News

POST TYPE

LOCAL

အာဇာနည်နေ့ အထူးအစီစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ဆန်းဦးတို့၏ ငယ်ဘဝပုံရိပ်များ ပြသမည်
05-Jul-2017
ရန်ကုန်၊ ဇူလိုင် ၅

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ် အထူးအစီစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ဆန်းဦးတို့၏ ငယ်ဘဝ ပုံရိပ်များကို ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် ထည့်သွင်းပြသမည်ဖြစ်ကြောင်း အမျိုးသားပြတိုက် (ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အာဇာနည်နေ့ အထိမ်းအမှတ် အထူးအစီအစဉ်များတွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများကိုစုစည်းကာ ခင်းကျင်းပြသမှုများအပြင် ကလေးအိပ်ခန်းဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ဆန်းဦးတို့၏ ငယ်စဉ်က အသုံးပြုခဲ့သည့် အရုပ်များ၊ စာအုပ်များ၊ အဝတ်အစားများနှင့် လက်ရေးမူများ အပါအဝင် ငယ်ဘဝ ပုံရိပ်များကိုလည်း ထည့်သွင်းပြသမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အာဇာနည်နေ့တွင်ပြသရန် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်ပြတိုက် ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။

J-14


  • VIA