News

POST TYPE

LOCAL

အုတ်တွင်း၌ NLD အနိုင်ရ
04-Nov-2018



တောင်ငူ၊နိုဝင်ဘာ ၎

ပဲခူးတိုင်းဒေသကြီးလွတ်တော် အုတ်တွင်းမဲဆန္ဒနယ် အမှတ် (၁) အတွက်ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျက အနိုင်ရရှိခဲ့သည်။

“အုတ်တွင်းမှာ ကန့်ကွက်မှုတွေဘာတွေမရှိဘူး။ NLD ကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျက မဲအသာ ၄၇၀၀ ကျော်နဲ့အနိုင်ရတယ်ဟု အုတ်တွင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်ဝင်းက ပြောကြားသည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၉၀၀၀ ကျော်အနက် သုံးသောင်းကျော် လာရောက်ဆန္ဒမဲပေးခဲ့ကြရာတွင်NlD ပါတီမှ ဦးကျော်ဇေယျ ၁၃၀၀၉ မဲ၊ USDP ပါတီ ဦးဝင်းမြင့် ၇၈၈၆ မဲ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးသန်းဝင်း ၄၃၄၄ မဲနှင့် ကျန်ပါတီ ၅ ခုမှာခိုင်လုံမဲ အရေအတွက် ၁၀၀၀ အောက်သာ ရရှိခဲ့ကြာင်း အုတ်တွင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်အရ သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်းရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့အပြင် မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ အလုပ်သမားပါတီ၊ အမျိုးသားတိုးတက်ရေးပါတီနှင့် တစ်သီးပုဂ္ဂလတစ်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

R-15