News

17-Aug-2019
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ ဇွဲကနာကျေးရွာတွင် ပါးရိုက်ဆုံးမခံရသူများက ၎င်းတို့ရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖယ်ရှားပေးပါရန် သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများထံ တိုင်ကြားထားကြောင်း ယင်းမြို့နယ်မှ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူထံမှ သိရသည်။
16-Aug-2019
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲတွင် တပ်မတော်၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကျဆင်းစေရန်နှင့် ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ဟောပြောခဲ့သည်ဟုဆိုကာ တရားစွဲခံရသောဦးနေမျိုးဇင်ကို ယနေ့ (သြဂုတ်လ ၁၆ ရက်နေ့တွင် တိုက်ကြီးတရားရုံး၌ (၁၀) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။
16-Aug-2019
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တန် ၁၀၀ ကျ ဆန်စက်အနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်တွင် သြဂုတ် ၁၅ ရက်နေ့ ည ၁၁ နာရီခန့်က ရေဘေး ကူညီရန်လာသည်ဟုဆိုသော လိုင်စင်မဲ့ ကုန်တင်ယာဉ်လေးစီးကို ဖမ်းဆီးရမိခဲ့သည်ဟု ညောင်လေးပင်မြို့ မရဲစခန်းမှသိရသည်။
16-Aug-2019
သတ်မှတ်ကာလအတွင်း လာမထုတ်၍ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရရှိသည့် ထီဆုမဲပမာဏသည် တစ်လလျှင် ကျပ်သန်း ၇၀၀ မှ ၁ ဘီလီယံကြားရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။
16-Aug-2019
ကြံ့ခိုင်ရေးပါတီမှ တင်သွင်းထားသည့် အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းအစိတ်အပိုင်းနှစ်ခုလုံးကို ၄၅ ဦးပါဝင်သော ပူးပေါင်းကော်မတီက ဥပဒေမူကြမ်း ရေးဆွဲရေးလုပ်ငန်းစဉ်အတွင်း ထည့်သွင်းဖော်ဆောင်သွားရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလိုက်သည်။
16-Aug-2019
လွန်ခဲ့သည့် ခန့်မှန်းနှစ် တစ်သောင်းခန့်က ကျောက်လက်နက်များ တွေ့ရှိခဲ့သည့်နေရာကို ယခုအခါ သုတေသန ပြုလုပ်နေကြောင်း ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) ထံမှ သိရသည်။
16-Aug-2019
မိုးသည်းထန်မှုကြောင့် မကွေးတိုင်းအတွင်းမြို့နယ်အချို့တွင် နှမ်းစိုက်ဧက ၁၅,၀၀၀ ကျော် ရေမြုပ်ခဲ့သည့်အနက် ဧက ၈၀၀၀ ကျော် လုံးဝပျက်စီးခဲ့ကြောင်း ဩဂုတ် ၈ ရက်အထိ စစ်တမ်းကောက်ယူမှုများအရ မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
16-Aug-2019
ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် ဩဂုတ် ၁၂ ရက်နေ့က ၆၉ နှစ်ပြည့် ကရင်အာဇာနည်နေ့ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ KWU (ကရင်အမျိုးသမီး အစည်းအရုံး) ဥက္ကဋ္ဌ နော်အုန်းလှအပါ ၃ ဦးကို ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ထားကြောင်း ကျောက်တံတားရဲစခန်းမှ သိရသည်။
16-Aug-2019
တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြလိုပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ခွင့်ပြုချက်တောင်းရန် အဆင့်မြင့် ပညာဦးစီးဌာနက ဩဂုတ် ၁၃ ရက် ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်သည်။
16-Aug-2019
ရေကြီးမြေပြိုကျမှုကြောင့် လမ်းပိုင်းပဲ့ကျသွားခဲ့သည့် တနင်္သာရီတိုင်း-ရန်ကုန် အမှတ် ၈ လမ်းမကြီး၏ မလွှဲတောင်လမ်းပိုင်းတွင် ဘေလီတံတားတည်ဆောက်နေပြီး ပြီးစီးပါက ၂၄ တန်အောက် ယာဉ်များကိုသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။
15-Aug-2019
သတ်မှတ်ကာလအတွင်း လာမထုတ်၍ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရရှိသည့် ထီဆုမဲပမာဏသည် တစ်လလျှင် ကျပ်သန်း ၇၀၀ မှ ၁ ဘီလီယံကြားရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။
15-Aug-2019
မြန်မာနိုင်ငံတွင် ပထမဦးဆုံး Junk Food Free စံပြကျောင်းဖြစ်သည့် အထက (၂) စမ်းချောင်းနှင့် Nestle MILO တို့ပူးပေါင်း၍ ကျောင်းနေ အရွယ်ကလေးများ မှန်ကန်သည့် စားသောက်မှုပုံစံ အလေ့အကျင့်ကောင်းများ ရရှိစေရေး ပညာပေးလှုပ်ရှားမှုကို ဩဂုတ်လ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း Nestle MILO ထံမှ သိရသည်။
15-Aug-2019
လာမည့်အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ မြန်မာယူနီကုဒ်စနစ်ကို အသုံးပြုရန် မိုဘိုင်းလ်အော်ပရေတာ အားလုံးထံ ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း အဆိုပါ အော်ပရေတာများထံမှ သိရသည်။
15-Aug-2019
မြန်မာနိုင်ငံအတွင်း အရက်ပုန်းရောင်းချသည့်ဈေးကွက် ပြန်လည် မပေါ်ပေါက်စေရန် အခွန်ဥပဒေမူကြမ်းတွင် တင်ပြထားသည့်နှုန်းထားများကို ပြန်လည်စိစစ်ပေးစေလိုကြောင်း Myanmar Distllery Co., Ltd. မှ သိရသည်။
15-Aug-2019
အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများအတွက် အမျိုးသားအဆင့် SME လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်ပေါ်တယ်ကို စက်မှုဝန်ကြီးဌာနနှင့် ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) တို့ ပူးပေါင်းတည်ဆောက်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။