News

POST TYPE

LOCAL

၂၀၁၈ခုနှစ်တွင် YBS ယာဉ်များကို အရေးယူခဲ့သည့်အမှုပေါင်း သုံးသောင်းငါးထောင်ကျော်ရှိ
20-Jan-2019

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သည့် YBS ယာဉ်များကို ၂၀၁၈ ခုနှစ်တွင် ဖမ်းဆီးအရေးယူခဲ့သည့် အမှုပေါင်း သုံးသောင်းငါးထောင်ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှသိရသည်။

အဆိုပါ ၂၀၁၈ ခုနှစ်တွင် ဖမ်းဆီးအရေးယူခဲ့သည့်အမှုများတွင် ခရီးသည်ကို မချေမငံ ဆက်ဆံခြင်း၊ သတ်မှတ် မှတ်တိုင်မှာ မရပ်ခြင်း၊ ယာဉ်စီးခ ပိုတောင်းခြင်း စသည့်အမှုများကို တိုင်ကြားခဲ့သူ ပိုမိုများပြားကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အရှိန်ပြင်းမောင်းတာတွေ၊ ပိုက်ဆံတစ်ရာ ပိုတောင်းတာတွေ၊ အဲယားကွန်းမဖွင့်တာတွေလဲ ရှိသေးတယ်။ အဓိက စည်းကမ်းဖောက်တဲ့အပိုင်းမှာ ပုဂ္ဂလိကယာဉ်လိုင်းတွေ ပိုများပါတယ်။ တိုင်ကြားတဲ့အမှုတွေထဲက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကိုလဲ အရေးယူခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

၂၀၁၈ ခုနှစ်တွင် ဖမ်းဆီးအရေးယူခဲ့သည့် အမှုပေါင်း (၃၅၁၉၀) မှုတွင် YRTA ယာဉ်စည်းကမ်း (၆) ဖွဲ့မှ စစ်ဆေးအရေးယူမှု ၂၁၅၉၄ မှု၊ YRTA နှင့် ယာဉ်ထိန်းပူးပေါင်း (၁၀) ဖွဲ့မှ စစ်ဆေးအရေးယူမှု ၆၅၇၆ မှု၊ ယာဉ်ထိန်းတပ်ဖွဲ့မှ စစ်ဆေးအရေးယူမှု ၇၀၂၀ မှုရှိခဲ့သည်။

J-10