News

POST TYPE

LOCAL

မြန်မာ-ကိုရီးယား စက်မှုဇုန်စီမံကိန်း စတင်
04-Jul-2017
ရန်ကုန်၊ ဇူလိုင် ၄

မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်း ဆောက်လုပ်မည့် စက်မှုဇုန်စီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် စတင် တည်ဆောက်သွားမည်ဖြစ်ပြီး မြေပြင်ရှင်းလင်းရေး လုပ်ငန်းများ စတင်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာနထံမှ သိရသည်။

အဆိုပါ စက်မှုဇုန်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ညောင်နှစ်ပင်မြို့နယ်ရှိ မြေ ၅၇၀ ဧကပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။

မြန်မာ-ကိုရီးယား စက်မှုဇုန် စီမံကိန်းတွင် လုပ်ကိုင်သည့် အလုပ်သမားများအတွက် လုပ်ငန်းဆိုင်ရာ အလုပ်သမား သင်တန်းကျောင်း (Traning Center) များ၊ ဝန်ထမ်းများ နေထိုင်ရန် အဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းကို ကိုရီးယားနိုင်ငံမှ အမေရိကန် ဒေါ်လာသန်း ၁၀ဝ ကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကိုရီးယားနိုင်ငံမှာဆောက်တဲ့ စက်မှုဇုန်တွေအတိုင်း စံချိန်စံညွှန်းအတိုင်း တည်ဆောက်မယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါလာမယ်။ ကိုရီးယားနိုင်ငံက ဒီမှာစက်မှုဇုန် လာဆောက်ပြီး ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့အတွက် ကိုရီးယားနိုင်ငံက နည်းပညာတွေရမယ်”ဟု ဦးဝင်းနိုင်ကဆိုသည်။

ဒီဇိုင်း ဆွဲသည့်အပိုင်းနှင့် ကြီးကြပ်မှု တာဝန်ကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူမည်ဖြစ်ပြီး ကိုရီယားနိုင်ငံမှ အပြည့်အဝ ရင်းနှီးမြှုပ်နှံကာ အကောင်အထည်ဖော် တည်ဆောက်မည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

စက်မှုဇုန ်စီမံကိန်း တည်ဆောက်မှုအတွက် ကိုရီးယားနိုင်ငံ Korea Land and Housing Corporation ကုမ္ပဏီမှ ၆၀ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရမှ ၄၀ ရာခိုင်နှုန်းဖြင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်မည်ဖြစ်သည်။

J-10


  • VIA