News

POST TYPE

LOCAL

လားရှိုးနည်းပညာတက္ကသိုလ်ရှေ့ ဆန္ဒပြသူကို ဒဏ်ငွေအမိန့်ချ
19-Dec-2018
လားရှိုး၊ ဒီဇင်ဘာ ၁၉

လားရှိုးနည်းပညာတက္ကသိုလ်ရှေ့၌ တစ်ကိုယ်တော်ဆန္ဒပြခဲ့သည့် ကိုစိုင်းကျော်ဇောဟန်ကို လားရှိုးမြို့နယ်တရားရုံးက ယနေ့ (ဒီဇင်ဘာ ၁၉ ရက်)တွင် ဒဏ်ငွေနှစ်သောင်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

တစ်ကိုယ်တော်ဆန္ဒပြခဲ့သည့် စိုင်းကျော်ဇောဟန်ကို ငြိမ်း စု စီ ပုဒ်မ ၁၉ ဖြင့် တရားရုံးသို့ စွဲတင်ခဲ့ခြင်းဖြစ်ပြီး တရားရုံးက ဒဏ်ငွေနှစ်သောင်း ပေးဆောင်ရန်နှင့် ဒဏ်ငွေမဆောင်ပါက ထောင် ၁၅ ရက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“သမဂ္ဂကျောင်းတွေ သပိတ်မှောက်တာကို ဘယ်ကျောင်းကမှ ခွင့်ပြုချက်တောင်းတယ်ဆိုတာမရှိခဲ့လို့ ခွင့်ပြုချက်မတောင်းပါဘူး”ဟု ဆန္ဒထုတ်ဖော်ခဲ့သူ ကိုစိုင်းကျော်ဇောဟန်က ပြောဆိုသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၉ ရက် တရားရုံးတွင် ဒဏ်ငွေပေးဆောင်ခဲ့ရသော်လည်း တောင်းဆိုချက်များ မရမခြင်း ဆက်လက်၍ အစာငတ်ခံ ဆန္ဒပြမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လားရှိုး နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုစိုင်းကျော်ဇောဟန်သည် ဒီဇင်ဘာလ ၁၇ ရက် နံနက်ပိုင်းမှ ညနေအထိ ရုံးခန်းသော့ချိုးဖျက်ခံရပြီး သမဂ္ဂအလံဖြုတ်ချဖျောက်ဖျက်ခံရခြင်းကို ဖြေရှင်းပေးရန် စသည့်အချက်များ အပါအဝင် အချက် ၇ ချက်ပါ တောင်းဆိုချက်များကို ရေးသားထားသည့်စာရွက်ကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

R-07