News

23-Aug-2019
အခြေခံဥပဒေကို တစ်ပိုင်းစီ၊ တစစီဖြင့် ပြင်နေမည်ဆိုပါက တိုင်းရင်းသားနိုင်ငံသားများထံတွင် တည်နေသည့် အချုပ်အခြာအာဏာ ပျက်သုဉ်းလာနိုင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (သမ္မတရုံးဝန်ကြီးဟောင်း) ဦးစိုးသိန်းက တင်ပြပြောဆိုလိုက်သည်။
23-Aug-2019
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့စက်ရုပ်အားကစားပြိုင်ပွဲ ၂၀၁၉ (World Robot Games 2019- Thailand) သို့ မြန်မာနိုင်ငံမှ နည်းပညာတက္ကသိုလ်ကျောင်သား ၈ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက ပြောသည်။
23-Aug-2019
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို ကိုယ်ကျိုးအတွက် ငွေကြေးအလွဲသုံးစားလုပ်မှု ရာဇသတ်ကြီး ပုဒ်မ ၄၀၉ ဖြင့် ဩဂုတ်လ ၂၂ ရက်နေ့က ပုသိမ်မြို့နယ် တရားရုံးတွင် စတင်စစ်ဆေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
23-Aug-2019
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၉၁ အနီးတွင် ယနေ့ နံနက် ၄ နာရီခန့်က Alphard ယာဉ်တစ်စီး မီးလာင်ပျက်စီးခဲ့သည်ဟု အမြန်လမ်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
23-Aug-2019
ကုန်ထုတ်လုပ်ငန်းရှင်များအနေနှင့် မိမိတို့၏ ကုန်ထုတ်လုပ်ငန်းများနှင့်ပတ်သက်၍ အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာအထောက်အပံ့များ လျှောက်ထားရယူနိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။
23-Aug-2019
ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမားများအနေနှင့် ကွမ်း အပါအဝင် တားမြစ်ပစ္စည်းများကို သယ်ဆောင်ပါက ပြည်ဝင်ခွင့် မပြုသည့်အထိ အရေးယူခံရနိုင်သဖြင့် သယ်ဆောင်ခြင်း မပြုလုပ်ရန် အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီက သတိပေးချက် ထုတ်ပြန်ထားသည်။
22-Aug-2019
မြန်မာနိုင်ငံအတွင်း ပြည်တွင်း၊ ပြည်ပမှ ဝင်ရောက်သည့်ရင်းနှီးမြှုပ်နှံမှုများအနေနှင့် ၂၀၁၉ ခုနှစ် နှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံရှိပြီး ယမန်နှစ်ကထက် ၇၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက ပြောကြားသည်။
22-Aug-2019
မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အောင်သပြေစစ်ကြောရေးအနီးတွင် သြဂုတ် ၂၂ ရက် နံနက် ၃ နာရီက ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ခါးကြားတွင်ထိုးထားသည့် ခြောက်လုံးပြူးသေနတ်မှာ လမ်းပေါ်ပြုတ်ကျစဉ် အမျိုးသား လေးဦးက ကောက်ယူထွက်ပြေးခဲ့သောကြောင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
22-Aug-2019
မင်္ဂလာဒုံမြို့နယ်၊ ပြန်လည်နေရာချထားရေးရပ်ကွက်တွင် သြဂုတ် ၂၁ ရက် ညနေပိုင်းက နေအိမ်အတွင်း ပုပ်ပွသေဆုံးနေသည့် ကျောင်းဆရာမတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
22-Aug-2019
အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်တွင် သြဂုတ် ၂၁ ရက် ညနေပိုင်းက ရေကန်ထဲရှိ ငါးမျှားကြိုးကို ဆင်းဆယ် ယူသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
22-Aug-2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံမည် ဩဂုတ် ၂၂ ရက် (ယနေ့) တွင် မြန်မာအစိုးရ တာဝန်ရှိသူများက စောင့်ဆိုင်းနေသော်လည်း စတင်သည့် နေ့တွင် တစ်ဦးမှ ဝင်ရောက်လာခြင်းမရှိကြောင်း အဆိုပါ ပြန်လည်လက်ခံရေးစခန်းများမှ သိရှိရသည်။
22-Aug-2019
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်တွင် အလုပ်လာရှာသည့် အမျိုးသမီးတစ်ဦးကို ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခဲ့သည့်အဖွဲ့မှ သုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
22-Aug-2019
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့သည် နှစ်ပေါင်း ၅၀ ကျော်အတွင်း အနိမ့်ဆုံးအပူချိန်စံချိန်သစ်ကို သြဂုတ်လ ၂၂ ရက်နေ့က ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
22-Aug-2019
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖေ့စ်ဘွတ်ခ့်အကောင့်တစ်ခုမှ ပုတ်ခတ်ရေးသားပြောဆိုခဲ့သည်ဆိုကာ တောင်ငူမြို့နယ် ဒိုးသောင်ကျေးရွာအုပ်စု ရွှေမင်းဝံကျေးရွာမှ အမျိုးသားတစ်ဦးကို သြဂုတ်လ ၂၁ ရက်တွင် နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်လှစ်ခဲ့ကြောင်း ထုံဘိုနယ်မြေရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
22-Aug-2019
စားကျက်မြေ ဧက ၂၇၀ တွင် ကျုးကျော် စိုက်ပျိုးလုပ်ကိုင်နေသူများကို ဖယ်ရှားရှင်းလင်းပေးရန် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၏ဇာတိ ကြံသနွယ်ကျေးရွာဒေသခံ တောင်သူ ၂ဝ ကျော်က သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်က ရေတာရှည်မြို့ပေါ်တွင် စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ဦးဆောင်သူ ဦးစံမြင့်က ပြောကြားသည်။