News

POST TYPE

LOCAL

လွှတ်တော်အမတ်ရှေ့၌ပင် ယောက္ခမဖြစ်သူ ဆွဲကြိုးလုယက်ခံရ
20-Nov-2018

တောင်ငူ၊ နိုဝင်ဘာ ၂၀

တောင်ငူမြို့နယ် အမှတ် ၁၈ ရပ် အိုးကုန်းရွာထိပ် နေအိမ်ရှေ့တွင် မနေ့ည ၉ နာရီခန့်က တိုင်းလွှတ်တော်အမတ် ထိုင်နေစဉ် ၎င်း၏ရှေ့၌ပင် ယောက္ခဖြစ်သူ၏လည်ပင်းမှ ဆွဲကြိုးကို ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးက ရုတ်တရက် ဝင်ရောက်လုယက်ခဲ့ကြောင်း အဆိုပါလွှတ်တော်အမတ် ဦးမိုးမခက ပြောကြားသည်။

“သမီးနှစ်ယောက်နဲ့ ကျွန်တော်က အိမ်ရှေ့မှာ ထိုင်နေကြတာ။ ယောက္ခမက အိမ်ရှေ့မှာ လမ်းလျှောက်နေချိန် ဆိုင်ကယ်နဲ့ လူတစ်ယောက်က လည်ပင်းက ဆွဲကြိုးကို ဝင်လုပြေးတာ။ ဆွဲကြိုးက ပျက်ကျပြီး ကျန်ခဲ့ပါတယ်။ လုတဲ့သူက အိုးကုန်းဘက် ထွက်ပြေးသွားတယ်”ဟု လွှတ်တော်အမတ် ဦးမိုးမခက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ငူမြို့မရဲစခန်းသို့ အသိပေး အကြောင်းကြားထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ တောင်ငူတွင်မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲနှင့် တောင်ငူ ကေတုမတီမြို့တည်နန်းတည် ၅၀၈ နှစ်ပြည့်ပွဲကျင်းပရန် တစ်ရက်အလိုကတည်းက ရဲအင်​အားအပြည်​ဖြင့် လုံခြုံ​ရေးများ ဆောင်​ရွက်​​နေချိန်​လည်းဖြစ်သည်။

R-15