News

POST TYPE

LOCAL

သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် လွတ်ငြိမ်းချမ်းသာခွင့်၌ ပါဝင်
23-May-2017
ရန်ကုန်၊ မေ ၂၃ 

၂၁ ရာစုပင်လုံကို ကြိုဆိုသောအားဖြင့် နိုင်ငံတော်သမ္မတက အကျဉ်းသားများကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးရာတွင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ပါဝင်ကြောင်း ဦးဆန်းဆင့်၏ အစ်ကိုဖြစ်သူ အမျိုးသားလွှတ်တေ်ကိုယ်စားလှယ် ဦးဆန်းမြင့် The Voice သတင်းစာသို့ အတည်ပြုပြောကြားသည်။

“မိသားစုဝင်တွေ တောင်ငူထောင်သို့ ယခုသွားနေပါတယ်။ သမ္မတကြီးရဲ့ လွတ်ငြိမ်းခွင့် ပေးတဲ့ အထဲမှာ ပါဝင်လာတယ်”ဟု ဦးဆန်းမြင့်က ပြောသည်။

“၂၁ ရာစုပင်လုံကို ကြိုဆိုသောအားဖြင့် နိုင်ငံတော်သမ္မတက အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေး” ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ )ရာစုပင်လုံကို ကြိုဆိုသောအားဖြင့် နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၇၃ ဦးတို့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော် တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သူ ဦးဆန်းဆင့်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အလွန်တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ တင်မြောက်ခံခဲ့ရသောလည်း ဦးသိန်းအောင် ဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပွတ်တိုက်မှုများ မကြာခဏ ဖြစ်ပေါ်မှုကြောင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီတွင် သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရသည်။

သာသနာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီး တစ်နှစ်ကျော်အကြာတွင် နိုင်ငံတော်အစိုးရအပေါ် အကြည်ညို ပျက်စေမှု၊ ယုံကြည်အပ်နှံဖောက်ဖျက်မှုများဖြင့် တရားစွဲခံရပြီးနောက် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရပြီး ရမည်းသင်း ထောင်မှ တောင်ငူ ထောင်သို့ ရောက်ရှိနေသူ ဖြစ်သည်။



  • VIA