News

POST TYPE

LOCAL

YBS ယာဉ် မတော်တဆဖြစ်ပွားမှု ယခင်နှစ်ထက်မြင့်
31-Jan-2019
ရန်ကုန်၊ ဇန်နဝါရီ ၃၀

YBS ယာဉ်များအနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၁၅၅ မှုဖြစ်ပွားခဲ့ရာ ၂၁၁၇ ခုနှစ်ထက် ၅၃ မှုပိုမိုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

YBS စနစ်စတင်ပြီးနောက် ၂၀၁၇ ခုနှစ်တွင် ယာဉ်မတော်တဆမှု ၁၀၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ပိုများလာရခြင်းမှာ ယာဉ်စီးရေတစ်ထောင်ကျော် ထပ်တိုးပြေးဆွဲခဲ့သောကြောင့်ဖြစ်သည်ဟု YRTA မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ယာဉ်မောင်းတွေကို အရေးယူတဲ့အခါ တိုက်တဲ့အပေါ်မူတည်တယ်။ မောင်းတာ အရှိန်ပြင်းတာ၊ လမ်းကြောင်းလွဲတာတို့ဆိုရင် တစ်ခါတည်းထုတ်တယ်။ ရှေ့လူက မှားလို့ဆိုရင်တော့ ဒဏ်ငွေရိုက်တယ်။ ပြောချင်တာက လုပ်သမျှပြစ်မှုတွေအားလုံး ဆရာတို့ဆီမှာရှိတယ်။ အပြစ်လုပ်လို့ အထုတ်ခံရတဲ့သူကို နောက်ကုမ္ပဏီကလည်း မခန့်ပါဘူး”ဟု ၎င်းကပြောဆို သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အနေနှင့် ၂၀၁၈ ခုနှစ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အစည်းအဝေး ၂၇ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ YBS ယာဉ်များ စတင်ပြေးဆွဲခဲ့စဉ်က တစ်ဦးချင်းနှင့် ကုမ္ပဏီပိုင်ယာဉ်လိုင်းအဖွဲ့ ၂၆ ဖွဲ့ မော်တော်ယာဉ်အစီးရေ ၃၉၅၆ စီးသာရှိခဲ့ရာမှ လက်ရှိတွင် ကုမ္ပဏီ ၁၈ ဖွဲ့၊ တာဝန်ခံယာဉ်လိုင်း ၁၀ ဖွဲ့၊ ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်၌ ယာဉ်စီးရေ ၆၅၅၀ စီးဖြင့် ပြေးဆွဲပေးနေကြောင်း YRTA ထံမှ သိရသည်။ 

J-10