News

POST TYPE

LOCAL

ဖားကန့်တွင် စက်ယန္တာရားပိုမိုအသုံးပြုလာမှု သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်
22-Dec-2016

ကျောက်မျက်တူးဖော်ရေးကုမ္ပဏီများက စက်ယန္တရားများပိုမိုအသုံးပြုလာသည်ဟုဆိုကာ ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု အလယ်ကုန်းကျေးရွာတွင် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း ယင်းဒေခံများထံမှ သိရသည်။

အဆိုပါဒေသတွင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီပိုင်စက်ယန္တရားများနှင့် မြေစာကားများ နေ့ညမပျက် သွားလာလုပ်ကိုင်လျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ကားတွေနေ့ညမနားသွားတော့ ဖုန်ထတယ်။ ပြီးတော့ လူသွားလာလို့ မရဘူး။ အဓိကကတော့ ကျန်းမာ​ရေး ထိခိုက်မယ်" ဟု ၎င်းက ပြောသည်။

ကျေးရွာအနားတွင် ကျောက်တူးဖော်မှုလျှော့ချရန်နှင့် မြေစာပုံများ မပုံရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ ဒေသခံများက တင်ပြတောင်းဆိုထားသော်လည်း တစ်စုံတရာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း ဆိတ်မူကျေးရွာအုပ်စု NLD ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို ဆိတ်မူကျေးရွာအုပ်စု အလယ်ကုန်းခေါ် ရှမ်းကုန်းကျေးရွာနှင့် အောက်မက်လိမ်ချောင်ကျေးရွာ နှစ်ရွာမှ ဒေသခံများပါဝင် ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

R-06
ဓာတ်ပုံ - U Shwe

  • VIA