News

POST TYPE

LOCAL

သမ္မတဦးသိန်းစိန်(ငြိမ်း) ကိုငါးနှစ်တာပြုပြင်ပြောင်းလဲမှုအတွက် ERIA ကဆုချီးမြှင့်မည်
09-Dec-2016

ရန်ကုန်၊ဒီဇင်ဘာ၉

မြန်မာပြုပြင်ပြောင်းလဲရေးကာလများဖြစ်သည့်၂၀၁၁ခုနှစ်မှ၂၀၁၆ခုနှစ်အတွင်းတာဝန်ယူခဲ့သည့်သမ္မတဦးသိန်းစိန်(ငြိမ်း)၏ကောင်းမွန်သောဦးဆောင်မှုများအတွက်အာဆီယံနှင့်အရှေ့အာရှဒေသစီးပွားရေးသုတေသနသိပ္ပံ(Economic Research Institute for ASEAN and East Asia -ERIA)က အထူးဆု ချီးမြှင့်မည်ဖြစ်ကြောင်း နိုဝင်ဘာလ၂၈ရက်နေ့က သတင်းထုတ်ပြန်သည်။

အဆိုပါဆုမှာ ကမ္ဘာ့ဒေသအသီးသီးမှ စီးပွားရေး၊ယဉ်ကျေးမှုနှင့် ဖွံဖြိုးတိုးတက်မှုကွာခြားမ လျော့ချနိုင်ရေးလုပ်ငန်းများကို အထူးကြိုးစား ဆောင်ရွက်နိုင်သူများကို ၂၀၁၂ခုနှစ်မှ စတင်ကာချီးမြှင့်ခြင်းဖြစ်သည်။

၂နှစ်တစ်ကြိမ် ပေးအပ်သည့် အဆိုပါဆုကို လာမည့်၂၀၁၇ခုနှစ် ဇန်န၀ါရီလ၁၅ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။
“ဆုရတာတော့ သေချာပါပြီ၊ ဂျပန်နိုင်ငံမှာသွားယူရမယ်။ ဒါပေမယ့် သူဆုသွားယူမယ်၊ မယူဖြစ်ဘူးဆိုတာကတော့ ခုထိမသေချာသေးပါဘူး။ သူ့ကိုမေးတော့လည်း သွားယူဖြစ်ဖို့ မယူဖြစ်ဖို့ ဘာမှမပြောသေးဘူး”ဟု ဦးသိန်းစိန်(ငြိမ်း)နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သမ္မတဦးသိန်းစိန်(ငြိမ်း) လက်ထက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ခြင်း၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးနိုင်ခြင်း၊ ၂၀၁၆ရွေးကောက်ပွဲကို အများလက်ခံနိုင်သည်အထိ ကျင်းပနိုင်ခြင်းတို့အပြင် စီးပွားရေးပြုပြင်ပြောင်းလဲမှု များစွာကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်။

တပ်မတော်အစိုးရ လက်ထက်တွင် ၀န်ကြီးချုပ်အဖြစ် အမြင့်ဆုံး တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတဦးသိန်းစိန်(ငြိမ်း) သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဖြစ်လာပြီး ၂၀၁၆ခုနှစ် မတ်လ၃၀ရက်နေ့တွင် အရပ်သားသမ္မတသစ်ထံသို့ အာဏာလွှဲပြောင်း ပေးခဲ့သူဖြစ်သည်။


  • VIA