News

14-Sep-2017
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများ ယခုလကုန် (စက်တင်ဘာလ) တွင် ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ယင်းဒုက္ခသည်စခန်းများမှ သိရသည်။
14-Sep-2017
ကျောင်းသားလူငယ် ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ပညာပေး ရုပ်ရှင်ဇာတ်လမ်းများ ပါဝင်ပြသမည့် အခမဲ့ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း စီစဉ်ကျင်းပမည့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂနှင့် ဂိုထေးအင်စကျူ မြန်မာထံမှ သိရှိရသည်။
14-Sep-2017
တောရိုင်းတိရစ္ဆာန်များကို အမဲလိုက် သတ်ဖြတ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အပေါ် ကာကွယ်ထိန်းသိမ်းရေးအနေနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စားသောက်ဆိုင်များတွင် တောကောင်သားဟင်းလျာ မရောင်းချရန် တားမြစ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောကြားသည်။
14-Sep-2017
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်နိမိတ်ခြံစည်းရိုး မိုင်ပေါင်းလေးဆယ်ကျော် ဆက်လက်ကာရံရန်နှင့် ကာရံပြီး ခြံစည်းရိုးကို အဆင့်မြှင့်ရန် ပြည်သူများ၏ လှူဒါန်းငွေများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဘဏ်အကောင့်ဖွင့်၍ လက်ခံသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ထံမှ သိရသည်။
13-Sep-2017
ရခိုင်ပြည်နယ် မောင်တောဒေသတွင် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဆရာများအနေနှင့် စက်တင်ဘာလ ၁၇ ရက် နောက်ဆုံး မိမိတို့တာဝန်ကျရာ စာသင်ကျောင်းသို့ ပြန်လာရမည်ဖြစ်ပြီး ပျက်ကွက်ပါက အရေးယူမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
13-Sep-2017
ဘူးသီးတောင် မောင်တောဒေသရှိ အကြမ်းဖက်မှုဖြစ်ရပ်များအပေါ် အစိုးရ၏လုပ်ဆောင် ဖြေရှင်းချက်များကို ထောက်ခံကြောင်းနှင့် အဖွဲ့အနေနှင့်လည်း အစိုးရနှင့် တစ်သားတည်း ရပ်တည်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောကြားသည်။
13-Sep-2017
မြန်မာတိုင်းရင်းသား ၁၃၅ မျိုး၌ ရိုဟင်ဂျာဟူသော တိုင်းရင်းသားမရှိကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသား ၅၀၀ သည် ဂျပန်နိုင်ငံ တိုကျိုမြို့ Shibuya ရပ်ကွက်ရှိ UN ရုံးရှေ့ (ကုလသမဂ္ဂ တက္ကသိုလ်ရှေ့) ၌ ယနေ့ (စက်တင်ဘာလ ၁၃ ရက်)က ဆန္ဒပြခဲ့ကြသည်။
13-Sep-2017
ကလေးများ မွေးကင်းစမှစတင်၍ အပျိုဖော်ဝင်အရွယ် ရောက်ရှိလာသည်အထိ ဖွံ့ဖြိုးမှုနှင့် စွမ်းရည်များအပေါ် မိဘများ၏ လေ့ကျင့်သင်ကြားမှု အားနည်းခြင်းကြောင့် ကလေးများတွင် အပြုအမူပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာကြောင်း ဒေါက်တာဌေးဌေး (စိတ်ပညာအထူးပြု) က ပြောကြားသည်။
12-Sep-2017
ရန်ကုန်လိုင်စင် ရရှိထားသော ၂ တန်နှင့် ၂ တန်အထက် ယာဉ်များအားလုံး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံတွင် စက်တင်ဘာလမှစ၍ သုံးလအတွင်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။
12-Sep-2017
နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်လျက်ရှိသော ဆူပူမှုများတွင် ကြံ့ခိုင်ရေးပါတီ နောက်ကွယ်က ပါဝင်နေကြောင်း စွပ်စွဲပြောဆိုသူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။
12-Sep-2017
ရန်ကုန်မြစ်အတွင်း ရေကြောင်းတက္ကစီ Water Taxi အဖြစ် ပြေးဆွဲမည့် ပြည်တွင်းထုတ်ရေယာဉ်၏ ခရီးသည် တင်ဆောင်နိုင်မှုကို စစ်ဆေးရန် စက်တင်ဘာလ ၁၀ ရက်က စမ်းသပ်မောင်းနှင်ခဲ့ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံ သိရသည်။
12-Sep-2017
ဂျပန်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ထွက်ပြေးပါက အာမခံကြေး အနေနှင့် လုပ်ခလစာ၏ ငါးဆကို လျော်ကြေးအဖြစ် ပေးရန်အတွက် စာချုပ်ချုပ်ဆိုရာတွင် ချုပ်ဆိုခွင့်ပြုရန် ဂျပန်သို့ လုပ်သားပို့ဆောင်သည့် အေဂျင်စီများမှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံ ယခုရက်ပိုင်းအတွင်း တောင်းဆိုမည် ဖြစ်ကြောင်း အဆိုပါ အေဂျင်စီများထံမှ သိရသည်။
12-Sep-2017
မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေးကို နိုဝင်ဘာလ ၁ ရက်တွင် စတင်တည်ဆောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
12-Sep-2017
လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့ခဲ့သည့် ယာဉ်ထိန်းရဲကို ဆဲဆိုခဲ့သူအား ပုဒ်မသုံးခုဖြင့် အမှုဖွင့် အရေးယူထားသော်လည်း စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
11-Sep-2017
ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် မောင်တောမြို့နယ် တောင်ပြို လက်ဝဲကျေးရွာတွင် ပြောင်းရွှေ့ နေထိုင်နေသည့် နံ့သာတောင် ပရဟိတစာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို စက်တင်ဘာလ ၁၀ ရက်က မောင်တောမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးထံမှ သိရသည်။