန်းနည်းပညာ တက္ကသိုလ် ပါမောက္ခများနှင့် ကျောင်းသား ၈၀ သည် မြန်မာနိုင်ငံ အင်းလေးဒေသကို သုံးရက်ကြာ လေ့လာမည်ဖြစ်ကြောင်း ယင်းအစီအစဉ်ကို ပူးပေါင်းပြုလုပ်သည့် Youth Social Force အဖွဲ့ဥက္ကဋ္ဌ ဒေါ်ကေသာယုက ပြောကြားသည်။
15-Oct-2017
အများပြည်သူ စိတ်ဝင်စားနေသော လာမည့်နှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။
15-Oct-2017
ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုတော့မည်ဆိုသည့် ထုတ်ပြန်ချက်တစ်ခု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းချုပ် (MAMDA) ထံမှ ထွက်ပေါ်လာပြီးနောက် ဂျပန်လေလံ မော်တော်ယာဉ် ဈေးနှုန်းများ ထိုးတက်သွားကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။
15-Oct-2017
ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်ကို အကူအညီပေးနိုင်ရေးအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ နိုင်ငံရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဂျက်ဖရီဖက်လ်မန်းသည် ပြည်နယ် ဝန်ကြီးချုပ်နှင့် အောက်တိုဘာ ၁၇ ရက်နေ့ တွေ့ဆုံဆွေးနွေးသွားမည်ဟု ရခိုင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဦးစီးမှူး ဦးမောင်မောင်က ပြောကြားသည်။
14-Oct-2017
ရခိုင်​ပြည်​နယ်​အ​ရေးတွင်​ မြန်​မာနိုင်​ငံဘက်​က ရပ်တည် ထောက်​ခံခဲ့ကြသည့် ရုရှား၊ တရုတ်​နှင့် အိန္ဒိယနိုင်​ငံ​ ခေါင်းဆောင်​များ၏ လုပ်​ရပ်​ကို ​ထောက်​ခံ​ကြောင်း ပြသသည့် ဆန္ဒ​ဖော်​ထုတ်​ပွဲကို ရန်​ကုန်​မြို့ မြို့​တော်​ခန်းမ အ​ရှေ့တွင်​ ​အောက်​တိုဘာလ ၁၄ ရက်​​နေ့ ည​နေပိုင်းက ပြုလုပ်​ခဲ့ကြသည်​။
14-Oct-2017
ရခိုင်ပြည်နယ်အတွင်း INGO, NGO များ ဝင်ရောက်ပြီး လုပ်ငန်းလုပ်ကိုင်ရန် ပြည်နယ် အစိုးရ၏ ပေါင်းစပ် ညှိနှိုင်းကော်မတီနှင့် တွေ့ဆုံဆွေးနွေးကာ ခွင့်ပြုချက် ရယူပြီးမှသာ ဝင်ရောက် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။
14-Oct-2017
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် အခမ်းအနား အောက်တိုဘာလ ၁၅ ရက်၌ ကျင်းပမည်ဖြစ်ရာ ယင်းသို့တက်ရောက်ရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဟောင်း ဦးသိန်းစိန်ကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်သွားရန် မရှိကြောင်း ၎င်းနှင့်နီးစပ်သူအချို့ထံမှ စုံစမ်းသိရှိရသည်။
14-Oct-2017
လှိုင်သာယာမြို့နယ်၊ အမှတ်(၁၉) ရပ်ကွက်၊ သုမင်္ဂလာလမ်းတွင် နေထိုင်သူ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ပေးဆပ်ရန် အကြွေးများကြောင့် ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
14-Oct-2017
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းတွင် ဖွင့်လှစ်ရောင်းချနေသည့် လမ်းဘေးဈေးသည်များ ကမ်းနားလမ်းညဈေးသို့ အောက်တိုဘာလ ၂၃ ရက်မှစတင် ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။
14-Oct-2017
မြန်မာတစ်နိုင်ငံလုံးရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၅၀ဝ ကျော်၏ ပညာသင်ကြားရေး အခြေအနေများကို သုတေသနပြုလုပ်နေကြောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဗဟို သုတေသနအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာသီဟဉာဏာ လင်္ကာရာ ဘိဝံသက The Voice သို့ မိန့်ကြားသည်။
13-Oct-2017
ရန်ကုန်မြို့တော်တွင် အခြေအနေမဲ့ တောင်းရမ်းစားသောက်နေသူများကို ဖယ်ရှားနေပြီး ယခုနှစ်အတွင်း ဖမ်းဆီး ထိန်းသိမ်းခဲ့သူ ၉၀ဝ ကျော်ရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က အောက်တိုဘာလ ၁၂ရက်တွင် ကျင်းပ သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တွင် ပြောကြားသည်။
13-Oct-2017
ရန်ကုန်ဘူတာကြီးတွင် အောက်တိုဘာလ ၁၂ ရက် နံနက် ၅ နာရီခန့်က အမှတ်(၂)စင်္ကြံသို့ ဆိုက်ကပ်လာသည့် အမှတ်(၃၆)အစုန်ကုန်တွဲ ရထားပေါ်မှ အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းမိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
13-Oct-2017
သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံဘုရားတွင် ငုံးဥပြုတ်လာရောင်းစဉ် တားမြစ်ခံရသည့် မွတ်ဆလင်တစ်ဦးဖြစ်သူ ဦးအောင်သန်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုကော်မတီဝင်များနှင့် အမျိုးသမီး ကော်မတီ တာဝန်ရှိသူများက တွေ့ဆုံခဲ့ကာ အလှူငွေ ကျပ် ၇သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။
13-Oct-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် ယခင်ကောလိပ်နေရာ အဟောင်းတွင် အမှတ် ၄ အခြေခံပညာ အထက်တန်းကျောင်းကို အောက်တိုဘာလ ၁၁ ရက်နေ့က စတင် ကျောင်းအပ်လက်ခံခဲ့ပြီး စတင် ဖွင့်လှစ်လိုက်ကြောင်း ရွှေဘိုမြို့နယ် ပညာရေးမှူး ဦးတင်ငွေက ပြောကြားသည်။
13-Oct-2017
ရှမ်းပြည်နယ် လွှတ်တော်ရုံးမှ အကြီးတန်းစာရေးဖြစ်သူ ကိုစိုးမင်းအောင်ကို အကြွေးငွေ ကျပ် ၁၄ သိန်း ပြန်မဆပ်နိုင်သည့် အငယ်တန်းစာရေးဖြစ်သူ ညီညီထွန်း ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။