News

POST TYPE

LOCAL

NLD နာယက ဦးတင်ဦး ကျန်းမာစေရန် ရည်ရွယ်၍ စုပေါင်းသွေးလှူမည်
25-May-2017
ရန်ကုန်၊ မေ ၂၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကကြီး ဦးတင်ဦး ကျန်းမာစေကြောင်း ရည်ရွယ်၍ စုပေါင်းသွေးလှူဒါန်းပွဲကို မေလ ၂၇ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း NLD ပညာရေးကွန်ရက် ညှိနှိုင်းရေးမှူး ဦးအောင်လေးနွယ်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်၊ ပညာဒါနကျောင်းများ စုပေါင်း၍ သွေးလှူဒါန်းခြင်း ဖြစ်ပြီး ပြင်ပမှ လှူဒါန်းလိုသူများသည် အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြား၊ ကျန်းမာရေးကောင်းမွန်သူ မည်သူမဆို နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီအထိ အမျိုးသားသွေးလှူဘဏ်သို့ လာရောက်လှူဒါန်းနိုင်ကြောင်း NLD ကျန်းမာရေးကွန်ရက်ထံမှ သိရသည်။

J-12