News

POST TYPE

LOCAL

ဦးသိန်းစိန်လက်ထက် အစိုးရဝန်ကြီးဌာနများ၏ ငွေကြေး သုံးစွဲမှုများကို ပြန်စစ်ခိုင်းပါက ပြန်စစ်မည်
04-May-2017

နေပြည်တော်၊ မေ  ၎

နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် အစိုးရဝန်ကြီးဌာနများ၏ ငွေကြေးသုံးစွဲမှုများကို အထက်အမြင့်ဆုံးအဖွဲ့က ပြန်လည်စစ်ဆေးရန် ညွန်ကြားလျှင် ပြန်စစ်မည်ဟု ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားလိုက်သည်။

ယခင်အစိုးရလက်ထက် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ချက်များကို စာရင်းစစ်ချုပ် ကိုယ်တိုင် စစ်ဆေးခဲ့ပြီး ထွက်လာသည့် ရလဒ်ကို အစိုးရသစ်ကို အစီရင်ခံစာ တင်ပြသည့် နေရာတွင် ယခင်ငါးနှစ်တာ လုပ်ဆောင်ချက်များကိုပါ တင်ပြထားကြောင်း၊ ၅ နှစ်တာ တွေ့ရှိချက်များတွင်  ရည်ရွယ်ချက် ရည်မှန်းချက်များ ကောင်းသည့်အပြင် အထိုက်အလျောက် အောင်မြင်မှုရှိကြောင်း ၎င်းက ပြောကြားသည်။

“ပြီးခဲ့တဲ့ ၅ နှစ်တာကာလ လုပ်ဆောင်မှု အားလုံးကို ပြန်စစ်ပေးဖို့ ညွှန်ကြားရင် စစ်ပေးရမယ်၊ ဒါပေမဲ့ ကျွန်တော်တို့မှာ လွတ်လပ်မှုဆိုတာ ရှိတယ်”လို့ ၎င်းက ဆိုသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ် ပြောကြားခဲ့သော အထက်အမြင့်ဆုံးအဖွဲ့သည် သမ္မတရုံး၊ ပြည်ထောင်စုလွှတ်တော် စသည့် မည်သည့်အဖွဲ့အစည်းကို ရည်ညွှန်းကြောင်း ထပ်မံ မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မရှိပေ။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အနေနှင့် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ စာရင်းစစ်ချုပ်ရုံးပေါင်း ၃၈၆ ရုံး ဖွဲ့စည်းထားပြီး ဝန်ထမ်း အင်အား ၅၂၀၂ ဦးရှိကြောင်း စစ်ဆေးရမည့်အဖွဲ့အစည်း စုစုပေါင်း ၁၅,၁၇၇ ခုကို စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးထံမှ သိရသည်။

T.L

  • VIA