News

POST TYPE

LOCAL

စက်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ၍ စက်မှုကုန်ချောတင်ပို့မှု မြင့်တက်
17-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

လက်ရှိအစိုးရလက်ထက်တွင် စက်မှုကဏ္ဍ၌ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများလာသဖြင့် စက်မှုကုန်ချောတင်ပို့မှုလည်း တိုးမြင့်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယခုဘဏ္ဍာနှစ် လေးလတာကာလတွင်း ပြည်ပသို့စက်မှုကုန်ချောတင်ပို့မှမှ အမေရိကန်ဒေါ်လာသန်း ၂၉၀၀ ကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူက အမေရိကန်ဒေါ်လာသန်း ၂၁၀၀ ကျော်သာ ရရှိခဲ့သောကြောင့် ကာလတူနှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာသန်း ၈၀ဝ နီးပါး မြင့်တက်လာကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“အထည်ချုပ်တွေ သဘာဝဓာတ်ငွေ့ကဏ္ဍတွေက ပို့ကုန်ရငွေတွေ အဓိကရတာပါ။ စက်မှုကုန်ချောများများပို့နိုင်ဖို့ဆိုရင် တန်ဖိုးမြှင့်ထုတ်ကုန်တွေ များများထုတ်ဖို့လည်း လိုပါတယ်”ဟု ယင်းဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ယခုအစိုးရတက်လာပြီးနောက်ပိုင်းတွင် စက်မှုကဏ္ဍ၌ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါးရှိကြောင်း ရင်နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

J-13