News

POST TYPE

LOCAL

မင်းဘူးတွင် NLD မဲအပြတ်အသတ်ဖြင့် အနိုင်ရ
04-Nov-2018

မင်းဘူး၊ နိုဝင်ဘာ ၎

မကွေးတိုင်းဒေသကြီးလွတ်တော် မင်းဘူးမဲဆန္ဒနယ် အမှတ် (၂) အတွက် ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုယ်စားလှယ်လောင်း ဦးကျော်ငွေက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စာလှယ်လောင်းကို မဲတစ်သောင်းကျော်အသာဖြင့် အပြတ်အသတ်ဖြင့် အနိုင်ရရှိလိုက်သည်။

မင်းဘူး မဲဆန္ဒနယ် အမှတ် (၂) အတွက်လာရောက် မဲပေးသူ ၃၇၁၂၉ ဦးတွင် NlD ပါတီမှ ဦးကျော်ငွေက ၂၁၂၄၄ မဲ၊ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးစိန်ရွှေမင်းက ၁၁၀၈၃ မဲ၊တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးသိန်းထက်ဝေက ၃၈၇၈ မဲနှင့် ကျန်ကိုယ်စားလှယ်လောင်း ၂ ဦးမှာ ခိုင်လုံမဲ ၁၀၀၀ အောက်ရရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပေါင်း ၆၈၄၁၄ ဦးရှိရာတွင် လူဦးရေ ၃၇၇၃၁ ဦးကသာ မဲပေးကြသဖြင့် မဲပေးခွင့်ရှိသူများ၏ ၅၅.၁၅ ရာခိုင်နှုန်းကသာ မဲပေးခဲ့ပြီး ပယ်မဲ ၆၀၁ ရှိကြောင်း မကွေးခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးထံမှ သိရသည်။

အမျိုးသားဒီမိုရေစီအဖွဲချုပ်က ပြိုင်ဖက်ပါတီနှစ်ခုနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးကို မဲအပြတ်အသတ်ဖြင့်အနိုင်ရရှိခဲ့သော်လည်း မဲပေးခွင့်ရှိသူ ထက်ဝက်ခန့်ကျဆင်းခဲ့သဖြင့် ပြည်သူများအနေနှင့် နိုင်ငံရေးအသိနည်းပါးနေသေးကြောင်း မင်းဘူးခရိုင်ကော်မရှင်ဥက္ကဌ ဦးမြင့်ကျော်က ဆိုသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုယှဉ်ပြိုင်တဲ့ ဦးကျော်ငွေအနိုင်ရရှိတာကို အတည်ပြုပေးလိုက်ပါပြီ။ အခုရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူတစ်ဝက်လောက်က မဲလာမပေးကြဘူး၊ အခြားဒေသတွေမှာ အလုပ်သွားရောက်လုပ်ကိုင်နေကြလို့ မဲလာမပေးနိုင်တာရှိသလို၊ ပြည်သူတွေအနေနဲ့ နိုင်ငံရေးအသိ နည်းနေတာလည်းပါပါတယ်”ဟု ယင်းက ပြောဆိုသည်။

အဆိုပါကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားညီညွတ်တိုးတက်သောပါတီနှင့် တစ်သီးပုဂ္ဂလပါတီ ၂ ခုမှ လွှတ်တော်ကိုယ်စားလှယ် ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

R-23